မရွှေဖဲတို့  အနားယူကောင်းလိုက်တာလို့ မထင်ပါနဲ့  မြန်မာပထ၀ီကြီး ကပြောင်းကပြန်ဖြစ်လို့  ငါးမည်ရပြည်ရွှေဘိုကြီးနဲ့  ပတ်ဝန်းကျင် တုန်လှုပ်သွားတာကို စိတ်မကောင်းလို့  အားလုံးအဆင်ပြေ ဘေးရန်ကင်းပါစေ ဆုတောင်းနေလို့  ပိုစ့်အသစ်မတင်ဖြစ်တာပါ
ကဲ ခရီးစဉ်လေးကို ပြန်စမယ်
မရွှေဖဲတို့  မနက်စောစော ၄ နာရီခွဲလောက်ထ ရေမိုးချိုး အလှပြင် တကယ်က သနပ်ခါးပါးကွက်ကြားလူးတာပါ လေအတိုက် နေပူခံနိုင်အောင်လို့ 
ခရီးစဉ်က ဘုရားဖူးခရီးဖြစ်လို့  ခရီးတလျှောက်လုံး ရိုးရာလုံခြည်နဲ့ ဆိုတော့ လှေအဆင်းဘာညာ နည်းနည်းဂရုစိုက်ရတယ်
၆ နာရီမထိုးခင် မှာ ဘုတ်ဆိပ်လို့ ခေါ်တဲ့ စက်လှေဆိပ်ကိုရောက်တယ်
ဧည့်သည်တွေအတွက်က ပုံပါအတိုင်း တယောက်ထိုင်ခုံလေးတွေနဲ့  အသက်ကယ်အကျီလေးတွေနဲ့  သပ်၂ရပ်စီမံထားတယ် စက်လှေငှားခက ၁ရက်ကို ၂သောင်းလားပဲ
၆နာရီမှာ စက်လှေစထွက်တယ် ဟိုအရှေ့ ဆီမှာ ရောင်နီပျို့ နေပီ
ရေလမ်းဘေးတလျှောက်က ရိုးရာအိမ်လေးတွေ အင်းသူအင်းသားများကတော့ အခုစက်လှေထဲကလို ဖျာခင်းပီး လှေဝမ်းထဲလိုက်တော့ လူ ၃၀ နီပါးလောက် ဆန့် တယ် နွေး၂ထွေး၂လေးပေါ့
အင်းရိုးရာအိမ်လေးရယ် မနက်လင်းရဲ့  လှုပ်ရှားနေကြတဲ့ လူနေမှုပုံစံတွေရယ်
စက္ကန့် မလပ် ဒါ့ပုံနဲ့ မှတ်တမ်းတင်မိတော့တယ်
အင်းထဲမှာလည်း အခုလို ဘုရားကျောင်းကန်အဆောက်အဦးတွေနဲ့ 
မနက်စောစော ဘုရားကြွလာတာ ဖူးဖို့  စော၂ထကြတဲ့ အင်းသူအင်းသားများ
ဒီလို အိမ်ကြီးရခိုင်တွေရှိသလို
အိမ်ရှေ့ မှာ ၀ါးကလေးတွေကို ယက်ထားတဲ့ အကွက်လေးကိုတွေ့ လား အောက်မှာ ပြောပြမယ်
ဟောဒီလို တိုက်တာ အဆောက်အဦးတွေလည်းရှိတယ်
ဘုရားစေတီနဲ့  ဓမ္မာရုံ ကုသိုလ်တရားများပွားများနိုင်
ရေပေါ်မှာ အိမ်ကလေးတွေဆောက်မယ်
ဒီအိမ်တိုင်လေးတွေ ရေနဲ့ ထိပီး ခိုင်ပါ့မလားလို့  စိုးရိမ်မိနေသေးတယ်
ကဲ တွေ့ လား ကြာပန်းနီနီလေးတွေနဲ့  ၀ါးအကွက်လေးတွေကြားအလှဆင်ပြင်ဆင်နေတာက ဘုရားကြွလာတာကို ပူဇော်တဲ့ အင်းလေးရိုးရာ ချစ်စရာဓလေ့တခု အဲ့ဒါအိမ်တိုင်းနေရာတိုင်း ရေပေါ်အိမ် ကုန်းပေါ်အိမ်နဲ့ ညောင်ရွှေမြို့ ထဲလမ်းတလျှောက်မှာပါ ပန်းမျိုးစုံနဲ့  ပူဇော်ကြတယ်
လမ်းကို မြေတွင်မတွေ့  ရေတွင်သာ တွေ့ ရသော အရပ်
သူပြိုင်ကိုယ်နိုင် အမြန်မောင်းလို့  ဘုရားကြွလာတာ ကြိုစို့ ကွယ်
ညောင်ရွှေကအထွက်မှာ လမ်းဘေးဝဲယာအိမ်တွေနဲ့  ကျွန်းမြောတွေမြက်ရိုင်းတွေနဲ့  ရေလမ်းလေးက ခပ်ကျဉ်းကျဉ်း
ဟော အရှေ့ ဆီမှာ ရှင်နေမင်းလည်း ထွက်လာခြေပီ ငှက်ကလေးတွေလည်း အစာရှာဖို့  ပျံလေပီ
မြူခိုးလေလား တိမ်တွေလား
မနက်စောစော စက်လှေက ခပ်မြန်၂မောင်းလို့  အေးလိုက်သမှဆိုတာ တကိုယ်လုံးမျက်လုံးကလေးပဲ ဖော်ထားနိုင်တော့တယ် လမ်းတလျှောက်ဖြတ်မောင်းသွားတဲ့ ဒေသခံလှေတွေပေါ်ကသူတွေက ကြည့်ပီး ရီသွားကြတယ်
ဖုံးထားကာမှ တော်ကာကြမယ် မတော် နဂိုမည်းကလေး လေတိုက်လို့  ပိုမည်းသွားမှ စင်ကာပူအ၀င်ခက်နေဦးမယ်
အခုလို ရှေ့ ကစက်လှေတွေအပြိုင်မောင်းတော့ နောက်လှေမယ် ရေတွေစဉ်လို့  လေကတိုက်
ရေမှုန်တွေကစင်လို့  အေးလိုက်တဲ့မနက်
မနက်အစောစာကို ဟိုတယ်က ကျွေးတယ် ဒါမယ့် ၆ နာရီမှစကျွေးတာ ကိုယ်တွေက ၅ ခွဲတာနဲ့  ဘုရားဖူးသွားမယ်ဆိုတာသိတော့ မနက်စာကို ပါဆယ်ထုတ်ပေးလိုက်တယ်
ကြက်ဥပြုတ် တယောက် ၂လုံးစီရယ်ပေါင်မုန့် ထုတ်ရယ် ထောပတ်ပုလင်း စတော်ဘယ်ရီယိုပုလင်းရယ် လိမ်မ္မော်သီးတွေရယ် ငှက်ပျော်သီးတွေရယ် လှေပေါ်မှာ ချမ်း၂စီး၂ ဖခင်ကြီးက ရှေ့ မှာထိုင်ပီး ပြင်ပေး
နောက်က ကိုယ်တွေက တမျိုးပီးတမျိုး တဖောက်၂နဲ့ စား
ရေပေါ်က ကျောင်းကလေးလားမသိ ကလေးလေးတွေ လှေလှော်ပီး ဘုရားကြွလာတာကို ဖူးဖို့ စောင့်နေကြတယ်
တောင်တွေရယ် ရေတွေရယ် ကျွန်းမြောတွေရယ် ရေထဲက အိမ်ကလေးရယ် အရှေ့ ဆီမှာ လင်းရောင်ခြည်ရယ်နဲ့  အင်းလေးမနက်ဟာ အေး၂ချမ်း၂ သာ၂ယာ၂နဲ့  နိုးထ အသက်ဝင်ခဲ့တယ်
ကဲ သူတို့ ကတော့ တကူးတကလှေစီးပီး ဘုရားဖူးစရာမလိုဘူး အိမ်ပေါ်ကနေပဲဖူးယုံပဲ
လမ်းကို မြေတွင်မတွေ့ရ ရေတွင်သာတွေ့ရသောအရပ်၊ ခရီးကို လှည်းနှင့်မသွား၊
လှေနှင့်သွားသောအရပ်၊ လှေကိုလက်ဖြင့်မလှော် ခြေနှင့်လှော်သောအရပ်၊
အိမ်ကိုကုန်းတွင်မဆောက် ရေတွင်ဆောက်သောအရပ်ကိုပြပါဆိုလျှင် အင်းလေးကန်ကိုပြပါမည်
ဒီစာလေးကို တချို့ မှတ်မိကြမယ်ထင်တယ် မရွှေဖဲကတော့ မမှတ်မိဘူး မရွှေဖဲ ညီမအလတ် မရွှေပဲက လမ်းတလျှောက်လုံး တတွတ်တွတ်ရွတ်ပီး ငယ်၂ဖတ်စာထဲကစာတွေပြောလာလို့  မှတ်ထားတာ
အင်းဦးကို ဖြတ်လို့ ကျော်
အင်းသူအဖွားကလည်း ကိုယ်တိုင်လှေကိုလှော်လို့ ဘုရားဆွမ်းတော်ကပ်သွားမယ်
ချစ်စရာကောင်းလိုက်တဲ့ရိုးရာဓလေ့ ဘုရားပန်းလေးတွေအလည်ထားလို့  သောက်တော်ရေ ဆွမ်း ခဲဖွယ် အစုံအလင်နဲ့  ဘုရားကြွအလာမနက်စော၂ ဆွမ်းတော်ကပ်ဖို့ သွားကြတာ
ကဲ တို့ သားအမိတွေ ဘုရားဆွမ်းတော်ကပ်သွားကြစို့ 
တို့  မြေးအဖွားလည်း ဘုရားဆွမ်းတော်ကပ်သွားမယ်
ကဲ ကလေးတို့ ရေ တို့ သားအမိတွေလည်း ဆွမ်းတော်ကပ်သွားကြမယ်
မနက်စော၂ ကလေးတွေနဲ့  ပြုံး၂ပျော်၂
ကဲ သမီးကြီးရေ ခပ်သွက်သွက်လှော်ဟေ့ ဘုရားကြွလာတာ အမှီ
အင်းသူတို့ ညီအမတတွေလည်း အလှူအရေး လက်မနှေးပါဘူးတော် လှော်ကြဟေ့ ငါ့ညီမတွေ ဘုရားဆွမ်းတော်ကပ်အမှီ
ဘိုးဘိုးလည်း ဆွမ်းတော်ကပ်သွားမှာပဲကွဲ့ 
အိမ်တိုင်းမှာ လှေတစင်းကတော့ အနည်းဆုံးရှိကြတာပဲ ကိုယ့်အားကိုယ်ကိုးပီး ဆွမ်းတော်ကပ်သွားကြတဲ့
အင်းသူ အင်းသားတွေ ချစ်စရာကောင်းလိုက်တာ
တောင်တွေကာရံထားတဲ့အလည်မှာ အင်းလေးရေပြင်ပြာ လှေငယ်လေးတစင်းတရွေ့ ၂ လှော်ခတ်လာ
ကဲ ကဲ ဒီအ၀လေးကနေ ဆွမ်းတော်ကပ်ဖို့  စုဝေးကြစို့ အေတို့ ရယ်
ဘုရားဖောင်တော်လှေနဲ့  လွတ်၂ကင်း၂ ဘေးမှာ ကပ်ရပ်ကြပါအေ
အနီးအနားက ရွာတွေက ဘုရားဖူးလာတဲ့သူတွေကလည်း စက်လှေတစင်းနဲ့ အပြည့်
ဒီလိုနဲ့  အင်းလေးရေပြင်ကျယ်ကြီးဆီကိုရောက်လို့ လာပါပီ
ပတ်ပတ်လည်တောင်တွေကာရံထားလို့  အင်းလေးရေပြင်ကျယ်ကြီးက ရှုလို့ မဆုံး ကြည်နူးဖွယ်ကောင်းလေစွ
ဟောဟိုဖက်ကမ်းခြေဆီက တည်းခိုဆောင်တွေကို လှမ်းကာရိုက်တဲ့အချိန်မတော့ မနက် ၆ နာရီ ခွဲလေပီ
နေရောင်ခြည်က တောင်တွေပေါ်ပက်ဖြန်းလို့ 
ဘုရားဖူးလာတဲ့ စက်လှေပေါ်မှာလည်း အန်းဂရီးဘတ်က နေရာယူလို့ 
ဟောဟိုအဝေးက စုစု စုစုနဲ့  နေရာက ဖောင်တော်ဦးဘုရား ကြွချီလာမယ့်နေရာ
ဟော ဟော ရှေ့ တော်ပြေး အင်းလေးရိုးရာ ဖောင်တော်ကို ဆွဲမယ့် ကုသိုလ်ယူတဲ့လှေတွေ သာသနအလံ တလူလူလွှင့်လို့ 
ဘုန်းဘုန်းတို့ လှေလေးက ရှေ့ ဆုံးကနေ သွားနှင့်လေပီ
ပထမဆုံးရောက်လာတဲ့ အင်းလေးရိုးရာ ခြေဖြင့်လှော်တဲ့လှေ
ဟိုးနောက်နားမှာလည်း တတန်းကြီးတသီကြီးတန်းလို့ လှော်လာလေပီ
တစုတဝေးနဲ့ ပျော်စရာကောင်းလေစွ ညီညွတ်ရေးနဲ့ ခင်ခင်မင်မင်ဆိုသလိုပဲ
ဟောဟိုမှာ ရွှေပြောင်ပြပြကလေးလှမ်းမြင်ရတာကတော့ အင်းလေးဖောင်တော်ဦး
အင်းလေးရဲ့  တက်ကစီ
အင်းသူ အင်းသား ရိုးသားဖြူစင်တယ်
ချစ်စရာ အပြစ်ကင်းတဲ့ အင်းသူကလေးတွေ
တဖြည်း၂နဲ့  များလာတဲ့ ဘုရားဖောင်တော်ကို ပင့်ဆောင်မယ့် ကုသိုယ်ယူမယ့် ရိုးရာလှေတွေ
လှေပေါ်က ဈေးသည်လေး
ဟိုရှေ့ ထိ လှေတွေက တမျှော်တခေါ်
များသထက် များလာတဲ့ ဖောင်တော်ဆွဲမယ့် ရိုးရာလှေတွေ
ရွာတွေအလိုက် အဖွဲ့ အလိုက် လှေတွေ
ဟိုးဝေးဝေးတောင်ပေါ်က ဘုရားစေတီရယ် အင်းလေးကန်နဲ့ ရိုးရာလှေရယ်
ဗေဒါနဲ့  ရေမှော် ရေထဲသာပြုတ်ကျလိုက်လို့ ကတော့ ဒီရေမှော်ပင်တွေနဲ့ ညှိပီး သေချာတယ် လူက မြှုပ်မှာ
ဒါကြောင့် လှေပေါ်မှာ တုတ်၂မှကို မလှုပ်ရဲဘူး
ဘုရားဖူးလှေတွေရယ် ဘုရားပင့်ဆောင်ပူဇော်မယ့်လှေတွေရယ်နဲ့  အင်းလေးကန်ရဲ့  မနက်အလှ
လှေအစင်းတိုင်းမှာ ခုလို သီချင်းသံသာတွေနဲ့  ရိုးရာအလှ ကပြဖျော်ဖြေကြတယ်
လှော်ကြမောင်တို့ ရေ နောက်မှာလည်း ပူဇော်ကုသိုလ်ယူမယ့် လှေတွေက မနည်းမနော တို့ ရှေ့ ကနေ အရောက်သွား ဆွဲကြမယ်ဟေ့
လှေတွေက များလွန်းတော့ ရှေ့ ကိုအရောက်သွားကြတယ် လှေတန်းကြီးကရှည်လွန်းတော့ စိတ်ထဲ ညောင်ရွှေထိတောင်ရောက်သွားသလားလို့ ထင်မိတယ် မနက်ဘယ်အချိန်ကတည်းထပီး လှေလှော်ပီး ဖောင်တော်ဆွဲဖို့  ပူဇော်ကြတယ်မသိ
ခြေနဲ့ လှော်တော့ အောက်ပိုင်းတွေ ရေတွေရွှဲလို့ စို မနက်အေးအေးချမ်းချမ်းမယ် မမောမပန်းပူဇော်တာကို ကြည့်ပီး တခါမှမဖြစ်ဘူးတဲ့ ကြည်နူးဝမ်းသာခြင်းတွေဖြစ်မိတယ်
အင်းသူ အင်းသားတွေရဲ့  မြတ်စွာဘုရားအပေါ်ကြည်ညိုပူဇော်ပုံတွေမြင်ရတာလည်း ကြက်သီးထမိတယ်
ကုသိုယ်ယူတဲ့ ဖောင်တော်ဆွဲမယ့်လှေတွေက အင်းသားတွေကို ကုသိုလ်ပြန်ပြုတဲ့ စက်လှေလေးတွေ
စားစရာမုန့် တွေ သောက်စရာ ရေနဲ့ အချိုရည်တွေ ၀ါးစရာ ကွမ်းထုတ်တွေကို လှေပေါ်ကနေ လှမ်းပစ်ပေး ၀ိုင်းဖမ်းကြနဲ့ ပျော်စရာ ဒီလို ကုသိုလ်ပြုတဲ့လှေတွေဆိုတာကလည်း မနည်းမနော
အို ၀တ်စုံတူညီဝတ်လို့  လှော်ကြမယ်မောင်တို့ ရယ် မမောတမ်းမပန်းတမ်းကွယ်
သီချင်းတွေမြိုင်၂ဖွင့်လို့  တို့ အပြိုင်ကစို့ ကွယ်
ဟော အင်းလေးရိုးရာ အင်းလေးကန်အလှ သီချင်းတွေဖွင့်လို့  အခုလို ကပြ ဖျော်ဖြေကြတာကလည်း ကြည့်ရသူ့ အဖို့ ကြည်နူးပျော်ရွှင်ဖွယ်
လှေပေါ်က မတ်တပ်ရပ်ပီး အင်းသားတွေအကနဲ့ အပြိုင် လိုက်ကနေတဲ့ နိုင်ငံခြားသူ အမျိုးသမီးကြီး
သူလည်း ပျော်လို့ 
ဘုရားဖောင်တော်ပင့်ဆောင်ကြဖို့  ညီညီညာညာလှော်စို့ ကွယ်တို့ 
အင်းရိုးရာ အ၀တ်အစားနဲ့  ခပ်သွက်သွက်လေးလှော်စို့ ကွယ်
လှေတစင်းနဲ့ တစင်းကို ကြိုးလုံးခပ်တုတ်၂ကြီးနဲ့ ချိတ်ဆက်လို့  သူပြိုင် ကိုယ်ပြိုင်လှော်လို့ 
မြူး၂ကြွ၂အကအလှနဲ့ လှော် လှော် လှော်ကြ မောင်တို့ 
မြတ်စွာဘုရားရုပ်ပွားတော်တွေ ကြွချီလာတော်မူချေပီ
ရှေ့ တော်ပြေးလှေနဲ့  မင်္ဂလာဖောင်တော်ဦး လှေတော်
ကြည်နူးဖွယ်ကောင်းလေစွ တခါမှဒီလိုမျိုးမမြင်ဖူး မဖူးဘူး မပူဇော်ဖူးတော့ ကုသိုလ်ကံကောင်းလေစွလို့ 
ကိုယ့်ဖာသာတွေးမိတယ် ကိုယ့်ပြည်ကိုယ်ရွာနေပီး ကိုယ့်ရိုးရာဓလေ့ကို အခုအဝေးရောက်မှ လာဖူးရလို့ လည်း ၀မ်းသာမိတယ်
ဘုရားဖောင်တော်ဆွဲကာပူဇော်ဖို့  လှော်ကြမောင်တို့ 
ရေပြင်ကျယ်တခွင်မှာတွေ့ ရတဲ့ ဘုရားဖူးလှေတွေ အစီအရီ
ရှေ့ တော်ပြေး ဖောင်တော်
ဘုရားရုပ်ပွားတော်တွေပါတဲ့ ဖောင်တော်ဦး
လှေတွေပေါ်ကနေ လက်အုပ်ချီကန်တော့ပူဇော်
ဖောင်တော်ဦး ဘုရားလေးဆူနဲ့  အရံရုပ်ပွားတော်တဆူ စုစုပေါင်းငါးဆူကို အခုလို ပင့်ဆောင်ပူဇော်ပါတယ်
ဘုရားဖောင်တော် ကြွချီ အပူဇော်ခံတော်မူရာလမ်းတလျှောက် ဘုရားဖူးလှေတွေ ဆွမ်းတော်ကပ်လှေတွေက လိုက်ပါပူဇော်လို့  ကုသိုလ်ယူကြတယ်
ဘုရားဖောင်တော် ညောင်ရွှေမြို့ သို့ ကြွချီတော်မူလေပီ
ဘုရားဖူးလှေတွေ ၀န်းရံလို့ 
ဖောင်တော်သည် တဖြည်းဖြည်း ကြွချီတော်မူလေပီ
ဝေးဝေးကနေ လှမ်းလို့ ပူဇော်
တောင်တွေရယ် ရေပြင်ကျယ်ရယ် ဘုရားဖောင်တော်ရယ် ဘုရားဖူးလှေတွေရယ်နဲ့  အင်းလေးကန်ရဲ့ မနက်ခင်းအလှကို ဘလော့ရောက်လာမိတ်ဆွေအပေါင်း တ၀ကြီးကြည့်ဖို့ ရာ
ပုံတွေကို အတင်ကောင်းလို့ 
အစားအသောက်များ ပါမသွားတာကိုတော့ အပြစ်မမြင်ပဲ နောက်တပိုင်းမှာ ကျန်ဘုရားတစ်ဆူကို ဖောင်တောင်ဦးစံကျောင်းဆီသွားအဖူးမှာပဲ ပေါင်းတင်ပါမယ့်အကြောင်း
မေတ္တာရပ်ခံပါရစေ
အစားအသောက်ပုံ မျှော်နေမယ်နော်... အဲလေ :)
ReplyDeleteအင်းလေးဖောင်တော် ကြွချီပုံတွေ တဝကြီး ကြည့်သွားပါတယ်
ပုံတွေအတင်ကောင်းလို့  အစားအသောက်ပုံပါမသွားတာ နောက်တပိုင်းမှာ ထည့်ပေးမယ်နော်
ReplyDeleteဓာတ်ပုံ တွေ သိပ်သဘောကျတာပဲ
ReplyDelete