မရွှေဖဲ ခုတလော စိတ်မပါတာနဲ့ ဘလော့မရေးဖြစ်
ဒီတော့ မိတ်ဆွေအပေါင်းလည်း မျက်စိနောက်သက်သာ
မရေးပဲနေရင်လည်း တန်းလန်းကြီးဖြစ်မစိုးလို့  ကိုယ့်ဒိုင်ယာယီကိုယ့်ဖာသာ အဆုံးသပ်ရမှာမလို့ 
ကဲ မိတ်ဆွေတို့ ရေ
မျက်စိနောက်ဖို့ သာပြင်ပေရော့
မရွှေဖဲရဲ့  မိတ်ဟောင်းဆွေဟောင်းကြီး တနည်းအားဖြင့် အားကိုးအားထားရာကြီး
ရွှေမန္တလေးရဲ့  ဘူတာကြီး
မရွှေဖဲကျောင်းတက်တုန်းက အိမ်ပြန်တော့မယ်ဟေ့ဆိုရင် ဒီဘူတာကြီးဆီပြေးရတာပဲနောက်ပိုင်း အဆင့်မြင့်မှန်လုံကားတွေပေါ်မှ သူနဲ့ အလှမ်းဝေးသွားတာ
ဘူတာကြီးနားက ထိုးမုန့် လမုန့် ဆိုင်တွေ လက်ဖက်ပဲကြော်ဆိုင်တွေ အရင်က ဒါမျိုးမဟုတ်ဘူး အခု တိုက်တန်းတွေဘာတွေနဲ့ အဆင်မြင့်သွားတာ နာမည်ကြီးဆိုင်မျိုးစုံအကုန်ရှိတယ် ရီမွန်လက်ဖက်ပဲကြော်လည်းရှိတယ် ပုံထဲ မပါသွားလို့ 
မရွှေဖဲတို့ အမြည်းသွားမစားဖူးလားလို့  မမေးပါနဲ့ တော့ သွားစားတာပေါ့ သွားတာပေါ့
အဲ သွားဝယ်တာပေါ့ ၀ယ်တာပေါ့ပြောတာ ဟီးဟီး
အမြည်းကတော့ ရှေးယခင်ကနေ ယနေ့ ခေတ်အထိမပြောင်းမလဲ ပေါပေါလောလောကြီးကိုချကျွေးတုန်း
ငယ်တုန်းက ထိုးမုန့် ဆိုင်ဝင်ရင် သိပ်ပျော်တာပဲ အမြည်းတွေစားရလို့ 
အခုကြီးတော့ အချိုသိပ်မကြိုက်တော့သလိုဖြစ်ပီး သိပ်မစားဖြစ်ဘူး ပူတင်းလေးတို့ ကျောက်ကျောလေးတို့ ပဲကောက်စားဖြစ်တော့တယ်
ထိုးမုန့် လမုန် ဧလမုန့်  မာစကတ် သီးစုံထိုးမုန့်  အို မျိုးကိုစုံနေတာပဲ ခေါ်တတ်တော့ဘူး
စားလို့ ကောင်းတာမှန်သမျှ လက်ဆောင်ပေးရအောင်ဝယ်လာတာပဲ
မရွှေဖဲ ငယ်ငယ်ကတည်းကနေ အခုထိအကြိုက်မပြောင်းတာတော့ အဲ့ နီနီအထုတ်ကလေးတွေထဲက ဧလမုန့် ဆိုတဲ့ဝိုင်းဝိုင်းအပြားလေး အဲ့ဒဟာလေးများစားလိုက်ရင် ရင်ထဲကိုအေးသွားသလိုခံစားရတယ် နာမည်နဲ့ လည်းလိုက်တယ်
ထိုးမုန့်  သီးစုံကျောက်ကျော ဒီဖက်က အမှုန်ကလေးတွေဖြူထားတာ မေ့သွားပီ
အပေါ်အမြည်းပေးတာ နည်းနည်းကောက်စား
ဝယ်တာက မေမေ, ရွှေဖဲနဲ့ ရွှေကဲက အမြည်းကောက်စားသမားတွေ
ထိုးမုန့်  ပူတင်း ကြိုက်တာသာ ဗန်းလိုက်ကြီးမသွားပါတော့
ရွှေဖဲတို့ တော့ အမြည်းစားပီးတာနဲ့  ဘာမှထပ်မစားနိုင်တော့ပါဘူး
ဟမ်
ဒါတောင် ခုလေးတင် ဗိုက်ပေါက်အောင်စားလာတာ အမြည်းကောက်စားခဲ့သေးတယ်ဟုတ်လားလို့ မေးရင်
နည်းနည်းလေးပါဗျာလို့ ပြန်ဖြေလိုက်မှာပဲ
ကဲ ရွှေဖဲတို့ ဝယ်ချင်တာဝယ်ပီးပီ တောင်မြို့ ကရွှေဖဲ ရွှေသဲ သယ်ချင်းကြီးလိုက်ပတ်ရှာဝယ်ပေးတဲ့
မန်းတလေးရဲ့  ရိုးရာအစားအစာ ကြိတ်မုန့် နဲ့  မုန့် ပဲဆုပ်လည်း ရပီ (ကျေးဇူးအထူးပါသယ်ချင်း)
ဘယ်သူဘာပြောပြော ရွှေဖဲအဖို့ တော့ အဲ့မုန့် ၂မျိုးမြင်တာနဲ့ ကို မန်းတလေးလာရတာတန်တယ်လို့ 
ကြိတ်မုန့်  (ဆန်နဲ့ လုပ်တဲ့ မုန့် ပြားပြားသေးသေးလေးထဲကို မြေပဲဆန်ထောင်း ကြက်သွန်နီဆီချက်ကလေးဖြူးပီးစားရတာ) အရသာလား ဆိမ့်ဆိမ့်ကလေးပဲ ထူးပီး အရသာမရှိဘူး ဒါပေမယ့် မရွှေဖဲတို့ က အဲ့လိုအစားအစားမျိုးသူမတူအောင်ကြိုက်တာ
ဒီပုံက ကားပေါ်မှာ ဂလောက်စားထားတဲ့ကြားက မနေနိုင်လို့ မြည်းဖို့ ဖွင့်တုန်းရိုက်တာဆိုတော့ ကားအလှုပ်နဲ့ ဝါးတားတားဖြစ်သွားတယ်
တကယ့်တိတိကျကျပုံသိချင်ရင် မန်းလေးသားဖြစ်တဲ့ ကိုထွန်းထွန်းအောင် ဘလော့ကအစားသောက်ပုံတွေမှာရှာကြည့် ပန်းကန်ကြီးနဲ့  အပြည့်တင်ထားတယ် လှမှလှ
မုန့် ပဲဆုပ်လို့ ခေါ်တယ် ပဲနီနဲ့ ဆန်နဲ့ လုပ်တာ ပဲဆီကလေးဆမ်း မြေပဲထောင်းကလေးဖြူးစား
အရသာက ဆိမ့်မွှေးလေး ဘာနဲ့ ဆင်သလဲဆို ရန်ကုန်က မုန့် ဗိုင်းတောင့်အညိုရောင်လိုမျိုး
ဒါမယ့် စိတ်ထဲ မုန့် ဗိုင်းတောင့်ထက်ပိုစားကောင်းတယ်ထင်တယ်
လုပ်နည်းကို မရွှေဖဲရဲ့  ဟိုးအရင်ဘလော့တွေမှာ သေချာရေးတင်ထားတယ် မခက်ဘူး လုပ်ရလွယ်တယ်
http://33poepoe.blogspot.sg/2011/07/blog-post_10.html အဲ့မှာရေးထားတယ် တကယ်လုပ်တာ ပဲကတ္တှီပါလို့ ခေါ်တဲ့ ပဲနီပြားနဲ့ လုပ်တာများတယ် ရွှေဖဲက အလွယ်အနီရောင်ရှိတဲ့ပဲနဲ့ လုပ်တာ
စားကောင်းတာတော့ တူတူပဲ
ကဲ အစားသောက်အကြောင်းပြောတာများသွားပီ ခရီးဆက်စို့ 
ကျောက်ဆည်မြို့ အ၀င်က နာမည်ကျော် ရွှေသိမ်တော်ဘုရားကိုဝင်ဖူးတယ်
ရွှေသိမ်တော်ဘုရားက ဆုတောင်းပြည့်တယ် အဓိဌာန်ဝင်တဲ့သူတွေများတယ်
ဒါတောင် ရွှေဖဲတို့ က အစားသာငမ်းနေတော့ ဘုရားတန်ခိုးကြီးတာတောင် သွားမဖူးဖြစ်ဘူး ကျောင်းတုန်းကပြောပါတယ်
အခုတော့ တကူးတကလာတဲ့ခရီး ရောက်အောင်သွားဖူးမယ်ဆိုပီး ၀င်ကြပါတယ်
အဓိဌာန်ဝင်တဲ့သူတွေ အောင်တဲ့သူတွေ ပူဇော်ထိုးတားတဲ့ပွဲတွေဆိုတာ များကြီးပဲ
ရွှေသဲကတော့ ဘုရားကို အရင်ကျောင်းတက်ကတည်းကရောက်တယ် အခုလည်း သူ့ အဓိဌာန်အတွက် ပွဲတွေဘာတွေပူဇော်ပေါ့
ရွှေသိမ်တော်ဘုရား
ဘုရားကိုပူဇော်ထားတဲ့ နောက်ကမီးအလင်းတွေကြောင့်ကော ကိုယ့်ကင်မရာမကောင်းတာကြောင့်ပါ ဘုရားပုံကကြည်ကြည်လင်လင်မဖြစ်သွားဘူး
ဒါပေမယ့် မိတ်ဆွေများဖူးလို့ ရအောင် တင်ပေးထားတာ
ရွှေဖဲတို့ တတွေ ပန်းကပ် ဘုရားကန်တော့ ပူဇော်ပီးသကာလ မိုးလည်းအတော်ချုပ်ပီး အိမ်ပြန်ခရီးဆက်
အိမ်ရောက်တော့ ရွှေဖဲတို့ မြို့ ကလေးရဲ့  တချိန်ကနာမည်ကျော် ခေါက်ဆွဲကြော်ကို အတင်းဝယ်ကျွေး
မစားဘူးလားလို့ မမေးပါနဲ့  ဘယ်နှယ့်ဧည့်သည်လုပ်တာ အားနာပါနာနဲ့ ထပ်စားရတာပေါ့ ရွှေဖဲတို့ ဗိုက်တွေ ဖောင်းဆိုပီးပေါက်မကုန်တာကံကောင်း ဟီးဟီး
ရွှေဖဲတို့ တတွေ အတည်တကျသပ်သပ်ရပ်ရပ်ကလေးနေဖို့ ဖခင်ကြီးလုပ်အားနဲ့ ဆောက်ထားတဲ့အိမ်အပေါ်ထပ်ကနေ အိမ်ရှေ့ မြင်ကွင်း အရင်ဆိုခြံထဲမှာ ဒန့် ဒလွန်ပင်အကြီးကြီးရှိတယ် အခုက အဲ့အပင်ကြီးအိုလို့ နောက်အပင်သစ်တွေ သီးပင်စားပင် အလှစိုက်ပင် အစုံရှိတယ်
ကိုယ်တိုင်လည်းပြန်မနေနိုင်တော့ ဒီလိုပဲ အမျိုးတွေစောင့်ရှောက် အိမ်ငှားခဏလောက်တင်လိုက်နဲ့ 
ပြုစုမယ့်သူမရှိတော့ အပင်တွေလည်း မရှိသလောက်ဖြစ် ခြံနောက်လည်းအကျယ်ကြီး အုန်းပင်တွေဆိုအိမ်ပတ်လည်များကြီးပဲ မေမေက အပင်စိုက်သိပ်ဝါသနာပါတာ
အိမ်ရှေ့ တဖက်က ရေတုံကင်
အရင်အဲ့ရှေ့ မှာ မန်ကျည်းပင်ကြီးရှိတယ် အုန်းပင် သရက်ပင်တွေရှိတယ် အလှစိုက်ပင်တွေရှိတယ်
မန်ကျည်းရွက်များဘယ်တော့မှအပြင်က၀ယ်မစားရဘူး ကိုယ့်အပင်ကကိုယ်
သူ့ ရာသီဆို တချို့ ကလေးတွေလူကြီးတွေက အပင်ကနေ မန်ကျည်းရွက်ခူးပါရစေဆိုပီးခွင့်တောင်းတယ်
သိပ်ငယ်ရင်မေမေက ခွင့်မပြုဘူး မတော်လိမ့်ကျကျိုးပဲ့မစိုးလို့ 
သူတို့ ကခူးပီး ရောင်းတာလေ ပိုင်ရှင်အတွက် တနပ်စာတော့ပေးခဲ့တာပေါ့
ဒါအရင်က နယ်ကလူတွေထုံးစံ ရှင်း၂ပြောရရင် တောထုံးစံပေါ့အေတို့ ရယ်
ရွှေဖဲတို့ ရှိတုန်းကတော့ ဖခင်ကြီးက ရေတင်စက်ထားပေးထားတယ် လက်နဲ့ နှိပ်စရာမလိုဘူး
အိမ်ထဲမှာလည်းရေချိုးခန်းလုပ်ပေးထားတယ် အပြင်က အ၀တ်လျှော်လောက်ပဲသုံးတာများတယ်
မွေးထားတာက သမီးတွေကြီးပဲကိုး ဒီတော့ လုံခြုံအောင်ထားမှ တော်ယုံကျတာမလား :P
ကဲမနက်စောစောထပီး မနက်စာစား
ဆွေမျိုးမိတ်ဆွေတွေကို ကန်တော့နှုတ်ဆက်ပီးသကာလ ရွှေဖဲတို့ ခရီးဆက်ကြတယ်
စမုံတံတားနဲ့ စမုံချောင်း
မောင်ညီမလေးတို့ ရေ ဟိုးရှေးရှေး အနော်ရထာမင်းကြီးလက်ထက်က အိပ်မက် မြင်မက်သတဲ့
အိပ်မက်ထဲမှာ မြွေကြီး၃ကောင်ကို ဘုရင်ကြီးက သံလျှက်နဲ့ ပိုင်းတဲ့အခါ တကောင်ကတော့ လွှတ်ထွက်သွားသတဲ့ကွယ်
အဲ့တကောင်က ဒါကြီးပေါ့ကွယ်လို့ များပြောရင် ၀ိုင်းဆဲကြမှာပဲ ဟဲဟဲ
တကယ်က အနော်ရထာမင်းကြီးမက်တယ်ဆိုတဲ့ မြွေကြီးဆိုတာ အတိတ်ကောက်တော့ မြစ်တွေကိုဆိုလိုတာ သံလျှက်နဲ့ ပိုင်းလို့ ရတယ်ဆိုတာ ဆည်တွေဘာတွေဆောက်တာကိုပြောချင်တာ
လွှတ်ထွက်သွားတယ်ဆိုတဲ့မြွေက စမုံချောင်းကိုရည်ရွယ်တာ ဆိုလိုတာက ဆည်တွေဘာတွေဆောက်မရဘူးပေါ့ အဲ့ခေတ်က
နောက်ခေတ်ကျတော့ ဆောက်ကျတယ် ဒါပေမယ့် တခုခုဖြစ်ကြတာပဲ အမှတ်မမှားရင် တော်တော်ကြီးကြီးကျယ်ကျယ်ကိတ်စဖြစ်ခဲ့ဖူးတယ်ထင်တယ် (မေ့သွားပီ) လူကြီးသူမများမေးပီး ပြန်ပြောပြမယ် အခုတော့ ဘွာတေးပေါ့ ကလေးတို့ ရယ် ဟိဟိ
(ဆရာမှားတော့ ဘွာတေး တပည့်မှားရင် ဗြောတီးနော် ဟင်းဟင်း ကြိုပြောထားရတာ နောက်မေးရင် ဘွာတေးပြောမစိုးလို့ )
ကြံတိုင်းအောင် ဆောင်တိုင်းမြောက်မယ့် ချည်ချောလုံခြည်
လုံချည်ဘာညာဆို တောင်မြို့ ကကြီးထွက်တယ်လို့ မထင်ပါနဲ့ 
ဝမ်းတွင်းမြို့ မှာလည်းထွက်ပါတယ် အမှတ်မမှားရင် မင်းကြီးကြိုက်တို့  ဘာတို့ ညာတို့ ပေါ့
လမ်းတလျှောက်ရွာလေးတွေက ငါးရက်တဈေးတို့ ဘာတို့ 
မြို့ တွေမှာလို နေ့ တိုင်းမနက် ညနေဈေးမရှိဘူး
ငါးရက်တပတ်တို့  ၇ရက်တပါတ်တို့ ဈေးပဲရှိတယ် အဲ့ဒါတောင် မနက်ပိုင်းပဲ ရွာနီးချုပ်စပ်က ဈေးသည်တွေ မြို့ လေးတွေက ဈေးသည်တွေလာရောင်းကျ ၀ယ်ကျတဲ့ဈေးလေးတွေ
တောဈေးလေးတွေပေါ့ မြို့ ကြီးသူ မြို့ ကြီးသားများ မသိမစိုးလို့  ဗဟုသုတတင်ပေးတာ
ဒါဆို ကျန်တဲ့နေ့ ဘာနဲ့ သွားစားလည်းမမေးနဲ့ နော်
တောအရပ်ပါဆို ဆန်ဆီ ငရုပ် ကြက်သွန် အသီးအရွက်က ဒေသထွက်တွေ ကျန်တဲ့ ငါးပိ ငံပြာရည် ငါးခြောက်ဘာညာတို့ ကို ဒီလိုဈေးနေ့ ဝယ်ထား ကျန်တဲ့နေ့  ဒီလိုပဲ ရပ်ကွက်ထဲရောင်းတဲ့ ကုန်စုံဆိုင်လေးတွေကနေ ၀ယ်စားကြတာ အသားငါးကတော့ ဒီလိုဈေးရက်နဲ့  တောရွာကလေးတွေမှာ တချို့အိမ်တွေမှာ ပေါ်တဲ့အသားဝယ်စားကြတာပဲ အသားဟင်းလည်းနေ့ တိုင်းချက်မနေကြဘူး (အရင်တုန်းက ပြောပါတယ်) ခုတော့ နေ့ တိုင်းချက်ရင်လည်းချက်ကြမှာပေါ့
ကဲ ဟိုလိန်ပျံကြီးရပ်ထားတဲ့နေရာက ရှမ်းတဲ တဲ့
ကဲ မောင်ညီမလေးတို့ ရေ အခုမရွှေဖဲရောက်နေတဲ့မြို့ လေးက ဘာမြို့ လေးလဲကွယ်
ပဟေလိကို အဖြေညှိရင်း ဒီခရီးဒီမှာတင် တခန်းရပ်လို့ 
မိတ်ဆွေအားလုံးပျော်ရွှင်ကျန်းမာပါစေလို့ ဆုတောင်းရင်း
နောက်ဆက်မယ့်ခရီးကို နောက်တနေ့ မှာ ဆက်ပီး မျက်စိနောက်စို့ လားကွယ်
နင် ရောက်ခဲ့တာ ကျော်ဆယ် ၀မ်းတွင်း တောင်ကြီး မြိုးလေ.... ဘယ်မြို့ကို မေးတာလဲ.... ကွန်မန့်ကလဲ ဇော်ဂျီ အမှန်မပေါ်ဘူး... ရေးရတာ မမိုက်ဘူး....
ReplyDeleteOnly after submit then can view correct font... while writing in the box. it is not showing correctly... :(
ReplyDeleteဒါနဲ့ နင်ံ link တွေကလဲ ကလစ်လုပ်လို့လဲမရပါလား... ကထထအ ဘလော့ကို ကြော်ငြာဝင်ပေးထားသေးတယ်... သူ့ဆီက ကြော်ငြာခတောင်းလိုက်...
ReplyDeleteငါက ကျောက်ဆယ် ၀မ်းတွင်း တောင်ကြီးကနေ ပြန်ခဲ့ပီလေအေ ဟိုတလောက တအားဟော့ဖြစ်သွားတဲ့မြို့ ပါဆို
ReplyDeleteအေး ငါ့လင့်က ဘာလို့ ကလစ်မရသလဲမသိဘူး
ကထထအလား ငါ့ကိုကြော်ငြာခပေးဖို့ နေနေသာသာ သူ့ မွေးနေ့ တောင်မကျွေးဘူး :P
စားလိုက်ကြတာ အကောင်းစားတွေ အများကြီးပဲ ... ရုံးမှာ ဘီစကစ် စားရင်းနဲ့ ဖတ်မိပြီး သွားရည်ကျနေပြီ။
ReplyDeleteမချို
မချိုရေ လာလည်လို့ ကျေးဇူးနော် နက်ဖြန်တင်မယ့်ပို့ က ပိုပီးသွားရည်ကျမှာ ဟီးဟီး
ReplyDeleteညကလာဖတ်တယ် အရမ်းအိပ်ချင်နေတာ ပြူးပြဲပြီးဇွတ်ရအောင်ဖတ်သွားပေမဲ့မမန့် နိုင်ခဲ့ဘူး။
ReplyDeleteခုမှသေသေချာချာပြန်လာဖတ်တာ။ ပို့ စ်အသစ်တွေ့ တယ်။ သစ္စာရှိတယ်။ ဒါဖတ်ပြီးမှသွားဖတ်မှာ။း)
မင်္ဂလာပါဆရာမ။ နောက်သင်ခန်းစာသွားတက်တော့မယ်နော်။
အိုင်အိုရာ
ချစ်ဖို့ ကောင်းတဲ့ အိုင်အိုရာ <3 နောက်သင်ခန်းစာမှာ ရှေ့ က ဒုတ်ဒုတ်နဲ့ ရိုက်တာများလို့  ဒီတခါ စားစရာတွေနဲ့ ပြန်ချော့ထားတယ်နော်
ReplyDelete