ဟလို
မတွေ့ ရတာကြာပီနော် မိတ်ဆွေတို့ 
အရင်လိုပဲ မျက်စိနောက်ဖို့  ဘလော့ကိုတခေါက်ပြန်ရောက်လာပါပီ
ဖောင်တော်ဦးဘုရားကို မနက်စော၂သွားဖူးပီးတာနဲ့ မရွှေဖဲတို့ မိသားစု မနက်စာစား ပြီးတာနဲ့  တည်းခိုရာနေရာကို
တာ့တာလုပ်ပီး အပြန်ခရီးဆက်ကြပါတယ်
တောင်တွေပတ်လည်ဝိုင်းနေတဲ့ အင်းလေးရေပြင်ရဲ့  နံနက်အလှကို နှုတ်ဆက်ခဲ့ပေါ့
ရွှေအင်းလေးရေ
ညောင်ရွှေအ၀င်မှာ ငါးကန်တွေရှိတယ် တဲကလေးတွေနဲ့  စားသောက်ဆိုင်လေးတွေ
ရွှေဖဲတို့ က ဘုရားဖူးသပ်၂သွားကြတာဆိုတော့ ကန်ထဲကငါး ကိုယ့်ရှေ့ ကနေ ကင်တာချက်တာ စားဖို့  စိတ်ထဲ ဘယ်လိုမှ ခံစားမရလို့  မစားခဲ့ရဘူး တချို့ ပြောတာ စားကောင်းတယ်ဆိုပဲ
ကလေးတွေလည်းကျောင်းဆင်းပီ ဟိုရှေ့ က ကားဖြူလေးကွေ့ ဝင်တာ ဟဲဟိုးလေဆိပ်ကို
ငယ်ငယ်တုန်းက ကျောင်းတက်တဲ့ကလေးဘ၀ကို ပြန်သတိရတယ် တခါတလေ အဲ့လို လွယ်အိတ်ခေါင်းမှာချိတ်တာ ပုံမှန်က နောက်ကကလေးလို စလွယ်သိုင်းလွယ်တာ
လမ်းမှာ ဖူးတွေ့ ရတဲ့  ဘုရားဆင်းတုတော်ကြီး အဝေးကနေတောင် လှမ်းဖူးလို့ ရတယ် ဆင်းတုတော်က အကြီး၂ပဲ
လမ်းတလျှောက် အခုလို ဂေါ်ဖီစိုက်ခင်းတွေ နဂါးမောက်သီးစိုက်ခင်းတွေ စူကာသီးလို့ ခေါ်ကြတဲ့ ဂေါ်ရခါးသီးစိုက်ခင်းတွေ မက်မန်းခြံတွေက များကြီးပဲ
ရောက်ပါပီ အောင်ပန်းမြို့ ကို အမျိုးတွေအိမ်ခဏ၀င်နှုတ်ဆက်
အမျိုးတွေဝယ်ပေးတဲ့ အောင်ပန်းကလုပ်တဲ့ ကောက်ညှင်းပဲပုတ်ကြော် အချို နဲ့ အစပ် သိပ်စားကောင်းတယ် ပဲပုတ်ကြီးသီးသန့် မဟုတ်ဘူး ကောက်ညှင်းစေ့တွေပါရောကြော်ထားတာ ဒီအတိုင်းစား အရမ်းကောင်း
နောက်ပီး ငါးမုန့် လိုမျိုး ငှက်ပျောသီးအရသာ မုန့် ကြော်လည်းအရမ်းစားကောင်းတယ်
ရှင်းမြတ်ထွေး ရှမ်းလက်ဆောင်တဲ့ အောင်ပန်းရောက်ရင် ၀ယ်စားကြည့်
အချိုနဲ့ အစပ် ၂မျိုးတောင်ရှိတာ (အလကားမတ်တင်းကြော်ငြာ)
ငှက်ပျောကြော်ကတော့ ဗိုက်ထဲရောက်မှ ဒါ့ပုံရိုက်ဖို့ သတိရတယ် :P
ဒီနေ့ က အောင်ပန်းဈေးနေ့  ဒါကြောင့် လူတွေစည်တာ အောင်ပန်းဈေးနေ့ ဆို ပျော်ဖို့ ကောင်းတယ် ဈေးဝယ်ရတာ
အသီးအနှံအရွက်သိပ်လတ်ဆတ်တာ (အရင်သွားဖူးတုန်းကဟာပြောတာ) အခုက ဈေးထဲမရောက်ခဲ့ဘူး
ကဲ ဘယ်ဆက်သွားမလဲ မရွှေဖဲ
လမ်းမှာ အဲ့လို အကြော်သည်ကြီးတွေ့ တော့ တစ်ထုတ်လောက်လှမ်းဆွဲချင်စိတ်ပေါက်တယ် ဟီးဟီး
ဇာတိက ပြတာ စိတ်နဲ့ ပဲ ဝြစ်မှားခဲ့တာပါ တကယ်မလုပ်ပါဘူး
တွေ့ ဆုံကြုံကွဲ
အစကတော့ ကြိုဆိုပါ၏ဆို အခုတော့ နှုတ်ခွန်းဆက်သပီးပေါ့ အဟင့်ဟင့် (ဓါတ်ရှင်ထဲကမင်းတမီးစတိုင်ပြောကြည့်တာ ဟိဟိ)
ဒီလိုနဲ့ ခရီးဆက် ယင်းမာပင်ဆိုတဲ့မြို့ ကလေးရောက်
လူတွေလည်း ဗိုက်ဆာနေပီ ဒီတော့ အဆင်ပြေမယ်ထင်တဲ့ဆိုင်တဆိုင်ကားရပ်ပီး နေ့ လည်စာစား
မြို့ မဆန်တဲ့ တောလည်းသိပ်မကျတဲ့ ဟိုမရောက်ဒီမရောက်ဟင်းတွေ
ကောင်းလားမမေးပါနဲ့  တောချက်ဆန်ဆန်လို့ ပြောမလား ပါးစပ်ထဲတော့ သိပ်မတွေ့ လှဘူး
ကြက်သားဟင်း ဆိတ်သားဟင်း ၀က်သားဟင်း နဲ့  ကျန်တာ ဟင်းအရံ ရွှေဖရုံသီးအဖြူထည်ကြော် ချဉ်ဟင်း မည်းမည်းက မန်းတလေးဖက်ကလို ပဲရေပွကြော် ပုစွန်ခြောက်ငရုတ်သီးကြော် ဂေါ်ဖီအချဉ်သုပ် ငံပြာရည်ချက်တို့ စရာနဲ့ 
ကြက်ကြော် ဆိတ်သားချောင်းကြော်
ဒါလည်း စားကောင်းတာပဲ
ဆတ်သားကြော် လို့ တော့ ပြောတာပဲ ပြောတာပဲ ဟဲဟဲ မရွှေဖဲကတော့ ဆိတ်သားတောင်မစားတာဆိုတော့ အဲ့ဒါ မြည်းမကြည့်ခဲ့ဘူး ကောင်းတယ်လို့ တော့ ပြောကြတာပဲ
စားသောက်ပီး တောင်ကြီးက၀ယ်လာတဲ့အသီးအနှံတွေ ဆိုင်ရှင်ဆီက ဒါးတောင်းပီးခွဲစားကြ ခဏနားပီး ခရီးဆက်
ကဲ မောင်ညီမလေးတို့ ရေ လည်လို့ လည်းစုံပီး စားလို့ လည်းဝပီးဆိုတော့ ပဟေလိ (စာလုံးပေါင်းသည်းခံ) အဖြေညှိကြစို့ လားကွယ်
အခုမြင်ရတဲ့စက်ရုံကြီးက ဘာစက်ရုံကြီးလည်းသိကြသလားကွယ် ငယ်ငယ်က ဖတ်စာထဲတောင် သင်ခဲ့ဖူးတယ်မလား
ကဲ ငါးတန်းနဲ့ ပြိုင် ဘယ်သူနိုင်ဆိုတဲ့ အစီအစဉ်လိုမျိုးထက် နည်းနည်းသာတယ်နော်
(သာတယ်လို့ သာ ကွကိုယ်ပြောရတာ အဲ့ငါးတန်းနဲ့ ပြိုင်ဆိုတာ နာမည်ပဲကြားဖူးတာ တခါဆိုတခါမှ မကြည့်ဖူးဘူး :P)
တောင်တွေကတုံးဖြစ်တာ ဆန်းသလားမေပျို ဟောဒီမှာကြည့် တောင်ခြေတကျောမှာ လူကုန်ကူးသလို နိုင်ငံခြားတိုင်းပြည်ရပ်ခြားရောင်းစားခံရမယ့် သစ်လုံးတွေက တုံးလုံးပက်လန်လန်လို့ 
လောလောလတ်လတ်ပူပူနွေး၂သတင်းဖြစ်တဲ့ ဒေါ်လာ ၁၁သန်း လောက်ကတော့ ပျင်းတာပေါ့ ပျင်းတာပေါ့
ဒီလိုမျိုးတွေက တမျှော်တခေါ်ကြီး ဒီတနေရာတင်မဟုတ်ဘူး ကျန်တဲ့ တိုင်းပြည်အနှံ့ က နေရာအနှံ့ မှာရှိကြတာ
မြင်ရတာ ရင်နင့်စရာ နောက်ထပ် ဘယ်နှနှစ်နေမှ ဒီလို သစ်ပင်မျိုးတွေ ပြန်ဖြစ်လာမလဲ ရာသီဥတုတွေဖောက်ပြန်တယ်ဆိုတာလည်းမပြောနဲ့  လောဘရှေ့ တန်းတင်တဲ့သူတွေက သဘာဝတရားကြီးကို ဖျက်လို့ ဖျက်ဆီးလုပ်နေကြတာ -- ရှေ့ ရေး ရင်လေးစရာပါ
ကဲကဲ ချော်တောငေါ့ပီး နိုင်ငံရေးတွေသွားပြောနေတာ အပေါ်ကမေးခွန်း ဘူသူမှလည်းမဖြေကြသေးပါလား
ဒါဆို နောက်ထပ် ဟင့်တခုထပ်ပေးမယ် ဟောဒီပုံကိုကြည့် အဖြေထပ်ညှိ
အိုးလေး လှုပ်ပါဟေ့ အိုးလေး လှုပ်ပါဟေ့ ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် သီချင်းထဲက အိုးမျိုးပါခင်ညလို့ လာမဖြေနဲ့ 
ဟော ဒီမှာ တွေ့ လား ဒုတ် ဒုတ်
(ကြက်ဥကြိမ်ကလေး တဖက်ကကိုင်ပီး လက်တဖက်ပေါ် တဖတ်၂နဲ့ ရိုက်နေတဲ့ပုံပြေးမြင်ကြတော့)
အညာသူအညာသားများတော့ သိလိမ့် ဖြေနိုင်လိမ့်မယ်ထင်တာပဲ
ရေအိုးဆို ဘယ်ကဆိုတဲ့ အညွှန်းကလေးတောင်ရှိသေး ငယ်၂က ကြား၂နေရတာ
ခုခေတ်က ရေသန့် ခေတ် ပလတ်စတစ်ပုံးထဲကနေ ဂေါက်ဖွင့်သောက်တာလို့ မပြောနဲ့ 
အဲ့ဒဟာတွေက ကျန်းမာရေးနဲ့ မညီညွှတ်ဘူး
ရွှေဖဲတို့ ငယ်၂ကဆို မိခင်ကြီးက ရေနွေးကြို ဒန်အိုးကြီးထဲ ရေကျက်အေးခံပီး အဲလိုအိုးထဲ ထည့်ပီး သောက်ရတာ ရင်ထဲကိုအေးနေတာပဲ တကယ်က ရိုး၂အေးဆို ပိုအေးတယ်
ရထားသံလမ်းတွေရှုပ်ရှက်ခပ်တဲ့မြို့ လေးကိုရောက်ပီ အဲ့ဒါဘာမြို့ လည်းသိလား
သာစည်မြို့ 
ရထားနဲ့ တောင်ကြီးဖက်တက်မယ်ဆို သာစည်မှာ တွဲချိန်းရတာ
နိုင်ငံကျော် အသည်းဆရာဝန်ကြီးစာထဲပါတဲ့ မြို့ ကလေးကိုလည်းဖြတ်
အဲ့မြို့ ကလေးကလည်း အထည်တွေပါတွေထွက်တယ်သိလား ပုဆိုးတို့  လုံခြည်တို့ ကိုပြောတာ
တော်နေ ပထ၀ီလည်းမသိ ဘယ်မြို့ က ဘာထွက်မှန်းလည်းမသိနဲ့  မသိတာတွေများနေမစိုးလို့  ပြောပြတာ
ကဲ အညာနွေ ပူလွန်းတယ်
လမ်းတလျှောက်က စိမ်း၂စို၂ ထနောင်းပင်လေးတွေကိုကြည့်ရင်း မရွှေဖဲလည်း ကားပေါ်မှာ အိပ်ငိုက်လို့ လာပါပီ
နောက် ဆက်သွားမယ့်ခရီးကို အိပ်မက်ထဲမှာ စာစီရင်းနဲ့ 
ကြွရောက်လာတဲ့ ဘလော့လာမိတ်ဆွေအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြီးပြည့်စုံကြပါစေ
ကလေးတွေ ကလေးတွေ နေဦးလေ ဘလော့မပိတ်နဲ့ ဦး
အပေါ်ကမေးတာဖြေကြဦး
ဘာာာာာ
မသိဘူး ဟုတ်လားးးးးးး
( ဒေါက်)
တစ်ချက်ခေါက်
လှိုင်းတက် ဆီသွပ်ဗူးစက်ရုံတဲ့ မှတ်ထား
အောက်က လှိုင်းတက်က ရေအိုး
သွား နောက်တခါ စာဖတ်လာခဲ့ ဒါပဲ
(အချောင်ခေါက်လိုက်ရတာပျော်ထှာ မရွှေဖဲတောင်မသိလို့  ဖခင်ကြီးပြောပြရတာ ခွိခွိ)
ဟင်
ReplyDeleteလှိုင်းတက်ရေအိုးရယ်လို့မကြားဖူးဘူး သဲတောစဥ့်ကိုင်ရေအိုးပဲကြားဖူးတာ ။
ကြက်ဥကြိမ်လေး တစ်ချောင်းလောက်လိုချင်နေတယ်
>.< ke ke
ReplyDeleteပျော်စာဂျီး..ခရီးထွက်ရတာ
read p b .............yeyyyyyyyyyyyyyyyy
ReplyDelete:P
:D
:)
ရထားသံလမ်းတွေရှုပ်ရှက်ခပ်တဲ့မြို့ လေးကိုရောက်ပီ အဲ့ဒါဘာမြို့ လည်းသိလား = သာစည်မြို့ hh
ReplyDeleteရှိတယ်မမလွင် လှိုင်းတက်အိုးဆိုပီးတော့လည်း ကြက်ဥကြိမ်လား စင်ကာပူမှာရှိတယ်လေ တိုလီမိုလီကုန်အစုံရောင်းတဲ့အပြင်ဆိုင်တွေမှာ ၁ဒေါ်လာကျော်၂လေးလားပဲရှိတာ သာမီးတောင်ဝယ်မလို့  ကလေးရိုက်ဖို့ မဟုတ်ဘူး လူကြီးရိုက်ဖို့  ဟီးဟီး
ReplyDeleteအောက်က အန်နုန်း နိုမိုမှဟုတ်ပါလေစ
ReplyDeleteဟုတ်တယ် မမပိုး :D
ReplyDeleteငါထင်တာ မလွဲဘူး :P
ReplyDeleteလူကို အကန်းကြီး လာခေါက်တယ်... ဖြေပြီးပြီလေ... လှိုင်းတက် စည်သွပ်ဗူးစက်ရုံနဲ့ လှိုင်းတက်ရေအိုး...
ReplyDeleteလာခဲ့ နင့်ကို ငါပြန်ခေါက်ပြီ... ဒေါက်...
ဒါနဲ့ ကောက်ညင်းပဲပုတ် အစပ်ကြော်လေး Try ချင်တယ်... ဒီဇင်ဘာ အောင်ပန်းရောက်မယ် နင့်အမျိုးတွေကို ငါ့ကို လက်ဆောင်ပေးဖို့ မှာထားလိုက် (အလဲ့... မျက်နှာပြောင်တိုက်ပြောသည်)...
LoL နင့်ဖာသာဖြေတာမှဟုတ်ပဲ ငါဖြေတာကိုကူးချတယ် ဗြဲ ဗြဲ
ReplyDeleteအေးဟ ပြောရအောင် သူတို့ နဲ့ က သွားမှသာတွေ့ တာ အပြင် တယ်လီဖုန်းဘာညာအဆက်အသွယ်မရှိဘူး
တကယ်လို့ များ လူကြုံလာလို့ ငါရရင် ဒီတခါ နင့်ကိုပေးမယ် သိလား
နင်ဘိုသိလဲ... နင့်အဖြေခိုးချတယ်ဆိုတာ... ငါ့ကို အထင်သေးပုံရတယ်... မဖြစ်ဘူး ဟိတ်ဟန်ပြန်လုပ်မှ...
ReplyDeleteသိတယ် သိတယ် နင်က ရေအိုးတောင် သူများတွေမှားတာ မှန်အောင်ဖြေတာကိုး LoL
ReplyDeleteအခမဲ့ပထ၀ီကျူရှင်တက်ပြီးပြီ။
ReplyDeleteပြန်တော့မယ် ...ကြိမ်လုံးဒီဘက်မ၀ဲလာခင်။..း)
အိုင်အိုရာ
ဟားဟား Iora လည်း ပိုးပိုး ကြက်ဥကြိမ်လုံးကြောက်သွားပီ
ReplyDelete