Wednesday, November 14, 2012

ခရီးစဉ် ၁ မြန်မာ့ပထ၀ီ ပြန်လည်လေ့လာခြင်း အပိုင်း (၄)

မရွှေဖဲတို့  ဘုရားဖူးကောင်းယုံတင်မကဘူး ဒါ့ပုံတွေ အရိုက်ကောင်းလို့  အားပါးတရတင်လိုက်တာ အစားသောက်ပုံတွေပါမသွားလိုက်ဘူး
အင်းလေးဒေသအစားအသောက်များကို စောင့်မျှော်နေသူများအတွက်တော့ ဒီတပိုင်းမှာ သေချာကိုထည့်ပေးထားပါတယ် လာရောက်ပီး မြန်မာ့ပထ၀ီ ပြန်လှန်လေ့ကျင့်ခန်းကို အားပေးတဲ့မိတ်ဆွေများကိုလည်း ကျေးဇူးအထူးတင်ပါတယ်

ဖောင်တော်ဦးဘုရားညောင်ရွှေကိုကြွအသွားကို လိုက်ပါမသွားပဲ ကျန်တဆူ စံမြန်းရာ ဖောင်တော်ဦးစေတီ ဆီကို မရွှေဖဲတို့  ဆက်လက်သွားကြပါတယ်

အင်းလေးရိုးရာ ငါးဖမ်းလှေကလေး အင်းရိုးရာအ၀တ်အစားနဲ့  စော၂စီး၂ ၀မ်းစာရှာနေရရှာတဲ့ အင်းသားတို့ ဘဝ

အင်းရေပြင်ရယ် ကျွန်းမြော ဒိုက်တွေရယ် ငါးဖမ်းလှေကလေးရယ်

အင်းလေးရိုးရာလှေကလေးနဲ့ အင်းသားကြီးကို သဘောကျလို့ ဒီပုံကို ဘက်ပေါင်းစုံကနေ ရိုက်ဖြစ်တယ်

အင်းလေးကန်ထဲက ရေမှော်တွေကို အခုလို လူအားနဲ့ ဆယ်ယူကြတယ် တကယ်လို့ စက်အားနဲ့ သာဆယ်ယူရင် ပိုပီး ထိရောက်မယ်လို့ ထင်ပါတယ်
နိုင်ငံတကာက အင်းလေးကန်သာယာရေးအတွက် ရန်ပုံငွေတွေက ဒီလိုနေရာမျိုးမှာပါသုံးရင် ပိုအဆင်ပြေမယ်ထင်တာပဲ (တတ်ရောင်ကား လူတတ်ဝင်လုပ်ခြင်း)

ကိုယ်ပိုင်လက်လှော်လေးကလေးတွေနဲ့  ဈေးဝယ်သွားကြမယ် သိပ်သဘောကျတာပဲ ဒီရှုခင်းမျိုးကို

ဒီအ၀ါရောင်နဲ့  ဟင်္သာရုပ်တုမှတ်တိုင်လေးကိုတော့ အင်းလေးရောက်ဖူးသူတိုင်းသိကြမှာပါ
မသိသေးရင်လည်း မရွှေဖဲသိသလောက်ပြောပြပါရစေ ဟိုးလွန်ခဲ့သော တရံတခါက အင်းလေးဖောင်တော်ဦးဘုရားများ အခုလိုကြွချီလှည့်လည်အပူဇော်ခံရာမှာ ဘုရားငါးဆူလုံးပင့်ဆောင် အပူဇော်ခံသတဲ့ အခုနေရာအရောက်မှာ လေကြီးမိုးကြီးကျပီး ဘုရားငါးဆူလုံးလား စံကျောင်းမှာ ကျန်ခဲ့တာ တဆူပဲလားမသိဘူး (မေ့သွားလို့  သိသူများရှိ ပြောသွားကြပါ) ရေထဲကို ကျသွားသတဲ့ ကျန်အဆူလေးဆူကို ပြန်ဆယ်ရပေမယ့် တဆူကိုတော့ စံကျောင်းပေါ်မှာ ရေမှော်တွေနဲ့ အတူ ပြန်လည်စံတော်မူနေတာကို ဖူးတွေ့ ရတယ် အဲ့ကတည်းက ဖောင်တော်ဦးဘုရားများ လှည့်လည်အပူဇော်ခံရင် ၄ဆူပဲ အရန်တဆူထည့်ပီး အပူဇော်ခံပါတယ် ကျန်တဲ့ တဆူကိုတော့ စံကျောင်းတော်မှာပဲ အရန်ဘုရား ၄ ဆူနဲ့ အတူတူ ထားပီး အပူဇော်ခံပါတယ်) ဒီနေရာလေးကို ဘုရားတွေရေထဲကျတဲ့နေရာအဖြစ် အမှတ်အသားလုပ်ထားခြင်းဖြစ်ပါတယ်လို့  တိုးဂိုက်လုပ်ဖူးတဲ့ ကားဆရာ အင်းသားအကိုကြီးကပြောပြတာပါ

ကဲ မလှဘူးလား  တောင်ပတ်လည်ဝိုင်းလို့ အင်းရေပြင်ကျယ်ကြီးရယ်
 ရေပြင်ပေါ်က နေရောင်တောက်၂ကလေးတွေရယ် ဟိုးဝေး၂က ငါးဖမ်းလှေကလေးရယ်

ဘာမှမဟုတ်ဘူး စိတ်ထဲ ရေစက်ကလေးတွေပါအောင်ရိုက်ချင်လို့ ရိုက်ထားတဲ့ ငါးဖမ်းလှေနဲ့ ရေပြင်ကျယ်

အင်းထဲက တည်းခိုဆောင်တွေ ချစ်စရာလေး မရွှေဖဲတော့ မတည်းရဲဘူး ည အိမ်သာတက်ချင်ရင် မေ့ပီး အပြင်ထွက်မိလို့  ရေထဲ လူပါ ပလုံဖြစ်သွားမစိုးလို့ 

ရေပေါ် ဟိုတယ်လို့ ခေါ်ကြပါစို့ 

ဒါ အင်းရပ်ကွက်က ဆယ်အိမ်မှူးရုံးဖြစ်မယ်ထင်တယ်

ရေတွေ ဘေးကိုဖွားကနည်းထွက်သွားတာ သဘောကျလို့ 

ကဲ အင်းရပ်ကွက်တခုထဲတော့ရောက်ပီ

ပအိုဝ့်လှေကလေး

စားသောက်ဆိုင်လား ဘာလား လှေတွေအဆင်းအတက်လုပ်တာတွေ့ လို့ 

ရေပေါ်က ပေါင်းကူးတံတားလေးနဲ့ ရိုးရာအိမ်ကလေးတွေ

ဟောဟိုမှာ ရောက်ပါပီ

ဖော်တော်ဦးစေတီဆီ

လှေတွေဒီမှာကပ်လို့  ဘုရားတက်ဖူးမယ်ကွယ်တို့ ရယ် လိုက်ခဲ့ပါတော့ကွယ်

ဘုရားဇောင်းတန်းမှာ

ကြာပန်းနီနီဝယ်လို့  ဘုရားကပ်စို့ ကွယ်
ဘေးက အချောင်းကလေးတွေထမ်းထားတဲ့ အင်းသူလေးပေါ့ အောက်က အစားအသောက်ပုံတွေမှာ တင်ထားတယ်

ရွှေချပူဇော်နေတဲ့သူတွေနဲ့  ငှက်ပျောပွဲတော်အုပ်

ရွှေတွေဝင်းအိလို့  ဖောင်တော်ဦးဘုရားတဆူ
ယောက်ျားလေးများသာ ရွှေချလို့ အနီးကပ်ပူဇော်လို့ ရတာမလို့  ဖြစ်လေရာဘ၀ ယောကျာ်းလေး ဖြစ်ပါရစေ လို့ ဆုတောင်းမိတယ် ကုသိုလ်ကံကောင်းတဲ့ မြင့်မြတ်တဲ့ ယောကျာ်းလေးတွေဘဝ

အရန်ဘုရားလေးဆူနဲ့  စံပယ် အပူဇော်ခံတဲ့ ဘုရား

ဘုရားဖူးလာတဲ့ ရပ်နီးရပ်ဝေးက တိုင်းရင်းသားလူမျိုးတွေနဲ့  ဘုရားဖြစ်စဉ်ပုံတော်တွေ

အင်းလေးဒေသ ဆွမ်းတော်ပွဲလေးနဲ့ ဆွမ်းတော် ကပ်ထားပုံ

ရေရှိတဲ့အရပ် ကြာရှိတာမို့  အခုလို ကြာပန်းလှ၂တွေနဲ့  ဘုရားကိုပန်းကပ်လှူ

ဘုရားပေါ်ကနေ လှေဆိပ်ကိုလှမ်းလို့ မျှော် 
ဘုရားဖူးပီးလို့  ဈေးတန်းကို လျှောက်စို့ တူတူနော်

ဒီရာသီက ပဲစိမ်းစားဥတွေ ပေါ်တဲ့အချိန်မလို့  ပဲစိမ်းစားဥတွေက ဆိုင်လေးတွေတိုင်းမှာရှိတယ်

ဘုရားအနောက်က ဈေးတန်းထဲက ဒေသထွက် စားစရာနဲ့  အသုံးအဆောင်တွေ
တို့ ဖူးခြောက်တို့  ပဲကြော်တို့  အင်းသားကလေးလှေလှော်တဲ့ပုံလေးကိုလည်း အမှတ်တရ၀ယ်ဖြစ်တယ်

တုတ်တွေရမယ် ဒါးတွေရမယ် ဟဲဟဲ လန့် သွားသလား ဒါလည်း ဒေသထွက်ကုန်တွေပဲ

အင်းလေးရိုးရာလုံချည် အကျီနဲ့ အ၀တ်အထည်တွေက

အရောင်စုံအသွေးစုံလို့  လှမှလှ

နေပူပူမှာ ၀မ်းစာအတွက်ရောင်းနေတဲ့ဈေးသည်တွေ
ပဲစိမ်းစားဥ မုန့် လေပွေ အဖြူအညိုနဲ့  လိမ်မော်သီးတွေ

မရွှေဖဲအကြိုက် (မုန့် ကြွပ်) မုန့် လေပွေသည်ကြီး မရွှေဖဲတို့ အညာမှာလည်း မုန့် လေပွေရှိတယ် အဖြူရောင် 
အခုအင်းထဲကလို မထူဘူး ခပ်ပါးပါးနဲ့ ကျွပ်ရွနေတာ အရွယ်ကလည်း အင်းလေးထဲကထက် တ၀က်လောက်ပဲရှိတာ တခါတလေ နှမ်းစေ့ကလေးတွေနဲ့ ဟာလည်းရတယ်
အင်းလေးက မုန့် လေပွေက နည်းနည်းပျော့တယ် နေပူလာရင်တော့ ကျွပ်လာတယ်လို့ ပြောတာပဲ
ဒီကတော့ ကိုယ်ကြိုက်တဲ့အစားအသောက်ဆို ကျွပ်၂ ပျော့၂ ဘယ်အခြေအနေရောက်၂ စားတာပဲ
ဒီတော့ရောက်တာနဲ့ တန်းဝယ်တာ ဈေးတော့မသေးဘူးဆရာ တတွဲ ၅၀၀ နဲ့  ၈၀၀ လောက်ရှိတယ်
အညိုက ပိုဈေးကြီးတယ် ပိုမွှေးပီး ပိုကျွပ်သလိုပဲ

သားသားမီးမီးတို့ အတွက်လည်း အကျီလှလှလေးတွေရှိတယ်

မုန့် ဖူးစာလို့ ခေါ်တဲ့ မုန့် လင်မယားသည်လေးနဲ့  ဒီဖက်က မုန့် ကြက်ဥလို့ ခေါ်တဲ့ ကောက်ညှင်းနဲ့ ဆန်ကို ကြော်ထားတာကို ထန်းညက်ရည်သွင်းထားတာ

လိမ်မော်ချိန်စလို့ လာပီ အရမ်းတော့မချိုဘူး ပေါ်ကာစဆိုတော့
ဈေးတန်းထဲ ရှေ့ နောက်၃ခေါက်လောက်လျှောက်ပီးသကာလ အင်းသူတယောက်က ထမင်းစားရင် သူ့ ဆိုင်မှာစားပါဆိုပီး လာခေါ်လို့  လိုက်သွားတယ်

ဒီအချောင်းလေးတွေကို သိလား သိလား ကျူရိုးလေးတွေထဲ ကောက်ညှင်းထည့်ပေါင်းထားတာ
မရွှေဖဲတို့  ဘုရားပေါ်စအတက်မှာ အင်းသူလေးတယောက်အတင်းအမြည်းကျွေးပီး ကျမဆီကပဲဝယ်ပါနော်ဆိုပီးရောင်းလို့  ဘုရားဖူးအပီးကိုယ်တွေကိုလိုက်ရှာပီး ၀ယ်ခိုင်းလို့ ဝယ်ဖြစ်တာ
အထူးအဆန်းဆို စပ်စုချင်တာလည်းပါတာပေါ့
ခွာရလည်းလွယ် စားလို့ လည်းကောင်းတယ် ဟောဟိုက ရှမ်းတို့ ဖူးကလေးနဲ့ ကပ်စားလည်းကောင်းတယ်

အများမျှော်တဲ့ အင်းရိုးရာစားဖွယ်ရာတွေ တို့ ဖူးကြော်ပူပူလေးရယ် တို့ ဖူးချဉ်စပ်စပ်ကလေးရယ်နဲ့  ကပ်စားလို့ ကောင်းမှကောင်း တပွဲ ၅၀၀ ထင်တယ်
အင်းလေးဟင်းထုပ်ကို ဆိုင်တွေလိုက်မေးပေမယ့် ဘုရားဖူးကျလို့ လက်ဝင်လို့  မလုပ်ဖြစ်ဘူးဆိုပဲ

ဟောဒါက ရေကြက်ကြော် ရေကြက်ဆိုတာ သေး၂လေးဆိုတော့ အသားထက် အရိုးကလေးတွေများတာပေါ့
စားရတာတော့ စားလို့ ကောင်းမှကောင်း ဒါလေးက တပွဲ ၃၅၀၀ လားမသိ

ရှမ်းဆန်စီးအသုပ် အရောင်မပါလို့ မစပ်ဘူးဆိုပီး အထင်တော့မသေးလိုက်ပါနဲ့ 
မရွှေဖဲညီမအငယ် မရွှေသဲဝယ်စားတာ သူက အစပ်စားတာတောင် စပ်လွန်းလို့  တ၀က်တောင်မစားနိုင်
နောက်ဆို အင်းလေးထဲဖြစ်စေ တောင်ကြီးဖြစ်စေသွားရင် အစပ်မစားတဲ့သူများ ကြိုတင်ကာပြောကာမှ တော်ယုံကြမှာ သူတို့ ငရုပ်သီးများ စပ်လိုက်တာ ဆွေမျိုးမမေ့ခင်အရင် မျက်ရည် နှာရည်ထွက် ချွေးပေါက်၂တောင်ကျတယ် ဒီအသုပ်လေးက ၇၀၀ ကျပ်

မရွှေဖဲအကြိုက် ငါးထမင်းနယ် ငါးသားကလေးတွေနဲ့  အိုဘာပြောကောင်းမလဲ စားလို့ လည်း သိပ်ကောင်း
ရှမ်းဆန်စီး၂လေးနဲ့ လုပ်တာဆိုတော့ သူလည်း တပွဲ ၅၀၀ ကျပ်

အို တို့ ဖူးကြော်ကုန်ပီး နောက်တပွဲပေးပါဗျို့  ဒီတခါ တို့ ဖူးချဉ်မှာ အစပ်မထဲပါနဲ့ ဆရာတို့ ရယ်
ဂျူးမြစ်ကလေးတွေကလည်း လတ်ဆတ်ပီး စားလို့ ကောင်းမှကောင်း

ဒါက မရွှေဖဲ စားတဲ့ ငါးထမင်းနယ် ငရုပ်သီးဆီချက်မဆမ်းပဲ ဆီဝါပဲဆမ်းပါလို့ ပြောထားရတယ် ဟိုနီ၂အတောင့်ကလေးက သူများဆီက ခဏငှားထားတာ ဒါ့ပုံရိုက်ရင်အစုံအလင်ဖြစ်အောင်လို့ 
ကျန်သူတွေကတော့ ငရုပ်သီးလေးကိုက်၂စားတာပေါ့

နေရာများဆန့် ရင်လေ မရွှေဖဲတို့  ဟောဒီက (မုန့် ကြွပ်) မုန့် လေပွေတခြင်းလုံးသာ ၀ယ်သွားလိုက်ချင်တော့တာပဲ
မရွှေဖဲအကြိုက် မွန်းလိုက်လို့ သာ အော်လိုက်ချင်တော့တယ် ကြံ၂ဖန်၂ အစားသောက်များဆို သူများထက်ထူးပီး ကြိုက်တဲ့အကျင့် တခါတလေ ကိုယ့်ဖာသာတွေးပီး ပြုံးမိတယ် ဟိုကဗျာလေးတခုကို ဖျက်ပီး အစားထည့်မိလို့ ပါ ကိုယ့်တိုင်းပြည်က အမြစ်ဆို ထန်းမြစ်ကအစကြိုက်တယ် ကိုယ့်တိုင်းပြည်က လေဆို မုန့်လေပွေကအစကြိုက်တယ်ဆိုပီး ပေါက်ကရတွေးမိလို့ ပါ

ဒီမုန့် လေပွေဇာတ်ကြောင်းပြောရရင် ငယ်ငယ် အညာမှာနေတုန်းကဆို မုန့် လေပွေသည်ဟေ့ဆို လာထားပဲ
အိမ်မှာ ထန်းညက်ကို အမြဲကြိုထားရတယ် မုန့် လေပွေဖြူ၂ကလေးပေါ် ထန်းညက်ရည်လေးဆမ်းစားတာ
ထန်းညက်ရည်မရှိရင် ပဲဆီစစ်စစ်ကလေးဆမ်းပီး စားလည်း သိပ်မွှေးပီး သိပ်ကောင်းတာပဲ
နောက်ပိုင်းကျတော့ စတန့် ထွင်တာ မုန့် လေပွေတွေ များကြီးဝယ် ချေပီး ထန်းညက်ရည်နဲ့ လုံးစား
ချေပီး ကြက်သွန်နီ ခရမ်းချဉ်သီးနဲ့ ဆီ ဆားနဲ့ သုပ်စား ပျော့ပေမယ့် သိပ်စားကောင်းတာ
အဲ့ထက် အတတ်ဆန်းတော့ မုန့် လေပွေသည်ကြီးကို သုပ်စားမှာမလို့  အစိုယူလာခဲ့ပါမှာပီး သုပ်စားကြတာ
အို လူတကိုယ်အကြိုက်တမျိုးဆိုတော့ မရွှေဖဲတို့ က လွန်၂ကဲ၂ကိုကြိုက်တာ

အဲ့လိုနဲ့  ငယ်၂မှာပဲ ရန်ကုန်ပြောင်းရတော့ ကျောင်းကမန်းတလေးမှာ တက်တာ
အပြန်ဆို အညာဖက် တခါတလေ အကြောင်းကြောင်းကြောင့် ရထားကရပ်တတ်တယ်  မရွှေဖဲတို့ က သွားရာနေရာ ကျန်းကျောင်းအိပ်လို့ မျိုး ကျွပ်၂အိတ်ဆောင်တယ် မုန့် လေပွေသည်တွေ့ ဝယ်ထည့်ဖို့ လေ
ဟီးဟီး အဲ့လောက်ထိ ကြိုက်တာ ရထားတွဲတွေက အထက်တန်းတွဲတွေဆို ဘူတာရပ်ရင် တံခါးသိပ်မဖွင့်ကြဘူး မရွှေဖဲက ရှိတဲ့အပေါက်ကနေ ချောင်းပီး တွေ့ လို့ ကတော့ တွဲစောင့် တံခါးဖွင့်ခိုင်းပီး ၀ယ်တာပဲ ရှက်လည်းမရှက်ဘူး မုန့် လေပွေဆိုတာမျိုးက ပေါ့ပီး ၀န်ကျယ်တာကိုး
အခုရော စင်ကာပူ ၀ယ်လာသေးလားမေးမနေနဲ့  ကျန်းကျောင်းအိတ်ထဲထည့် ပျော့နေတော့ ထည့်ကောင်းတယ် လပ်ဂေ့ထဲ ထည့်ယူလားပီး ပျော့ဖတ်၂ကို တမြုံ့ ၂စားနေတာ
အညာရောက်တော့ အမျိုးတွေက အညာမုန့် လေပွေအခြောက်ပါထည့်ပေးသေး နှစ်တိုင်းလည်း ပို့ ပေးတယ်
မရွှေဖဲကြိုက်တတ်မှန်းသိလို့  အခြောက်ဆိုတော့ ဆီနဲ့ ကြော်စားရတာပေါ့ 
အရသာတော့မတူပေမယ့် မုန့်လေပွေဆိုတဲ့အသိနဲ့ တင် ကျေနပ်နေတာ

ကဲ ဘုရားလည်းဖူးပီးပီ ဈေးလည်းပတ်ပီးပီ နေ့ လည်စာလည်းစားပီးပီ ၀ယ်ချင်တာလဲ ၀ယ်ပီးပီဆိုတော့ နောက်ဆုံးလက်ကျန် သံယောဇဉ်ကလေးနဲ့ ဈေးတန်းထဲက မုန့် လေပွေသည်ကြီးကို ဒါ့ပုံရိုက်ပီး မရွှေဖဲတို့ ခရီးဆက်ကြတာပေါ့ကွယ်

ကဲ နောက်သွားမယ့်နေရာလေးကိုတော့ နောက်တပိုစ့်မှာပဲ မှတ်တမ်းတင်တော့မှာမလို့ 
ဒီကနေ့ ကြွရောက်လာတဲ့ ဘလော့ဖတ်သူအပေါင်း အင်းဒေသ အစားအသောက်တွေစားလို့ 
ကျန်းမာပျော်ရွှင်ကြပါစေ

4 comments:

  1. အစားအသောက်တွေလည်းရောက်ရော ဒေါသလည်းထွက်လာရော စားချင်ထှာအေ အကြိုက်တွေချည့်

    ReplyDelete
  2. စိတ်လျှော့ စိတ်လျှော့ ငါဆို ကြိုက်ရက်နဲ့  များများမစားခဲ့ရဘူး E ကိတ်စ ပြဿနာတက်ပီး အိမ်သာရှာမရမှာစိုးလို့ 
    ခု ပြန်တွေးရင် ကိုယ့်အစာအိမ် ကိုယ်ဒေါသထွက်တယ် ဟဲဟဲ

    ReplyDelete
  3. အစားအသောက်တွေကြည့်ပြီး စားချင်စိတ် တဖွားဖွားပေါ်လာ...ဟင်း..
    ဂျူးမြစ်လတ်လတ်ဆတ်ဆတ်တွေ သဘောကျတယ်။ အင်းထည်လေးတွေလည်း ဝယ်ချင်တယ်။
    အဲဒါ မုန့်လေပွေဟုတ်ဘူး။ မုန့်ကြွပ်(ညောင်ရွှေနှမ်းထူမုန့်ကြွပ်)ခေါ်တယ်။ မုန့်လေပွေ ဆိုတာက ခပ်ထူထူနဲ့ ဖော့လိုမျိုးဟာလေ။ အချိုဓာတ်ပါတယ်။ မွလွန်းလို့ ကိုင်ရင်သတိထားကိုင်ရတယ်လေ။ မုန့်ကြွပ်ကတော့ အဲလိုသတိထားစရာ မလိုဘူး။ အဖြူရောင်က ခပ်ပျော့ပျော့နဲ့။ နှမ်းပါတဲ့ဟာကတော့ ကြွပ်ပါတယ်။
    တောင်ကြီးတက်ဦးမှာလား။ မျှော်နေသည်...:D

    ReplyDelete
  4. ညီမရေ ဟုတ်မယ် တနေရာနဲ့ တနေရာ အခေါ်မတူတာနေမယ် တို့ က အညာက မုန့် လေပွေနဲ့  တူလို့  လွယ်၂ခေါ်လိုက်တာ ဟုတ်တယ် သူတို့ လည်း မုန့် ကြွပ်လို့ ခေါ်ကြတယ်
    နှမ်းပါတာလည်းတွေ့ ခဲ့တယ်
    မျှော်နေနော် ဒီတခါ ခရီးစဉ်တွေက စုံတယ်

    ReplyDelete