Friday, September 13, 2013
ခရီးစဉ် ၁ မြန်မာ့ပထ၀ီ ပြန်လည်လေ့လာခြင်း အပိုင်း ( ၁၃ )
ပထ၀ီပြန်လည်လေ့လာခြင်းလုပ်ယုံတင်မကဘူး 
မရွှေဖဲ မေးဖြေအစီအစဉ်အလုပ်ကောင်းတာ ကလေးတွေ လန့် ပြေးကုန်ပီ
အဖြေကို မေးခွန်းရဲ့  ဟိုး အောက်နားမှာ ပေးထားတာပါ မလန့် ကြပါနဲ့  ဟဲဟဲ
ကဲ  စာမရတဲ့ကလေးတွေ ရိုက်လို့ လည်းပီး ချာမလည်း ငိုက်လို့ လည်းဝကရော ဟော ရောက်ပါပီ
ကြီးပြင်းခဲ့တဲ့မြို့ ကလေး
(မရောက်တာဆို အနှစ် ၂၀နီးပါးလို့ တောင် ပြောရမယ်)
ဒီမြို့ ကလေးမှာ မွေးတာမဟုတ် ဒီမြို့ ဇာတိမဟုတ်ပေမယ့် ဒီမြို့ ကလေးမှာ ကြီးပြင်းခဲ့တယ်
ဖခင်ကြီးက အစိုးရ၀န်ထမ်း နယ်တကာလှည့်သွားနေရတာဆိုတော့ သားသမီးတွေပညာရေး ဟိုပြောင်းဒီပြောင်းမဖြစ်ရအောင် သေချာစီစဉ်ပီး အခြေချပေးခဲ့တဲ့နေရာလေးတခုရှိရာမြို့ 
ရုန်းကန်လှုပ်ရှား ပညာသင်ခဲ့ရာမြို့ 
ဘယ်နားလဲလို့ မေးရင် စာဖတ်နေတဲ့လူကြီးဇာတိမြို့ နဲ့  ဟိုတလောကရွှေဆိုင်အကြောင်းပြု အဓိကရုန်းဖြစ်သွားတဲ့ မြို့ ကြီးကြားက ကားလမ်းမပေါ်မှာရှိတယ်
ဟိုးအရင်တုန်းက ထမင်းသုတ်သိပ်ကောင်းတယ်ဆိုပီး ကားလမ်းခရီးသည်တွေကြား နာမည်တခုရခဲ့တဲ့မြို့ 
ဒေါသကုမ္မာရ မင်းသမီးကြီးဖြစ်တဲ့မရွှေဖဲ စိတ်ကလေးငြိမ်သွားအောင် ငယ်တုန်းက သီလရှင်ဝတ်ပေးခဲ့တဲ့ဘုန်းကြီးကျောင်းရှိတယ်
ဒီဘုန်းကြီးကျောင်းထဲက ဘုရားစေတီကြီးရဲ့  စိန်ဖူးတော်ကို အလုံပိတ်ထားတဲ့ ကျောင်းတိုက်ထဲက ရေခွက်ထဲမှာ ဖူးရတယ် ထူးဆန်းတယ်လို့ တော့ထင်မိတယ်
အပေါ်က ဘုရားကြီးကျောင်းနဲ့ ကပ်ရက်က ဟောဒီက အထက်တန်းကျောင်းထဲမှာ တတန်းပီးတတန်း ပညာသင်ခဲ့တယ် မိုးတွင်းဆို ကျောင်းရှေ့ က ကြီးမားလှတဲ့ ကုက္ကိုပင်အောက်က မြက်ခင်းစိမ်း၂ပေါ်က ဖားလောင်းလေးတွေကို သူငယ်ချင်းတယောက်နဲ့ အတူတူ ချစ်လို့ ဆိုပီး ကွန်ပါဗူးထဲထည့်ပီး သိမ်းထားဖူးခဲ့တယ်
စည်းကမ်းကြီးတဲ့ မေမေ့အစီအမံနဲ့  ကျောင်းမုန့် စားဆင်းချိန်မှာ မေမေအိမ်ကစီစဉ်လာတဲ့မုန့် ကိုစားပီး သူများတွေ ကျောင်းဈေးတန်းက၀ယ်စားတဲ့မုန့် ကို မျှော်ငေးဖူးခဲ့တယ်
အတန်းတွေ တတန်းပီးတတန်းတက်တိုင်း ဆုတွေရခဲ့ဖူးတယ် (အခုကျတော့ အဲ့ဒါတွေက အိပ်မက်တွေလိုပဲ)
အခုလော၂လတ်၂တော့ တုံးလိုက် ထုံလိုက် ပိန်းလိုက်တာဆိုတာ No Two
အတန်းကြီးသည်ထိ စင်ကြယ်ဖိနပ်စီးပီး ပဲများခွင့်မပေးပဲ စစ်သားကေလိုပုံစံမျိုးနဲ့ ကျောင်းတက်ခဲ့ရဖူးတယ်
မေမေနဲ့ အတူတူ မောင်နှမတတွေ အဆူခံ အငေါက်ခံ အခေါက်ခံ အလိမ်ဆွဲခံပီး ဘ၀ကို ရုန်းကန်ခဲ့ဖူးတယ်
ဖခင်ကြီးက အလုပ်ကနေ တခါတလေမှ ပြန်လာတဲ့အချိန်ဆို အရမ်းပျော်ရွှင်ခဲ့ဖူးတယ်
တော်မှ တော်မှ မဆိုင်တာတွေပြောရင်း ကိုယ့်ဘ၀ဇာတ်ကြောင်းဆိုပီး လမ်းလွဲသွားဦးမယ် :P
မြို့ ပေါက်စလေးထဲက ရွာလယ်လမ်း
အဲ့ဒီ့မြို့ ကလေးထဲကနေ ကိုယ်ကလွဲလို ကျန်တဲ့သူတွေတော်၂များ အကောင်ကြီး၂ လူရာဝင် လူချမ်းသာတွေဖြစ်သွားခဲ့တယ်
လယ်တွင်းကိုးခရိုင်ထဲမှာ ပါတဲ့ဒီမြို့ ကလေးမှာ သမိုင်းထဲက နာမည်ကျော်ဘုရင်ကြီး တည်ထားခဲ့တဲ့ ဘုရားတွေ ဆည်တွေရှိတယ်
အဲ့မြို့ ကလေးကို ၁၀ကျော်သက်အရွယ်မှာ စွန့် ခွာပီး ရန်ကုန်ရွှေမြို့ တော်ကိုရောက်လာတဲ့ အညာသူမတယောက်ဟာဆိုရင်ဖြင့် အခုစာရေးတဲ့မရွှေဖဲပဲ
အမျိုးအရင်းတချို့ အဲ့မြို့ ကလေးမှာ အခုထိကျန်ခဲ့သလို ရပ်ဆွေရပ်မျိုးများစွာလည်း အခုချိန်ထိ အရင်လိုရှိနေတုန်းပဲ ရောက်တော့ ရေမိုးချိုးနား ထမင်းစား
ထမင်းပွဲကတော့ ရှယ်တကာ့ရှယ်ပဲ ဒါပေမယ့် ဓါတ်ပုံဘယ်မှာထားမိမှန်းမသိဘူးနောက်မှပြန်ရှာထည့်မယ်
အတန်တန်တားတဲ့ကြားက  အအေးမိမခံတဲ့ ပေါက်စနမရွှေကဲတယောက်ရေအချိုးကောင်းတာ ချက်ချင်းကောက်ခါငင်ကာဖျားပါေ၇ာလား 
ဒါနဲ့  ငယ်သူငယ်ချင်းဆရာဝန်ဆေးခန်းသွား ကိုယ်က သူ့ ကို ဘယ်လိုမှ ငယ်ပုံဖမ်းမမိ
ကိုယ့်ပုံကြီးကတော့ ခွေးချီသွားတောင်မှတ်မိလွယ်တဲ့ရုပ် မြင်တာနဲ့ ဟဲ နင် ရွှေဖဲမလားတန်းမေးခံရတယ်
သူကလည်း စင်ကာပူကို ပညာလာသင်ဖူးထားတော့ တွေ့ တာနဲ့ တန်းမေးတာ စင်ကာပူကု ကုပေးရမလား မြန်မာကု ကုပေးရမလားတဲ့ (စင်ကာပူကုဆို ဆေးမထိုးဘူး ဆေးပဲပေးတာများတာကို မြန်မာကုကတော့ လာထား အာဘွားတော့မဟုတ်ဘူး အပ်ကြီးနဲ့ တခါတည်းထိုးပလိုက်တာပဲ ဟဲဟဲ အရင်ကပါ အခုတော့မသိဘူး) ဒါနဲ့  ကိုယ်က စင်ကာပူနေဦးမယ့်သူဆိုတော့ စင်ကာပူကုပဲကုပေးပါပေါ့ ပြီးတာနဲ့ 
အနော်ရထာဘုရင်တည်ထားခဲ့တဲ့ နာမည်ကျော် တောက်ပရစ် ဘုရား မှာ (တချို့ လည်းပြောကြတယ် ကောက်ပါရစ်ကနေပြောင်းလာတာဆိုပဲ)
ပန်းကပ် ဘုရားဖူး ဆုတောင်း
ပါးစပ်ရာဇ၀င်အရ အနော်ရထာဘုရင်ဟာ အငြိမ်နေတဲ့ဘုရင်မဟုတ်ဘူးလေ ဒီတော့ လျှောက်သွား သွားတဲ့အရပ် ဘုရားတည် ဆည်တည်တာပဲကိုး အခုဒီအရပ်ရောက်တော့ ဘုရင်ပေါင်းထားတဲ့ ဦးပေါင်းရစ်တော် ပြုတ်ကျဆိုပဲ အဲ့မှာ ကောက်ပီး ပြန်ပတ်ရစ်လိုက်တာကနေ ဒီနာမည်တွင်လာတာလို့ လည်း ကြားဖူးနားဝရှိတဲ့တာပဲ (သိတဲ့သူများ မဟုတ်ဘူးဆိုရင် ပြင်သာသွားကြတော့) ရွှေဖဲတို့ က အရွှီးကောင်းတယ် :P
အပြင်ကနေကြည့်ရင် ဘုရားစေတီကိုမဖူးရဘူး အပေါ်ပုံက ဘုရားလေးနောက်က အဆောက်အဦးထဲမှာမှာ ဒီဘုရားကို ဖူးရတာ ဒါတောင် အတော်ကြီးမှ ဒီစေတီရှိမှန်းသိတာ 
တန်းခိုးကြီးတယ် ဆုတောင်းပြည့်တယ်လို့  သူ့ အရပ်နဲ့ သူနာမည်ကျော်တယ်
အခုလို ၀ါတွင်းဆို ၀ါဆိုဘုရားပွဲဆိုပီး နာမည်ကြီးဇာတ်တွေ (ငယ်၂ကဆို မန်းတလေးသိန်းဇော်တို့ ဘာတို့ ပေါ့) လာ၂ကကြတယ် ဦးမောင်၂ဆပ်ကပ်တို့  မြင်းခြံ ဘုရားပွဲအပီးလားမသိဘူး ဒီဘုရားပွဲံကစတယ် ရက်တော်၂ကြာတယ် ၁၂ပွဲဈေးသည်တွေလာတဲ့ပွဲပေါ့
ငယ်တုန်းက ဘုရားပွဲဈေးများလျှောက်ရရင် သိပ်ပျော်တာ တကျပ်တန်းရုပ်ရှင်တို့  တုတ်ထိုးရုပ်ကပွဲတို့  မိတ္ထီလာ ပေါက်ချောင်းဘူးသီးကြော်တို့  ဒူးမလှိုင်တို့  မလှိုင်သီတာ ဓါတ်ပုံတိုက်တို့  နံ့ သာဖြူ ကရမက် သနပ်ခါးသည်တို့  မုန့် သိုင်းခြုံ မုန့် ပျားအုံသည် အညာစောင်သည် ဖျာသည် အိုးသည်တွေဟာဆိုရင်ဖြင့် ပွဲံဈေးရဲ့  အထင်ကရတွေပဲ အခုလည်း ပွဲဈေးတွေရှိတယ် ဒါပေမယ့် ခေတ်ကာလပြောင်းတော့ ဆိုင်တွေလည်းပြောင်းကုန်ရောပေါ့ မရောက်တာ အနှစ်၂၀တောင်ကျော်ရော့မယ် (၁၂ပွဲဈေး မသိတဲ့သူပါမစိုးလို့  လျှာရှည်ပီးရှင်းပြတာ)
အနော်ရထာဘုရင်တည်တဲ့ဘုရားတိုင်းမှာ ဘုရားရှေ့  ခြင်္သေ့က တကောင်ပဲထုတယ်လို့  လူကြီးသူမများပြောသံကြားဖူးတယ်
ဒါနဲ့ ပြောရဦးမယ် မရွှေဖဲ ညီမအလတ် မရွှေသဲ အဲ့ဘုရားရောက်တော့ ဘုရားဖူးလာကြတဲ့ ကလေးတွေ အခု အဲ့မြို့ ကလေးမှာ ဘော်ဒါလိုမျိုးတွေအများကြီးရှိတဲ့ ရွာနီးချုပ်စပ်က ကလေးတွ စာလာသင်ကြတာ
အဲ့ကလေးမလေးတွေများ ရွှေသဲလည်းတွေ့ ရော (ဒါတောင်ဟိုက မြင်းခြံ နဗျင်းထည်ဝတ်ထားတာ) ဟာ ကိုရီးယားမင်းတမီးလေးနဲ့ တူလိုက်တာ ဒါ့ပုံရိုက်ခွင့်ပေးပါဆိုပီး တပြုံကြီးဝိုင်းလာတာ (ဖျားစူး ဘုရားရှေ့ မလိမ်ပါဘူး) ရွှေဖဲတင်မက လိုက်ပို့ တဲ့အဒေါ်ပါ လန့် သွားတယ် 
ပါလာတဲ့အဒေါ်က ဟဲ့ အဲ့ဒါ ဆရာမကြီးသမီးတွေလေဆိုတော့ ဆရာမကြီး သမီးတို့  ဆရာမကြီးသမီးကိုချစ်လို့ ဒါ့ပုံရိုက်ပါရစေလို့ ခွင့်တောင်း အဲ့အချိန် ရွှေသဲရုပ်ကြီး မြင်စေ့ချင်တယ် ပါးစပ်က သွား ၃၂ ချောင်းလုံးကိုပေါ်အောင် တဟီးဟီးနဲ့  ဒါ့ပုံအရိုက်ခံတာ တယောက်ပီးတယောက်နဲ့  ဘုရားထဲတောင် ပွဲဆူသွားတယ် ရွှေဖဲက ဒိုင်ခံရိုက်ပေးရတာပေါ့ (ဒင်းက ကျီးတွေကြားက ဗျိုင်းဖြစ်နေတာပေါ့ -- ဂျေဒိုးနတ်စားရင်ပြော) တောက်ညင်ကတ်ကတ်နဲ့  အဲ့ပုံတွေ အခုဘလော့ပေါ်တင်လိုက်လို့ ကတော့ ဒင်းပုံ သွားဖြဲကြီးကို ဟင်းဟင်း
ရွှေဖဲများတော့ အားနာပါးနာတောင် ဒါ့ပုံအတူတူရိုက်ပါရစေလို့  ပြောဖို့ နေနေသာသာ လှည့်တောင်မကြည့်ဘူး (ခိုင်းဖို့ ခေါ်လာတဲ့ တောသူလို့ မထင်တာကံကောင်း) ကတောက် နောက်ဆို ဒင်းတို့ နဲ့ တူတူဘယ်မှ မသွားဘူး ဒါကြောင့်လည်း ရွှေဖဲ ဒါ့ပုံ ဘယ်မှ မတင်ဘူး စိတ်နာလို့ 
မနက်စာ အီကြာကွေး လဖက်ရည်  (တကယ်က ရွှေဖဲစားချင်တာ မုန့် ပျားသလက် အကြော်စုံနဲ့ ထမင်း မုန့် ခွေလိပ်တို့ ဘာတို့ ) ဧည့်သည်သွားလုပ်တော့ ဘယ်ဂျေးများလို့ ရမလဲနော့
ကဲမနက်စာစားပီးတော့ မရွှေဖဲတို့ ခရီးဆက်မယ်
စာဖတ်သူကြီးရဲ့ ဇာတိမြို့ ရဲ့ အ၀င်တံတား (ဇော်ဂျီတံတားထင်တယ်)
စာဖတ်သူကြီးရဲ့ ဇာတိမြို့ မှာနေတဲ့သူတွေအလွမ်းပြေ (စာဖတ်သူကြီး ဇာတိမြို့ ဆိုတာ ပဟေလိ :P)
ရွှေဖဲ အဲ့ကို ခပ်လတ်၂အရွယ်ကအလည်သွားတုန်းကဆို ရွှေသဲလားမသိပြောတာ အဲ့ မြို့ ကအဆိုရှိတယ်တဲ့  အဲ့မြို့ ကရေသောက်ရင် အဲ့မြို့ မှာနေရတတ်တယ်ဆိုလား အဲ့မြို့ သားနဲ့ ရတယ်ဆိုလား သေချာမမှတ်မိဘူး ရွှေဖဲ ရေအိုးထဲ ရေခပ်တုန်းလာပြောတာ တခါတည်း ရေခွက်ကို အိုးထဲကနေ ဇတ်ကနဲပြန်နှုတ်ပီး မသောက်ပဲ ရေငတ်ခံတာ
ပြန်ခါနီးဘယ်လိုမှ မခံနိုင်မှ မန်းတလေးကလုပ်သည်တံဆိပ်နဲ့ ရေသန့် ဗူးဝယ်သောက်လိုက်တယ် အေးရော
လမ်းမှာ စဥ့်ကိုင်ဆိုတဲ့မြို့ ကိုဖြတ်၇တယ် ပုံက တင်ထားပီးသွားကို ဖျက်လိုက်မိတာ ပြန်တင်မရတော့လို့ 
စစ်ကိုင်းမဟုတ်ဘူးနော်
အဲ့မြို့ က အရင်ကဆို ပဲလှော် ပဲကြော် သိပ်နာမည်ကြီးတာ နီလာတံဆိပ်တို့ ဘာတို့  ရွှေဖဲတို့ ငယ်၂က နည်းနည်း ပျံတန်၂ နန့် တန့် ၂မိန်းကလေးတွေဆို တချို့ လူကြီးတွေက စဥ့်ကိုင်ပဲလှော်ကျနေတာပဲနဲ့ တင်စားပြောတယ် (စဥ့်ကိုင်ပဲလှော်က တခြားပဲလှော်နဲ့ မတူဘူး ပိုရွ၂လေးမလို့ လေ ဟိဟိ) ရွတယ်လို့ မသုံးဘူး အဲ့လို တင်စားခေါ်တာ
နောက် ၀င်း ရှောက်တလုံးယိုတို့ ဘာတို့ လည်းနာမည်ကြီးတယ် ကွမ်းယာလည်းနာမည်ကြီးထင်ရဲ့ 
ဒါက ပထ၀ီလေ့လာရင်း ဘယ်မြို့ က ဘာနာမည်ကြီးပီး ဘာထွက်တယ်ဆိုတာသိတော့ မတော်လမ်းကြုံ ၀ယ်ချင် ၀ယ်လို့ ရအောင် ဘုသုတထည့်ပေးတာ
နောက် ပုလိပ် (မြွေဘုရားရှိတဲ့မြို့ ) ကိုဖြတ် အဲ့မှာ ငုံးဥပြုတ်ပေါတယ် အရင်ကနော် အခု ကားမရပ်လို့ မသိဘူး မြို့ ငယ်ပေါင်းများစွာဖြတ်လည်းပီးရော ဟော
ရောက်ပါပီ ရွှေမန်းတလေး (မရွှေဖဲတို့ ကျောင်းတက်တုန်းက ဒီမုဒ်ဦးကြီးမရှိသေးဘူး)
မြို့ အ၀င် လမ်းဟောင်း အခု နာမည်ကျော် လမ်းသစ်ကြီးလမ်းခွဲတဲ့နေရာ
မန္တလေးရောက်မှတော့ အရင်ဆုံး မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကိုအရင်ဦးခိုက်တာပေါ့
ကျောင်းတက်တုန်းကဆို စိတ်ကူးပေါက်ရင် မျက်နှာသစ်တော်ရေအတွက် သနပ်ခါးဘာညာသွားသွေးကုသိုလ်ယူတာ (နာမည်ကြီး အချဉ်ပေါင်းသည်တွေလည်း ရှိတယ်)
ကြည်ညိုဖွယ်ရာ မဟာမြတ်မုနိဘုရား
ဘုရားရှိခိုး ပန်းကပ် ဆုတောင်း တစိမ့်၂ဘုရားမျက်နှာတော်ဖူးကြည်ညို
ရွှေရောင်တွေတ၀င်းဝင်းနဲ့  ဘုရားစောင်းတန်း
ဘုရားကြီး စောင်းတန်းအပြင်ဖက်တွေမှာ နာမည်ကျော် လေပုတ်ထုတ်ဆေးသည်တွေရှိတတ်တယ်
ဘယ်နှယ့် ဘုရားလာတာ လေပုတ်ထုတ်ဆေးကြော်ငြာသလဲ မပြောနဲ့  နာမည်ကြီးတာပြောပြတာ :P
မြန်မာလူမျိုးများ နတ်ကိုးကွယ်တာ အပြစ်တင်မနေနဲ့  ဟောဒီလို နတ်ရုပ်တွေရောင်းတာကိုက ဘုရားစောင်းတန်းထဲလေ
ရွှေဖဲတို့  ငတ်ပုံများ စောင်းတန်းထဲရောင်းတဲ့ ခေါင်းရွက်သည် မုန့် တီသုပ်သည်တောင်မချန်ဘူး ငမ်းတာ ဒါ့ပုံရိုက်တာ ပြန်ကြည့်တော့ ၀ါးနေလို့ မထည့်တာ
ရတနာပုံရွှေမြို့ တော် 
မန္တလေးကိုသဘောကျတာ အခုလိုမြင်ကွင်းမျိုး မြို့ ရိုးနဲ့ ကျုံးနဲ့  သိပ်မျက်စိ ပသာဒရှိတာပဲ
ဒါက မောင်ငယ်လေးတယောက်ရဲ့ လက်တွဲဖော်လေးကို ဆွေပြမျိုးပြသွားခဲံ့တဲ့နေရာ
သူ့ မဒီလေးဆိုင် တခါတည်း ကြော်ငြာတာ လက်ဖက်အစိုအခြောက် တို့ ဖူးခြောက် စတဲ့ရှမ်းအစားအစာမျိုးစုံဆိုင်
မဒီလေးကိုဝင်ခေါ်ပီး မနက်စာ ထပ်ကျွေးမယ်ဆိုပီး ထူး၂ဆန်း၂ဆိုင်ကိုခေါ်မယ်ဆိုပီး ခေါ်သွားရော
ဟော ရောက်ပါပီ ဝေးနေသူတွေ နီးအောင်ဖန်ပေမယ့် ၀င်းစံပါယ် (မန်းတလေးကျောင်းတက်ခဲ့ပေမယ့် ကျောင်းကနေ အဆောင် တခါတလေ ဘုရားကြီးကလွဲလို့  ဘယ်ဆိုဘယ်မှမရောက်ဖူးတဲ့သူဆိုတော့ ဘယ်လိုခေါ်သွားမှန်းလမ်းတောင်မမှတ်မိဘူး)
သိချင်တဲ့သူများ အဲ့ဆိုင်ဘုတ်အောက်က လိပ်စာကြည့်သွား မသွားတတ် သူတို့ ဆိုင်ဖုန်းကောက်ဆက်ပီးသာသွားကြပါတော့ ပြောတာကတော့
နန်းရှေ့  ရေနီမြောင်းနား ရေစစ်ကန်းအနီးအနားဆိုပဲ (နာမည်ကြီးဆိုင်)
ရှမ်းပြည်ကိုပတ်လာတဲ့သူတွေကို မန်းတလေးမှာ ရှမ်းအစားအစာထပ်ကျွေးတော့ ဟိုမှာမစားခဲ့ရတာတချို့ ဒီမှာထပ်စားရတော့ ပျော်လိုက်တာဆိုတာ ဆိုဖွယ်ရာမရှိပဲ
ကျေးဇူးအထူးတင်မိတယ် ကျွေးမွေးသော မောင်ညီမများကို
ရွှေဖဲအကြိုက် မုန်ညှင်းပေါင်း စားလို့ အလွန်ကောင်း
တုတ်တုတ် ကွေးကွေး ဒုတ်ခခံတဲ့ငါးကလေး ကျွပ်ရွမွှေးမွှေး စားကောင်းသလေး (ငါးဒုက္ခ)
ဆိမ့်ဆိမ့် မွှေးမွှေး ဂျူးမှိုပေါင်း စားလို့ အတော်ကောင်း
ငါးထမင်းနယ် ဂျူးမြစ်ကလေးနဲ့ အထူးရှယ်
အချဉ်ရည်လေးခပ်စပ်စပ် ကြက်ဥကင်လေး တဖတ်ပီးတဖတ်
အရန် လက်ဖက်နဲ့ ပဲပုတ်ဆီဆမ်း မုန်လာချဉ် အဖန်ဖန်တောင်းလို့ သာ စားလိုက်ချင်
လက်ဖက်နဲ့ ပဲပုတ်ဆီဆမ်းစတိုင်က ပင်းတယဘုရားသွားတော့ ဈေးဆိုင်တွေက ဧည့်သည်တွေကျွေးတဲ့စတိုင်မျိုးနဲ့ တူတယ်
အို ငါးမျှစ်အဆာပလာစုံနဲ့  ငါးပေါင်းထုပ် တရှူးရှူး တရှဲရှဲမြည်ကာ လက်ကိုမရုတ် 
ငါးပေါင်းထုပ်လေး နည်းနည်းဝါးသွားတယ် စားလို့ သိပ်ကောင်းတယ် မျှစ်ချဉ်နဲ့ ထုတ်ထားတာထင်တယ်
ဒါပေမယ့် အလွန်တရာစပ်တယ် 
ကဲ စားစရာတွေကို ရေနွေးကြမ်းခါးခါး မွှေးမွှေးလေးသောက်ပီး စားလိုက်တာ
နင်ဘယ်သူလဲ ငါဘယ်သူလဲဆိုပီး ဆွေမျိုးတောင်မေ့တယ်
မိတ်ဆွေများလည်း ရတနာပုံရွှေမြို့ တော်ရောက်လို့ ကတော့ စားဖြစ်အောင်သွားစားပါလို့ တိုက်တွန်းပါတယ်
ဟဲဟဲ ၀င်းစပါယ်ကြော်ငြာခအနေနဲ့ နောက်တခါ ပဲပုတ်နဲ့ လက်ဖက်ပိုကျွေးနော် :P
ကဲ စားလိုက်သောက်လို့ လည်းပီးရော ရွှေဖဲတို့ ဗိုက်ကလေးရှေ့ ပစ်လို့  ရှေ့ ခရီးဆက်ပါတော့မယ်
ဘလော့ရောက်လာမိတ်ဆွေများလည်း တင်ထားတဲ့ပုံတွေကြည့်ပီး ဗိုက်ကလေးပွတ်လို့  မနက်ဖြန်ရောက်လာမည့် စနေ တင်းဂွေနေ့ ကိုမျှော်ရင်း
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ
အော် ကလေးတွေ အပေါ်က စာဖတ်သူကြီးဇာတိမြို့ က ဆင်ရုပ်ကပွဲတွေလည်းလုပ်တယ်နော်
ဒီတခါ ဒေါက်ဆို မခေါက်ချင်ဘူး ကွကိုယ်စဉ်းစားကြ
12 comments:
  1. မမပိုးရေးထားတာ ရွှေသဲနေရာ ရောက်တော့ ပြုံးမိတယ် :) အဲပုံလေးတွေ ကြည့်ချင်တယ် တင်ပါလို့
    btw မန်းလေးရောက်ရင် ဝင်းစံပယ်မှာ သွားစားဦးမယ် အကုန်ကြိုက်
    xie xie, mama poe!
    <3 nomo
    ReplyDelete
  2. ကတောက် ..အမီး အကြောင်းပါလိုက်သေးတယ်ပေါ့..
    ဟွန့်..အမီးလေးကို အဲ့လို လူကြီးကော ခလေးပါမကျန် ချစ်ကြတာနော်..
    ခိခိ
    ReplyDelete
  3. ကျေးဂျူးပါ..ပုံတော့မတင်လိုက်ပါနဲ့
    ဘလော့ ကလူဒွေ မြင်ပီး ချစ်စာလေး ဆိုပီး..ချစ်ကုန်ကြမာစိုးလို့
    ဟီး:P
    ReplyDelete
  4. နိုမိုရေ မန်းလေးရောက်ရင် တကယ်သွားစားဖြစ်အောင်စား အကုန်စားကောင်းတာပဲ
    ရွှေသဲပုံတွေမကြည့်ချင်ပါနဲ့ အေ သွားကြီးဖြီးလို့  တပုံမှ ပါးစပ်စေ့တဲ့ပုံမပါဘူး :P
    ReplyDelete
  5. အစားတွေကြည့်ပြီး သွားရည်တွေကျလာတယ်....အဲဒီနေရာတွေသွားဖြစ်အောင်ကိုသွားဦးမယ်...
    ReplyDelete
  6. ရောက်ရင် စားဖြစ်အောင် သွားစားကြည့်နော် မမနော် တကယ်စားကောင်းတယ်
    ReplyDelete
  7. မမပိုးရဲ့
    စာလည်းဖတ်လို့ကောင်း သွားရည်ကလည်းကျ ဒါပေမယ့်သများက
    တုတ်နှစ်ကွေးနှစ်ဒုတ်ခခံတဲ့ငါးကလေး ကြွပ်ရွမွှေးနှစ် စားကောင်းသလေးပဲ
    ဆိမ့်နှစ်မွှေးနှစ်ဂျူးမှိုပေါင်း စားလို့ အတော်ကောင်း
    အရန် လက်ဖက်နဲ့ ပဲပုတ်ဆီဆမ်း မုန်လာချဉ် အဖန်နှစ်တောင်းလို့ သာ စားလိုက်ချင်
    အဲသလိုပဲဖတ်မိနေတာ..း(
    ပုံ
    စာမဖတ်တတ်သူကြီး
    ReplyDelete
  8. ဟီးဟီး နောက်တခါကျရင် အတိအကျ မပျင်းမရိရေးပါမယ် ညီမလေးရယ် မမပိုး အပျင်းလွန်းလို့  တုတ်နှစ် ကွေးနှစ်တွေဖြစ်ကုန်တာပါ :P
    ReplyDelete
  9. ဆရာမကလည်းလုပ်ပြန်ပြီ။
    စာဖတ်သူကြီးကဘယ်သူလဲ။
    ဆင်ရုပ်ကပွဲဆိုတော့ကျောက်ဆည်လား။ ဒါဆိုဟိုလူကြီးကိုသွားစဉ်းစားမိတယ်။ အဲဒီလူကြီးအကြောင်းမစဉ်းစားချင်ဘူး။သူ့ မြေးလေးကအရမ်းဆိုးတယ်လေ။ တိုင်းသူပြည်သားတွေကိုလည်းဗိုလ်ကျတယ်လေ။
    ဆရာမရေ..
    ကျမတော့မန္တလေးကျုံးကို ကွန်ကရစ်တွေနဲ့ ရေမြောင်းလိုလုပ်ပစ်တာဘ၀င်မကျသူပါ။ သမိုင်းကပုံရိပ်စစ်စစ်ကြီးကျန်နေတဲ့ ကျုံး ဟာအဲလိုကွန်ကရစ်တွေလုပ်ပစ်လိုက်လို့ ဘယ်လောက်တောင်တန်ဖိုးမဲ့သွားရသလဲ..
    တော်ပြီ..ဆရာမကြိမ်မ၀ဲလာခင်ပြေးမှ။
    တီတီအိုင်အိုရာ
    ReplyDelete
  10. ပိုစ့်ကလဲ လျှို့ဝှက်ချက်တွေက များလိုက်တာ… မပြောချင်လဲ ဘာလို့ထည့်ရေးနေသေးလဲ… ခုတော့ ဒီရုပ်ရှင်ကားကအရမ်းကောင်းတယ်… ခေါင်းစဉ်တော့ မရှိသေးဘူးလိုဖြစ်နေပြီ… :P
    နာ့လို ပထ၀ီမကြေတဲ့သူက ဘယ်နေရာတွေမှန်း မှန်းဆလို့မရဘူး… မရွှေသဲပုံကို တင်လိုက်စမ်းပါ ဘယ်ကိုရီးယားမင်းသမီးနဲ့တူသလဲ ကြည့်မယ်… ဒီတိုင်းတော့ မယုံနိုင်ဘူး… :P (ခိခိ… မခံချင်အောင် တမင်ပြောပြီး ကြည့်ချင်လို့ တင်ခိုင်းသည်)…
    အဲမြို့ကရေသောက်ရင် အဲ့မြို့သားနဲ့ရမှာစိုးလို့ မသောက်ခဲ့ဘူးဆိုတော့ မေပိုးတစ်ယောက် အဲ့မြို့သားတွေ အထင်သေးရာကျနေပြီ… တော်ကြာမှ အဲ့မြို့က ဒုတိယ နေတိုးတို့ ဘာတို့ထွက်နေအုံးမယ်… အဲ့ကျမှ အိုးလိုက်သောက်နေနဲ့… ဟီး… (နင့်မြို့နာမည်ပြော ကောင်လေးချောချောလေးသွားရှာမယ်…တွေ့ရင် သူ့အိမ်က ရေတောင်းသောက်မယ် အဟိ)…
    (ငါ့ကွန်မန့်က ပိုစ့်တစ်ပုဒ်စာဖြစ်နေပြီ... အဲလိုပဲ ငါက လေရှည်တယ်... ဆော်တီး)
    ReplyDelete
  11. တမီးလေး အိုင်အိုရာအဖြေမှန်ပါတယ်ကွယ် ဆင်ရုပ်ကပွဲတွေလုပ်တဲ့ စာဖတ်သူကြီးဇာတိမြို့ က ကျောက်ဆည်ပါ
    တူ့ နာမည်ကြီးမရေးချင်လို့ အဲ့လိုတမင်ရေးလိုက်တာ :P
    ဟုတ်တယ် အရင်အတိုင်း မန်းတလေးက ပိုသဘာဝကျတယ် အဲ့ဒါတော့ အိုင်အိုရာနဲ့  သဘောချင်းထပ်တူကြလို့ ကြိမ်မ၀ဲတော့ပါဘူးကွယ်
    ReplyDelete
  12. မဗေဒါရေ လျှို့ ဝှက်ချက်များတာမဟုတ်ဘူးတော့ ပထ၀ီသင်ရင်းနဲ့  သမိုင်းလည်းမမေ့အောင် သတိပေးတဲ့အနေနဲ့  ပဟေလိလုပ်တာပါအေ
    ပထ၀ီမကျေပေမယ့် နာမည်ကျော်ကြီးရဲ့ မြို့ မလို့ လူတိုင်းသိမယ်ထင်လို့ ရယ် တူ့ နာမည်ကြီးမရေးချင်လို့ ရယ်ကြောင့်ပါ --
    ဆင်ရုပ်ကပွဲတွေလုပ်တဲ့ စာဖတ်သူကြီးဇာတိမြို့ က ကျောက်ဆည်မြို့ ပါကွယ်
    အမလေး မလုပ်နဲ့ တော်ရေ အခုတောင် မရွှေသဲက သူ့ အကြောင်းပါလို့  စာမူခပေးတောင်းနေတယ် ငါ့ဖာသာ လက်ယားပီးရေးတဲ့စာ ဘယ်သူမှ ပိုက်ဆံမပေးတဲ့အပြင် အခန့် မသင့်ရင် အဆဲခံ အရိုက်တောင်ခံရဦးမယ် အဲ့ဒါပဲ ငါ ခွဲပေးမယ်ပြောထားလို့ မှ ငြိမ်နေတယ် -- တကယ်က ဘယ်မင်းတမီးနဲ့ မှမတူဘူး ကလေးတွေက တင်စားပြောတာ ငါရေးထားသလို ကျီးတို့ အလည်က ဗျိုင်းလုပ်နေတာပါဆို ဟီးဟီး
    အဲ့မြို့ က အပေါ်ကကျောက်ဆည်မြို့ လေအေ ဒုတိယနေတိုးထွက်လည်း ငါမှ မရပဲ ဒီတော့ ရှိစေတော့
    တကယ်က ၀င်းစံပါယ်က အစားသောက်တွေက ရှမ်းအစားအစာတွေများတယ်
    လိပ်စာက ပုံမှာပါတယ်လေအေ :P
    ငါးအကျွတ်ကြော်က အင်းလေးအစားအစာ ငါးဒုက္ခလေ အဲ့လိုငါးကို ဒုက္ခရောက်အောင် ကြိုးနဲ့ တုတ်ကြော်လို့  ငါးဒုက္ခလို့ ခေါ်တာ ဟီးဟီး
    တကယ်က ကြက်ဥကင်က ယိုးဒယားအစားအစာ အနှစ်နဲ့  အကာကို အပေါ်က အပေါက်ဖောက်ပီး ရောမွှေပီးပေါင်းရင် အဲ့ဒီလိုမျိုးဖြစ်သွားတာ
    ငါတခါစမ်းဘူးတယ် ကိုယ့်ဖာသာ ဒါမယ့် လက်ဝင်တယ် စားလို့ တော့ကောင်းတယ်
    အေးပါ စိတ်ဝင်တစားဖြစ်လို့  ပိုစ့်တပုဒ်စာဖြစ်အောင် မန့် တာကို ငါက ကျေးဇူးတင်နေတာ
    ReplyDelete