Friday, November 9, 2012

ခရီးစဉ် ၁ (သို့ ) မြန်မာ့ပထ၀ီ ပြန်လည်လေ့လာခြင်း အပိုင်း ၂

ဘယ်သွားမလဲ မရွှေဖဲ
ဘုရားပွဲကို ကားနဲ့ ဆို

 စိမ်းစိမ်းစိုစိုနဲ့  ကြည်ကြည်လင်လင်
ဒီချောင်းလေးတွေက ဟိုးအောက်ဖက်မှာ ပန်းလောင်ချောင်းတို့  ဇော်ဂျီမြစ်တို့ ရဲ့  မြစ်ဖျားခံရာဒေသ
(ကိုယ့်ထက် ပထ၀ီညံ့သူများ အဲ့မြစ်သေး၂တွေက ဘယ်နားလဲ မေးမစိုးလို့  တခါတည်းဖြေလိုက်မယ် လယ်တွင်းကိုးခရိုင်လို့ ခေါ်တဲ့ မြစ်သားမြို့ နယ် ကျောက်ဆည်မြို့ နယ်တို့ မှာရှိတယ် ရှေး၂တုန်းကဆို အနော်ရထာမင်း ဆည်တည်ပီး ဆောက်ခဲ့တဲ့ ဆည်တွေနဲ့  မြစ်ပေါက်စလေးတွေ အခုထိလည်း ရှိတယ်)

 မြက်ရိုင်းပင်တွေများနဲ့  တောင်ပေါက်စန

 လမ်းတွေက အရင်ကထက်စာရင် အတော်ကောင်းလာတယ်ပြောရမယ် လမ်းတလျှောက်လည်း တောင်ဖြိုလမ်းချဲ့ နေတာတွေရှိတယ်
ရေတွေကတော့ တနေရာနဲ့ တနေရာ မတူကြဘူး ဒါပေမယ့် ဒါတွေက သဘာဝရဲ့  လက်ဆောင်မွန် အလှတရားတွေ အချိန်ရရင် ချောင်းထဲဆင်းပီး ကျောက်တုန်းပေါ်ကနေ ရေကလေးတွေကို လက်ကလေးနဲ့  ထိပီး လှမ်းဆော့ချင်တယ်

 ဒီနေရာက ရေကျတော့ ရေနောက်တွေ လက်ဖက်ရည်ရောင်နဲ့ မတူဘူးလား

တတောင်ပေါ် တတောင်ဆင့် တောင်အမြင့်ပတ်ခြံရံလို့ 
ဒါဆိုရင်တော့ မရွှေဖဲ သွားမယ့်ခရီးလမ်း မှန်းဆလို့ ရလောက်ရောပေါ့
ကဲ အားလုံးပျော်၂ပါး၂ရှုခင်းတွေကြည့်ရင်း မရွှေဖဲ ပွားမယ့်စကားတွေ နားထောင်ကြတာပေါ့နော်

 ကြည်နူးစရာတောတောင်တွေရယ် ချောင်းကလေးရယ် အိမ်ကလေးတွေရယ်
တကယ်ပါ စိတ်ထဲ အဲလိုနေရာမျိုးလေးမှာ အေးအေးချမ်းချမ်းနေချင်စိတ်ပေါက်မိတယ်
အင်တာနက်မရှိ ဆူညံမှုမရှိ သဘာဝကို သဘာဝအတိုင်းခံစားနိုင်တဲ့နေရာလေးတခုပေါ့
စားစရာဝယ်ဖို့  ပိုက်ဆံတော့ လှမ်းပို့ ကြပေါ့အေ :P :P

ရေကြည်၂ချောင်းနဘေး ရေချိုးမယ့် လုံမငယ်
ဟိုငယ်ငယ်တုန်းက ဒီလိုမျိုး ချောင်းငယ်လေးထဲမှာ ရေကစားခဲ့ဖူးတယ်

 တချို့ နေရာတွေမှာ ခုလို သပ်သပ်ရပ်ရပ်လေး အိန်ဒရေ ရရ (စာလုံးပေါင်းသည်းခံ) စီးဆင်းတယ်

 ဟောဒီက သင်္ဘောသီးတော်ရေ့ 
ကြည့်ပါဦး အသီးတွေများ အားရစရာ အောက်နားဆီက စိမ်း၂အခင်းက ဘာတွေပါလိမ့်
အဲ့ဒါ ရေထဲမှာပေါက်တဲ့အပင်တွေဗျ ဒါပေမယ့် ကန်စွန်းရွက်တော့မဟုတ်ဘူး
အဖြေမသိရင် ခရီးကပြန်လာရင်ပြောပြမယ်

 တောင်ကတုံးမြင်တော့ မောင်ဖုန်းရင်ထဲ မချိပါ
စကားကြီးကြီးကျယ်ကျယ်ပြောလိုက်ဦးမယ် ဒီလိုတောင်ကတုံးတွေမြင်တော့ ရင်ဘတ်ထဲမှာ တကယ်စိတ်မကောင်းဘူး ခံစားရတယ် တောတောင်ဆိုပီး ရှေးတုန်းကစာဖွဲ့ ကြတယ် ပြောကြတယ်
ခုတော့ ဘယ်မလဲ တော
ခေတ်စကားနဲ့  ပြောရရင် တော မှာသွားပြောဆိုတဲ့ စကားမျိုးဆိုရင် ပြန်မေးမယ် ဘယ်မလဲ တော
လူတွေ ထိပ်ပြောင်ရင် ဆံပင်မရှိတဲ့ ကတုံးဖြစ်ရင် ကုသမယ့် 101 ရှိတယ်
တောင်တွေကတုံးဖြစ်ရင် ကုသမယ့် 101 ကော ရှိသလား
သေချာတာကတော့ လူ ၁၀၀ မှာ ၁၀၁ ယောက်က သဘာဝကို ဖျက်ဆီးမယ့် တောတွေကိုဖျက်ဆီးမယ့် အကြံတွေရှိနေကြတာပဲ ဘယ်သူတွေမှာ တာဝန်ရှိသလဲမေးရင် ဟိုးအထက်ကိုကြီး လက်ညှိုးထိုးမယ့်သူကြီးပဲ တကယ်က လူတိုင်း လူတိုင်းမှာ သဘာဝကို ထိမ်းသိမ်းဖို့  တောတောင်ရေမြေကို ထိမ်းသိမ်းဖို့ တာဝန်ရှိတယ် ဒါဆို နင်ကရော ဘယ်လောက်လုပ်ထားလို့  ဆရာလာလုပ်နေတာလဲလို့  အချဉ်ပေါက်၂နဲ့ မေးရင် ပြန်ဖြေမယ် သဘာဝထိန်းသိမ်းဖို့  လိုအပ်တဲ့နေရာကနေ ကူညီပေးပါဆိုရင် လူအားနဲ့ မကူညီနိုင်ရင် ငွေအားနဲ့ တတ်နိုင်သလောက်ကူညီပံ့ပိုးပေးမယ်
သေချာတာကတော့ သစ်ပင်တပင်ကိုမှ ကိုယ့်လက်နဲ့  မဖျက်ဆီးခဲ့ဖူးသလို ပျက်စီးအောင်လည်း အားမပေးခဲ့ဖူးဘူး
 စိတ်မချမ်းမြေ့ဖွယ် မေ့ တောင်ကတုံး လုံးလုံး
ဖခင်ကြီးက ပြောတယ် တောတွေပျက်ခါနီးရင် ၀ါးပင်တွေပေါက်လာတယ်တဲ့
အခုတော့ တောတွေပြုန်းယုံတင်မကဘူး ၀ါးပင်တောင် အပေါက်နည်းသွားပေါ့
ရာသီဥတုကိုပြောရရင် အရင်က အောက်ပြည်မှာ စိုစွတ်တယ် အညာမှာ ပူပြင်းချောက်သွေ့ တယ် တောင်ပေါ်မှာ အေးတယ်
ခုတော့ ရန်ကုန်ကစလာကတည်းက ဒီပူပြင်းတဲ့ရာသီဥတု ခုထိ အေးလာတယ်လို့  သိသိသာသာ ဖြစ်မလာသေးဘူး သိပ်ကွာခြားတဲ့ရာသီဥတုဖြစ်မလာသေးဘူး
ဟိုးခပ်ငယ်ငယ် ကလေးတုန်းက အမ၀မ်းကွဲမင်္ဂလာဆောင်လာဖူးတယ် ဧပြီ မေလိုမျိုးတောင် မနက်ဆို ရေက အပေါ်မှာ ရေခဲပါးကလေးလို တင်း၂လေးဖြစ်နေတာမျိုး
တကယ်ပါ လမ်းတလျှောက်လုံး တောပြုန်းနေတဲ့ တောင်ကတုံးတွေကြည့်ပီး သဘာဝကို ထိန်းသိမ်းဖို့  သိပ်ကိုလိုအပ်နေပါလားလို့  တွေးမိတယ် အဖွဲ့ အစည်းတွေဖွဲ့ ဖို့ လိုမယ် လူတွေကလည်း လိုက်နာဖို့ လိုမယ်

ကလောမြို့ ကို ရောက်တယ် လျှောက်လည် ဒါက သီချင်းထဲက ကိုယ်ကတော့ ကားပေါ်ကနေပဲ မျက်လုံးနဲ့ လျှောက်လည်ရတယ်
 အရင်တုန်းကတော့ အစိုးရရုံးစိုက်ရာ အေးချမ်းသာယာတဲ့မြို့ ကလေး ကလောပေါ့
အခုလည်း အေးအေးချမ်းချမ်းသာသာယာယာပါပဲ

 ဒေသထွက်လက်ဆောင်တွေရောင်းတဲ့ဆိုင်လေးတွေ

 တောင်ကုန်းလေးတွေပေါ်က အိမ်ကလေးတွေက ဟိုနားဒီနား
ပိုက်ဆံရှိရင် ကလောမှာ အိမ်ကလေးတလုံးလောက်တော့ လိုချင်သား

 မြို့ ထဲ လမ်းဘေးဝဲယာက အိမ်ကလေးတွေနဲ့  အေးချမ်းတိတ်ဆိတ်တဲ့ မြို့ 

 ချစ်စရာအိမ်လေးတွေနဲ့  ချစ်စရာကောင်းတဲ့မြို့ 

 တိမ်တွေ တောင်တွေနဲ့  ပန်းရိုင်းတွေတောင် လှတဲ့မြို့ 

 ထင်းရှူးပင်တွေ အစီအရီနဲ့  စိမ်းလန်းတဲ့မြို့ 

 ဟောဟို တောင်ကုန်းမြင့်ပေါ်က သစ်ပင်တွေကြားက အဆောက်အဦးလေးက တခါက မောင်ငယ်လေးရုံးထိုင်ရာနေရာလေး

 ဒီလိုတော့လည်း သဘာဝတရားကြီးက လှပစိမ်းလန်းလို့ 

 တောင်တွေကြားထဲက မြေပြန့် ချိုင့်ဝှမ်းနေရာလေး

 တောင်တွေတိုင်းကို အခုလို မြင်ရရင် ဘယ်လောက်ကြည်နူးစရာကောင်းလိုက်မလဲ

 ကလောမြို့ ကအထွက် အောင်ပန်းမြို့ ကိုအ၀င်
ဒါလည်း မောင်ငယ်လေးတို့  နေခဲ့ဖူးတဲ့နေရာဖြစ်ဖို့ များမယ်
အမှတ်တရ အဝေးကြီးကိုလှမ်းရိုက်ထားတာ

 ဒီပေါ်က ဘုရားလေးကိုလည်း မောင်ငယ်လေးတို့ တတွေ တည်ထားပူဇော်ခဲ့ကြတာလို့  ပြောတယ်

 စိမ်းလန်းစိုပြည်သော နေရာလေးတခု

 အောင်ပန်းမြို့ လေးထဲကို ၀င်လို့ လာပြီ တကယ်က ကလောမြို့ ထက် အောင်ပန်းမြို့ လေးက ပိုစည်ကားတယ်

 အဖိတ်နေ့  ဆွမ်းခံဖြစ်ဖို့ များတယ် ချစ်စရာကလေးလေးတွေ ၀တ်ဖြူစင်ကြယ်လေးတွေနဲ့  ဘုရားအလုပ်ကို ခုလိုလုပ်နေတာတွေ့ တော့ ၀မ်းသာကြည်နူးမိတယ်

 ကားတွေရပ်နားတဲ့ ချယ်ရီပျော်ပွဲစားရုံနဲ့  ဒေသထွက်လက်ဆောင်ရောင်းတဲ့ဆိုင်လေးတွေ

 စိမ်းလန်းတဲ့စပါးစိုက်ခင်းတွေရယ် ဟိုစင်ကလေးတွေအပင်တွေက ကိုယ့်အကြိုက် စူကာညွန့် ခေါ် ဂေါ်ရခါးပင်တွေပေါ့
ဒါက အောင်ပန်းကနေအထွက်နေရာလေး

 ဟဲဟိုး ချိုင့်ဝှမ်းတနေရာက မြူခိုးလေလား မီးခိုးလား

ဂေါ်ဖီထုပ်ကားတွေဆိုတာ တလမ်းလုံးတွေ့ နေရတာ ကုန်ကားတွေနဲ့ ရော အခုလို ပွဲရုံကိုပို့ မယ့် ထော်လာဂျီတွေနဲ့ ရော

 ဟာ ဟိုမှာ လိန်ပျံကြီး ဒါပုံရိုက်ရိုက်ဆိုပီး ၀ိုင်းရိုက်လိုက်ကြတာ မသိရင် တောကနေ ခုမှတက်လာတဲ့သူတွေလိုပဲ ဖခင်ကြီးက မင်းတို့ ကွာဘယ်နှယ့် တောင်ပေါ်လာပီး လိန်ပျံပုံရိုက်ရတယ်လို့ 
အိမ်မှာ နေ့ တိုင်း အချိန်တိုင်း မမြင်ချင် မကြားချင်မှအဆုံးဟာကိုဆိုမှ အရှက်ပြေ
ဟဲဟိုးလိန်ပျံကွင်းကနေ တက်တာဆိုတာသိရအောင်ပါဆိုပီး ပြန်ပြောပီး ရီနေရတယ်
ထပ်ရီရတာက အဲ့လိန်ပျံမြင်မှ ဟဲဟိုးလိန်ပျံစီးတဲ့အကြောင်း ရေးထားတဲ့သီချင်းတပုဒ်သတိယပီး ပြောပီး ထပ်ရီရပြန်ကော ကလေးတွေက မသိဘူး အဲ့သီချင်း (ဟမ်) ဒါဆို ငါက အတော်ကြီးနေလို့  အဲ့ခေတ်ဟောင်းသီချင်းသိနေရတာလားလို့  တကယ်က ပြန်ဆိုတေးကြားဖူးတာပါ ဟဲဟဲ ပြန်လျှောချ
 ဟောဟိုမှာ မြင်ရတာကတော့ နာမည်ကျော်

ဘ၀သံသရာ ရထားလမ်းကြီးပါပဲ
ဘာလို့  ဘ၀သံသရာလို့  မှည့်ရတာတုန်းလို့  လူကြီးတွေမေး
ဦးသုခရဲ့ ဘ၀သံသရာဇာတ်ကားထဲမှာ ပါတယ် (ဒါတော့ မကြည့်ဘူး မသိဘူးတာသေချာတယ် ဒါဆို ငါ ငယ်သေးတယ် အပေါ်က သီချင်းကြောင့် စိတ်ဓါတ်ကျသွားတာ ပြန်ဆွဲတင်)
ဒီရထားလမ်းက ပြီးရင် ဒီရထားအောက်ဘက်ကနေ ပြန်ဖြတ်သွားတယ် သံသရာတပတ်လည်သလိုပဲပေါ့
အောက်က သီချင်းစာသား အပေါ်ဆုံးနဲ့ အောက်ဆုံးကို ဂူဂယ်မှာရိုက်ပီး Myanmar Songs သူများဆီကဟာ ကော်ပီကူးထည့်လိုက်တာ ဖတ်ကြည့်တော့ အဓိပ္ပါယ်သိပ်ကောင်းတာပဲ 

ဘဝသံသရာ ရှည်လျားထွေပြား မနေမနား တသွားတည်းသွားကြတာ
 
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွာလာ
~-~-~-
တွေ့ကြုံ ဆုံကွဲ ခရီးထဲ ဝမ်းနည်းဝမ်းသာ ဝိပ္ပံလာ 
 
ဖြစ်ချင်တာလည်း မဖြစ်ရပါ မဖြစ်ချင်တာလည်း ဖြစ်ရတာ
 
ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ မဖြစ်ချင်တာတွေလည်း ဖြစ်ရတာ
 
သုံးဆယ့်တစ်ဘုံ ဝဋ်အတွင်းရောက်တော့
 
ကရွတ်ကင်းလျှောက်တဲ့ တေးဘုံမ္မာ 
 
အဲဒါ အဲဒါ အဲဒါ ဘဝသံသရာ
---------
 တောင်တွေရယ် ရေတွေရယ်

 ပါးအို့ နီနီလေးတွေ စကားသံဝဲ၀ဲလေးတွေနဲ့  ချစ်စရာကောင်းအောင်ပြောတတ်တဲ့ ရိုးသားတဲ့ နန်းတို့ ချယ်ရီမြေကို ကိုယ်အရောက်လှမ်းခဲ့ပီပေါ့ကွယ်
သတိ ရှေ့ တွင် ရထားသံလမ်းရှိသည် :P
 သစ်ပင်မုခ်ဦးတန်းလေး လှတယ်နော်

 ရွှေညောင်မြို့ မှ ကြိုဆိုပါ၏
ဒီမှာ ကိုယ့်ကိုယ်ကို ပထ၀ီညံ့မှန်းသိသွားတယ်
ကိုယ်သွားမယ့်နေရာကို တောင်ကြီးမှာပဲရှိတယ်ထင်တာ ဖခင်ကြီးက မဟုတ်ဘူးလေ တောင်ကြီးမရောက်ခင် ရွှေညောင်ကနေ လမ်းခွဲရမှာလေဆိုတော့ ဟင် ဒါဆို တောင်ကြီးနဲ့  မဆိုင်ဘူးပေါ့ဆိုတော့ အေးလေ အဲ့ဒါမသိဘူးလားတဲ့ ဟင့်အင်း မသိဘူး စိတ်ထဲတောင်ကြီးထဲပဲထင်တာ
မလာခင်က မြေပုံမှာကြည့်တော့ သိပ်မဝေးဘူးလားလို့ ဆိုတော့မှ ဖြစ်မှ ဖြစ်ရလေ ပထ၀ီညံ့ချက်ကတော့ လေ့လာဖို့ အတော်လိုမယ်တဲ့

 အနောက်ဂေါယံမှာ ရှင်နေမင်းတောင် ၀င်တော့မှာပါလား
ပြောပြရဦးမယ် အဲ့နေ၀င်ချိန်မှာ တိမ်တွေက အဲ့ပုံထဲကအတိုင်း ခဲသားရောင်လေး သိပ်လှတယ်
တခါမှ နေ၀င်ချိန်မှာ ခဲသားရောင်ကိုမမြင်ဖူးဘူး ပုစွန်ဆီရောင်လိုလား အဲ့ဒါတော့မြင်ဖူးတယ် မကြိုက်ဘူး အဲ့အရောင်ကို စိတ်ထဲ ကြောက်စရာအရောင်လို့ ထင်လို့  အခုခဲသားရောင်လေးက စိတ်ထဲ သိပ်လှတယ်ထင်တာပဲ တိမ်အရောင်တွေ သိပ်မသိတာလည်းမပြောနဲ့  ကောင်းကင်က တိမ်တွေကို မော့ကြည့်ရတာ သိပ်မကြိုက်လှဘူး မွန်းကြပ်လို့  ညဆိုရင်တော့ ကြယ်တွေကို တမေ့တမောငေးဘူးတယ် ကြည့်ဘူးတယ်

အဲ့ ဖြူဖြူအပင်တွေရယ် နောက်ခံအရောင်ရယ်ကို သေ၂ချာ၂ဒါ့ပုံရိုက်ယူရရင် သိပ်လှမယ်ထင်တယ်
အခုက ကားပေါ်ကနေ ရိုက်ရတာ သိပ်အဆင်မပြေဘူး

 မြို့ အ၀င်နားက ဘုရား မြေပြန့် က ဘုရားပုံစံတွေနဲ့  သိပ်မတူဘူးလို့ ထင်မိတယ် ယိုးဒယားဘက်က ဘုရားတွေလိုလိုပေါ့
 ဟောဟိုမှာလည်း ရွှေရောင်ဘုရားစေတီလေးရယ် ရေတွေရယ် လှေတွေရယ်နဲ့  အင်းလေးရေပြင်ရဲ့  တစိတ်တပိုင်းက မရွှေဖဲကို ကြိုလို့ နေ

 မြို့ အ၀င်လမ်းကလေးကလည်း သစ်ပင်တွေဝယ်ယာနဲ့  သိပ်အေးချမ်းတယ်

 အဲ့ဒါ ညောင်ရွှေမြို့ ကလေးပေါ့
အပေါ်တုန်းက စကား ပြန်ဆက်ရဦးမယ်  ဖခင်ကြီးနဲ့  ရွှေညောင်မှာလမ်းခွဲသွားမယ်ဆိုတော့ ဘယ်လဲဆိုတော့ ညောင်ရွှေတဲ့ ညောင်ရွှေမှာရှိတာတဲ့ အခုရောက်နေပီလေ ဆိုတော့ အခုဟာ ရွှေညောင်လေ အော်ဟုတ်သားပဲ စိတ်ထဲ အတူတူထင်နေတာ ဇဝေဇ၀ါ နာမည်ကလည်းကြည့်ဦးလေ ရှေ့ နောက်ပြောင်းပြန် ဒါနဲ့  ညောင်ရွှေ ညောင်ရွှေဆို ပါးစပ်က တိုးတိုးကလေးရွတ်ရင်း ဒါ့ပုံရိုက် အလှူခံတွေထည့်ရင်းမေ့သွားရော
ဒါနဲ့ ပြန်မေးရရော အခုသွားမှာ ရွှေညောင်ဟုတ်သလားဆိုတော့ မဟုတ်ဘူး ညောင်ရွှေပါဆိုနေဆိုမှဆိုမှ ဒီတခါ မမေ့အောင်နေမှ ထပ်မေးရင် ကားပေါ်ကနေ ကန်အချခံရတော့မယ်ဆိုပီး တိတ်၂နေ
ဒါနဲ့ ပြောရဦးမယ် လမ်းတလျှောက်လုံး အလှူခံတွေဆိုတာ မနည်းဘူး မနည်းဘူး
မိခင်ကြီးက ၁၀၀ တန် ၂၀၀ တန်တွေ အုပ်လိုက်ထည့်လာတာ ခေါက်ပီး တလမ်းလုံးထည့်လာတာ လောက်တောင်မလောက်ဘူး ဘုရားပွဲချိန်ဆိုတော့ အနီးအနားက အလှူခံတွေလာကြတာကိုး ကိုယ်မှ ဘုရားမတည် ကျောင်းမတည်နိုင်သေးတော့ ဒီလို သေး၂မွှား၂လေးတွေကို စိတ်ထဲ အပြစ်မမြင်မိပါဘူး ကိုယ်နိုင်သလောက်လှူတာပဲ ပျော်စရာသိပ်ကောင်းတာပဲ

 ညောင်ရွှေမြို့ မှ လှိုက်လှဲစွာကြိုဆိုပါ၏ တဲ့ခင်ဗျာ

 မြို့ ကလေးက ဆူညံအသက်ဝင်နေတာပဲ
ဝင်ဆို မနက်ဖြန်မနက်အစောကို အင်းလေးဖောင်တော်ဦးဘုရားလေးဆူက ညောင်ရွှေမြို့ ကလေးကစံကျောင်းမှာ  ၃ရက်တာ ခေတ္တကျိန်းစက် အပူဇော်ခံမှာဆိုတော့ အနီးအနားရွာလေးတွေက လူတွေကလည်း ဘုရားဖူးလာကြ ရပ်ဝေးကသူတွေ နိုင်ငံခြားသားဧည့်သည်တွေလည်း လာကြဆိုတော့ မြို့ ကလေးက အရင်ကထက် အသက်ဝင်လှုပ်ရှား ပျော်စရာပေါ့
မရွှေဖဲတို့ လည်း အင်းလေးထဲမှာ ဖောင်တော်ဦးဘုရားကြွလာမှာကို ရိုးရာအစဉ်အလာပုံစံအတိုင်း ကြိုဆိုပူဇော်ချင်တာကြောင့် ခုလို ညောင်ရွှေကို ကြိုတင်ရောက်လာရခြင်းဖြစ်ပါတယ်

 ဘုရား အပူဇော်ခံမယ့် စံကျောင်းတော်ဝန်းကျင်မှာ အခုလို ဘုရားပွဲဈေးတန်းကြီးကလည်း စည်၂ကား၂

 အနုဆုပ်လို့ ခေါ်တဲ့မုန့်  သကြားနဲ့ လုပ်တာရယ် ထန်းညက်နဲ့ လုပ်တာရယ်
ဆန်မှုန့် တို့ ဖွဲနုမှုန့် တို့ နဲ့ လုပ်တာနဲ့ တူတယ် ဒါမြင်တော့ ဟိုတခါ ဖဘမှာ အနုဆုပ်စားချင်တယ်အော်နေတဲ့ နန်းညီကိုတောင် သတိရမိသေးတယ်

 ရွာအနီးနားကလာတဲ့ ပအိုဝ့်အမျိုးသမီးတွေ ဈေးဝယ်နေကြတယ်
အဲ့အချိန်က နိုင်ငံတကာပြိုင်ပွဲမှာ မြန်မာပြည်က ပအိုဝ့်မလေးကလည်း နာမည်ကျော်နေတာပဲ
အော်မေ့နေတာ အချိန် ပြောဖို့  မနက်စောစော ၅ နာရီက ထွက်တယ် ညောင်ရွှေကို ညနေ ၅ နာရီမှာရောက်တယ် လမ်းခရီး အဆင်ချော၂ပဲ အမြန်လမ်းမကြီးကောင်းမှု သာဓု သာဓု
အိမ်သာမရှိ လွင်တီးခေါင်ပြင်ဖြစ်တဲ့အတွက် တခါလျှော့ခေါ်တာ :P :P

ဟိုတယ်က ဘန်ဂလိုလေတွေ ၂ယောက်ခန်း ၃ယောက်ခန်းတထပ်တိုက်နဲ့  လမ်းအတွင်းဖက်မှာ အေးအေးချမ်းချမ်းလေး ညကျ နည်းနည်းအေးလာတယ် အဲယားကွန်းဆိုတာကြီးမလိုဘူး ရှိလည်းမရှိဘူး ပန်ကာတော့ထားပေးတယ်
တွေ့ တယ်မလား အားပါးတရ အလှဆင်ထားတဲ့ သစ်သားတွေ အဲ့ဒါတွေကြောင့် သစ်တောပြုန်းတီးတာ

 ကဲ နားနားနေနေ အိပ်ရအောင် မင်းတမီး၃ယောက်အတွက် အိပ်ယာ၃ ခု
မြန်မာပြည်ရဲ့ တည်းခိုခန်းများဟာ တခြားနိုင်ငံများလို Star သိပ်မရှိပဲ ပိုက်ဆံတော့ အတော်ပိုယူပါတယ်
ဒါကိုလည်း ဟိုတယ်နဲ့ ဝန်ကြီးက ကြပ်၂မတ်၂စီမံဆောင်ရွက်ဖို့  အများကြီးလိုအပ်တယ်လို့  ပိုက်ဆံမပေးရတိုင်း ဆရာလုပ်ချင်ပါတယ်

 ဟိုတယ်မှာခဏနားပီး ရေချိုး  မြို့ ထဲလမ်းလျှောက် မြို့ ထဲက ဘုရားလေး ပွဲလာတဲ့သူတွေကလည်း များသား
ဖုန်ကတော့ ဘာထူသလဲလို့ မမေးပါနဲ့ တော့ ဆိုင်ကယ်ဆိုတာကလည်း အများသား

 စားသောက်ဆိုင်လေးတွေ သပ်၂ရပ်၂နဲ့  ပီဇာဘာညာတောင်ရသေး
ဆိုင်ကြီးတော်၂များများလည်း သပ်သပ်ရပ်၂နဲ့ ရှိသလို အောက်ကလို ဆိုင်သေး၂မွှား၂လေးတွေလည်း အများကြီးပဲရှိပါတယ် ပွဲတော်ချိန်ဆိုတော့ လူတွေကတော့ စည်တာပေါ့

 ဟောဒီက မုန့် ဖူးစာ စားကြဦးမလားရှင့်
တရွာတပုဒ်ဆန်းဆိုသလိုပဲ အများသိတဲ့ မုန့် လင်မယားကို ဒီမှာ ကဗျာဆန်ဆန် မုန့် ဖူးစာတဲ့
သိပ်ကြိုက် သိပ်ခိုက်သွားပီ နာမည်လေးကို အမယ် English လိုတောင် ဘာသာပြန်ထားသေး ဆိုင်ဘုတ်ဘက်ကမှောင်နေလို့ မရိုက်ခဲ့ရတာ Husband and Wife Myanmar cake ဆိုလားပဲ ဟဲဟဲ မိုက်တယ်
ဘုရားပွဲလာတဲ့သူတွေ စားနေကြတာ

အပျင်းပြေစားဖို့ ရှမ်းတို့ ဖူးကြော်စစ်စစ်ဝယ်စားတယ်
ထုံးစံအတိုင်း စားမယ် ၀ါးမယ်လို့ အသံကောင်းဟစ်သော်လည်း တလမ်းလုံးက နာလာတဲ့ဗိုက်ကြောင့် တို့ ဖူးကြော်လေး ၁ခု ၂ ခုပဲစား တို့ ဖူးယဉ်လို့ ခေါ်တဲ့ တို့ ဖူးနှစ်ရယ် ဂေါ်ဖီနံနံပင် ငုတ်သီးလေးရယ်နဲ့  ကပ်စားရတာ တို့ ဖူးကြော်ကို ဒီဖက်အရပ်မှာ တို့ စားတယ် တူတူစားတယ်မပြောဘူး ကပ်စားတယ်လို့ ပြောတယ် အော် မြင်သာမြင် သိပ်မကြင်ရတဲ့ဘွကြီးလောက်ဆိုးတာဘယ်ရှိမလဲ
ညစာအတွက် ထမင်းစားချင်တဲ့သူကစား ကိုယ်ကတော့ ရောက်တုန်း ရိုးရာမပျက်ရအောင် အင်းလေးဟင်းထုပ်ဝယ်စား ကောင်းမှကောင်း ကိုယ့်လုပ်တဲ့လက်ရာထက်ကောင်းတယ်
ဘယ်လောက်ကောင်းလဲဆို စားပီးမှ ဒါ့ပုံရိုက်ဖို့ သတိရတယ် ဟီးဟီး ဆောဒီး
ဘုရားပွဲဈေးထိမလျှောက်နိုင်တော့ဘူး တလမ်းလုံးကားစီးရတာပင်ပန်းတာရယ် နက်ဖြန်မနက် စော၂ထပီး
ဘုရားကို ကြိုပီး ပူဇော်ဖို့ ရယ်အတွက် ညစာ စားပီးတာနဲ့  ဟိုတယ်ပြန်ပီး အိပ်စက်အနားယူ

မရွှေဖဲရဲ့  မနက်ဖြန်မနက် အင်းလေးဖောင်တော်ဦးဘုရားသွား ခရီးစဉ်လေးကို စောင့်မျှော်ဖတ်ရှုပေးမယ့် မိတ်ဆွေအပေါင်းကိုလည်း ကျေးဇူးတင်ပါတယ်

အားလုံးပဲ ပျော်ရွှင်စရာ သောကြာနေ့ ကလေးဖြစ်ပါစေလို့  ဆုတောင်းရင်း
ခရီးစဉ်  ၁ ရဲ့  အပိုင်း ၂လေးကို အီတွင် ရပ်နားလိုက်ပါတယ်ရှင်



11 comments:

  1. အားကျတယ် .မိသားစုလိုက်သွားရတာျေပ်ာစရာကြီးနေမှာဘဲ ..မေမြို့က ပြည်တော်ချစ်ဘုရားကြီးက ဟင်းထုတ်တော့ သိပ်မကြိုက်ဘူး..း)

    ReplyDelete
  2. မေမြို့ မှာ ဟင်းထုတ်မစားဖူးဘူး မမလွင် အင်းလေးဟင်းထုတ်ကတော့ ကြိုက်တယ် ဟုတ်တယ် မောင်လေးတယောက်ပဲမပါတာ ကျန်တာအစုံပဲ ပျော်စရာကြီး

    ReplyDelete
  3. ဟင်းထုတ်ပုံကျမပါအုံး hit5

    ReplyDelete
  4. တကယ်ပါအေ စားပီးမှ ဟာဆို သတိရတယ် နောက်နေ့ မှာစားတာ နောက်ပိုစ့်ကျရှာတင်ပေးမယ် သိလား :P

    ReplyDelete
  5. ဓာတ်ပုံတွေ တဝကြီးကြည့်ရတာ ကောင်းလိုက်တာ..။ ခရီးထွက်ချင်စိတ်တတွေ တဖွားဖွားပေါ်လာတယ်။ အင်းတိန်ရောက်ခဲ့သေးလား။
    အင်းထဲမှာ ငါးဖိန်းမစားခဲ့ဘူးလား... ရေကြက်ကြော်ရော... ငါးထမင်း၊ ဝက်သားချဉ်၊ ဟင်းထုပ်၊ အင်းမုန့်ဟင်းခါး... အဲ..စားချင်တာတွေများနေပြီ :D

    ReplyDelete
  6. သဘာဝတောတောင်ပုံတွေတင်ချင်တာနဲ့  ဒီတပိုစ့်မှာ ဘုရားသွားတာမပါသေးလို့ ညီမရေ ရောက်ခဲ့တယ် စားခဲ့တယ် အဲ့ဒါတွေ နောက်တပိုင်းမှာ တ၀ကြီးတင်မယ် ပြောရင်းတောင် စားချင်လာပီ ရှလွတ်

    ReplyDelete
  7. ကျွန်တော့်အတွက်တော့ အဲဒီဘက်ကရှုခင်းတွေကမရိုးနိုင်စရာဘဲမပိုးရေ...ပုံတွေအများကြီးတင်ပေးလို့ကျေးဇူးတင်တယ်..။ ဟဲဟိုး အောင်ပန်း ကလော အဲဒီဘက်ကပုံတွေမြင်ရတာလွမ်းစရာ..။ မနှစ်ကကျွန်တော်တောင်ကြီးပြန်တဲ့အချိန်ကမိုးတွင်းဆိုတော့ မှုန်မှုန်မှိုင်းမှိုင်းနဲ့...မပိုးရိုက်ထားတဲ့ပုံတွေကောင်းတယ် ရာသီဥတုလည်းကြည်လင်နေတော့..။ တိုဖူးနှစ်ပြန်ကြော်ကိုပဲချဉ်လေးကပ်ပြီး ကောက်ညှင်းပေါင်းနဲ့စား..ပြီးတော့ရေနွေးကြမ်းလေးသောက်..။

    ReplyDelete
  8. ပျော်စရာကြီးတော်...
    ပုံတွေ ကြည့်လို့  ကောင်းလိုက်တာ... ။

    ReplyDelete
  9. မင်းသမီးလေး၃ယောက်ပုံလဲမပါဘူးကွာ... :(

    ReplyDelete
  10. ဟုတ်တယ် ဖြိုးအဲဗားဂရင်းရေ ရှုခင်းတွေကို လူပုံတွေထက်သဘောကျလို့  အများကြီးရိုက်လာတာ တင်သာတင်ရတယ် ကြည့်တဲ့သူ အီနေမှာစိုးတာ အခုလို အားပေးတဲ့အတွက်ကော လာလည်လို့ ပါ ကျေးဇူးတင်ပါတယ် နောက်တပိုင်းကျရင် မုန့် တွေအ၀စားသွားနော်

    ReplyDelete
  11. :P ရေ ပုံတွေကြည့်လို့ ကောင်းတယ်ပြောလို့  တကယ်ဝမ်းသာမိတယ်

    မမနော် ရှုခင်းပုံလေးတွေက ပိုလှနေလို့  မင်းတမီး၃ယောက်မထည့်လိုက်တာ :P :P

    ReplyDelete