မြန်ပြည်ကြီးကို စကြာဝတေးမင်းကြီးကြွချီကောင်းချီးပေးတော့ မြန်ပြည်တခွင်တင်မက ကမ္ဘာတခွင် ဘလော့တခွင်လုံး အုံးအုံးကျက်ကျက်ဖြစ်နေတော့ အများကတို့ လူကလေးများဆိုသလေဆိုတော့ မရွှေဖဲတို့ လည်း ဝေလေလေ လုပ်လို့ ကောင်းတာပေါ့
တကယ်က စကြာဝတေးမင်းအရှိန်ကြီးတော့ မရွှေဖဲ ခရီးစဉ် ဘယ်သူမှ စိတ်မ၀င်စားမှာစိုးလို့  :P :P
ကဲ အခုစလို့  မြန်မာ့ပထ၀ီပြန်လည်လေ့လာခြင်း သင်ခန်းစာ ပြန်စမယ်
နန့် ပန်ဈေးကနေ မရွှေဖဲတို့ ခရီးဆက်ပြန်ပါတယ်
ဒီတခါသွားမှာကတော့ အင်းလေးရဲ့ နာမည်ကြီး ကြာချည် ပိုးချည်ယက်လုပ်ရာနေရာကိုပါ
လာရောက်ကြည့်ရှုကြတဲ့ ဧည့်သည်လှေတွေ
ခေတ်ဆန်းယဉ်တဲ့ နာမည်ပေးထားပုံလေး မလှဘူးလား
ကြာချည်ထုတ်မယ့် ကြာရိုးတွေ
ဟောဒီလို ကြာချည်ကို စပီး ထုတ်တယ် ခဲတံချွန်ဒါးကလေးနဲ့  ကြာဆစ်ရိုးလေးတွေကိုဖြတ်ပီး ကြာမျှင်လေးတွေဆွဲထုတ်
ဟော ဆွဲထုတ်ထားတဲ့ကြာမျှင်လေးတွေပေါ် နောက်ကြာမျှင်ကိုထပ်ပီးထား ဒါမှ ကြာချည် အရှည်ရမှာလေ
စော၂က ထုတ်ထားတဲ့ကြာမျှင်တွေကို အခုလိုရစ်လုံးမှာ ချည်အဖြစ်ကျစ်အောင်လုပ်
အဆင့်ဆင့် ချည်အဖြစ်ရောက်တော့ အခုလို ယက်ကန်းခုံပေါ်တင်ပီး ကြာချည်အထည်တွေကို ယက်လုပ်
ဟောဒါက ကြာချည်နဲ့ ပိုးရောရာယက်တာ
ပိုးထည်တဘက်လေးတွေလည်း အခုလိုယက်တယ်
ပိုးထည်ယက်မယ့် ပိုးချည်လုံးလေးတွေ
ဟောဒါက နာမည်ကြီးအင်းလေးအဆင် ထမိန်ယက်လုပ်နေပုံ အဆင်အတွက် ချည်ကို တခါတည်း ဖောက်ထားပီးယက်တယ်
ဒီနေရာက ရေတိမ်တယ် ဟောဟိုက အင်းထဲကရွာလေးတွေနဲ့  ကြာပင်တွေ
ယက်ကန်းရုံကြီးက အကြီး၂ နှစ်ဆောင်တောင်ရှိတယ်
ဟောဒီက ကြာချည်ထုတ်ဖို့  စိုက်ထားတဲ့ကြာပင်တွေ စိမ်း၂စို၂
နားနားနေနေ နားချင်သပဆိုရင်လည်း ဟောဒီလို ယက်ကန်ရုံနဲ့  အထည်ဆိုင်ဘေး နားနေဆောင်မှာ နားနိုင်တယ်
မရွှေဖဲတို့ က ဈေးဝယ်ဖို့ စိတ်ဝင်စားတယ် ဒီတော့ ဆိုင်ထဲလျှောက်ကြည့်တယ် ဒါက အမျိုးသမီးဝတ် အထည်တွေ ဈေးတွေလည်း သင့်တင့်ပါတယ်
ဟောဒါက အမျိုးသားဝတ် ချည်ထည်လေးတွေ အဆင်လေးတွေက ရိုးရာဆင်လေးတွေများတယ်
ချည်ပွ တဖက်လေးတွေကလည်း အရောင်စုံ အသွေးစုံ
မရွှေပဲကိုင်ကြည့်နေတာက ပိုးထည်တဖက်လေးတွေ ဈေးကတော့ အတော်ကြီး
ပိုးထည် ချည်ထည် ချည်ပွထည် တဘက်တွေ
မြန်မာငွေ ၆သောင်းလောက်ဈေးနှုန်းရှိတဲ့ ကြာချည် တဖက်ထည် ဘ့  မရွှေဖဲမယ် လိုချင်တာတောင် ဈေးကြီးလွန်းလို့  ကိုင်ပဲကိုင်ကြည့်ခဲ့ရပါတယ်
တကယ်ဝယ်မယ်ဆိုရင် ကြာချည်ယက်ရလုပ်ရတာ မြင်ရခဲ့ပီမို့  တန်ပါတယ်လို့  ဖြေလို့ ရပေမယ့် မရွှေဖဲသာ ဒီကြာချည်တဖက်ပတ်လိုက်ရင်ဖြင့် မြင်သူအပေါင်းက ဂုံနီအိတ်အပိုင်းပတ်ထားတယ်လို့ အထင်တော်မှားလောက်တဲ့ ဥပဓိရုပ်နဲ့ အရပ်အမောင်းကြောင့် နှမလက်လျှော့နေလေရော့ဆို မ၀ယ်ခဲ့တာပါ
ဆိုင်ရှင်ကပြောပါတယ် ဒီတဖက်အပိုင်းလေးရဖို့ ကြာပင်ပေါင်း ၆သောင်းဆိုလား ဘာလား သေချာမမှတ်မိလို့ ပါ သူကတော့ သေချာရှင်းပြပါတယ်
ဟောဒါက ပိုးထည်လေးတွေပါ မိခင်ကြီးက သူ့ အတွက် မင်လာဆောင်ဝတ်ဖို့  ဒုတိယမြောက်က စိမ်းနုလေးကို ရွေးပါတယ် ဈေးကတော့ မြန်မာငွေ သုံးသောင်းလားမသိ သေချာမမှတ်မိဘူး
မိသားစုတွေ ဘယ်သွား၂ သူ့ ဒေသထွက် သူ့ ရိုးရာတွေကိုတော့ တယောက်တမျိုးဝယ်ကြတဲ့ အလေ့ရှိတယ်
မိသားစုတွေ ဘယ်သွား၂ သူ့ ဒေသထွက် သူ့ ရိုးရာတွေကိုတော့ တယောက်တမျိုးဝယ်ကြတဲ့ အလေ့ရှိတယ်
မ၀ယ်ရတော့ ရိုက်တယ်ကွာဆိုပီး ရိုက်ခဲ့တဲ့ ကြာချည် တဖက်ကလေးတွေပါ အနီ အညိုနဲ့  အသားရောင်တွေရှိပါတယ် ဒေါ်လာနဲ့ လည်းဝယ်လို့ ရပါတယ်
ဟောဒါက ဒါ့ပုံမရိုက်ရဘူးလို့ ပြောလာတဲ့ ပိုးထည်ချိတ်အဆင်တွေပါ ဆောဒီးပါကွယ် မရွှေဖဲက လက်မြန်တယ် ဒီတော့ တပုံတော့ ရိုက်လိုက်မိတယ်
ကဲ မရွှေဖဲတို့  မိသားစု ဆိုင်ထည်ဝင်ပီး အထည်တွေရွေးလိုက် ၀ယ်လိုက်နဲ့  ကြိုက်ရာဝယ်ပီးသကာလ နောက်တနေရာကို ခရီးဆက်ကြပြန်တယ်
နောက်ခရီးကို မရွှေဖဲတို့  ဘယ်ကိုသွားမလဲဆိုတာ သည်းခံပီးစောင့်ကြည့်ပါဦးလို့  မေတ္တာရပ်ခံရင်
ဘလော့လာဖတ်သူ မိတ်ဆွေအပေါင်း ပျော်စရာ နိုဝင်ဘာလလေးဖြစ်ပါစေ
မှတ်ချက် -- ဒါနဲ့ မေ့သွားလို့  ကိုယ့်လိုလူများ အင်းထဲရောက်လို့  ဟိုဟိုဒီဒီရောက်သွားရင် E ကိတ်စဖြေရှင်းဖို့  နေရာခက်ရင် ဟောဒီက ဆိုင်မှာ အဆင့်အတန်းမှီ၂ အိမ်သာများရှိပါကြောင်း ရှိဆို သူကလည်း နိုင်ငံခြားသား ဧည့်သည်တွေလာကြည့်ကြတာကိုး မရွှေဖဲတို့ အကြိုက် မွန်းလိုက်တော့မဟုတ်ပါဘူး စပါယ်ရှယ်အိမ်သာပါ :P :P
ဆိုင်ရှင်ရေ အထည်လည်းကြော်ငြာပေးတယ် အိမ်သာလည်းကြော်ငြာပေးတယ်နော် :P :P
မှတ်ချက် -- ဒါနဲ့ မေ့သွားလို့  ကိုယ့်လိုလူများ အင်းထဲရောက်လို့  ဟိုဟိုဒီဒီရောက်သွားရင် E ကိတ်စဖြေရှင်းဖို့  နေရာခက်ရင် ဟောဒီက ဆိုင်မှာ အဆင့်အတန်းမှီ၂ အိမ်သာများရှိပါကြောင်း ရှိဆို သူကလည်း နိုင်ငံခြားသား ဧည့်သည်တွေလာကြည့်ကြတာကိုး မရွှေဖဲတို့ အကြိုက် မွန်းလိုက်တော့မဟုတ်ပါဘူး စပါယ်ရှယ်အိမ်သာပါ :P :P
ဆိုင်ရှင်ရေ အထည်လည်းကြော်ငြာပေးတယ် အိမ်သာလည်းကြော်ငြာပေးတယ်နော် :P :P
ချည်ထည်လေးတွေ သဘောကျတယ်။ ကြာတဘက်တော့ ဂုံနီအိပ်အရောင်အစား ဆင်စွယ်ရောင်လေးဆို တော်သေး... :D
ReplyDeleteဟုတ်တယ် တခြားအရောင်လွင်၂လေးဆိုရင်တောင် ၀ယ်ဖြစ်မလားပဲ ချည်ထည်လေးတွေလည်း တန်တယ်
ReplyDeleteနားလို့ရတဲ့နေရာကအကျယ်ကြီးပါလား...။ အင်းထဲသွားပြီးဘုရားဖူး..ညောင်ရွှေအမျိုးတွေအိမ်ဝင်လည်ပြီးပြန်ဖြစ်တာများတယ်ဗျ.... အဲဒီဘက်တွေမရောက်ဖူးဘူး..။
ReplyDeleteနောက်တစ်ပိုင်းမြန်မြန်ဆက်ပါဗျိုပ...။
ဟုတ်တယ်ဖြိုးရေ အကျယ်ကြီးပဲ ဒါမယ့်မနားခဲ့ပါဘူး ဈေးဝယ်နေလို့ 
ReplyDeleteနောက်တခေါက်သွားရင် အရောက်သွား နောက်တပိုင်းဆက်ချင်သော်ငြား ပုံတွေအတင်ကောင်းလို့  ဆက်တင်လို့ မရပါဘူးဆိုပီး ဘလော့မှာပေါ်နေလို့  ငြိမ်နေရတယ် ဒီက စာထက် ပုံတွေတင်ချင်တာ စားစရာတွေဘာတွေ သည်းခံစောင့်နော် အကြံမရရင်တော့ ပိုက်ပေးဝယ်ပီး တင်ရတော့မှာပေါ့
ပိုးထည်လေးတွေအကုန်ကြိုက်တာ...ဒီတခါသွားဖြစ်ရင် သွားငမ်းရမယ်... ဈေးကကြီးတော့ ဝယ်ချင်တိုင်းဝယ်နိုင်မှာမဟုတ်ဘူး....း(
ReplyDeleteကြာခြည်တဘက် နီညိုရောင်လေး လိုချင်တယ် ။
ReplyDeleteဟုတ်တယ် မမလွင် လိုချင်စရာလေး ဒါပေမယ့် ဈေူးသိပ်ကြီးတယ်
ReplyDelete