Wednesday, December 12, 2012

12:12:12

12:12:12
ဒီနေ့ က မနေ့ ကလိုပါပဲ
ပိုပီးထူးတာက ဒီနေ့  နေသာတယ်
အရာအားလုံးက ပုံမှန်လှုပ်ရှားနေတယ်
အရင်နေ့ တွေလိုပဲ အလုပ်ထဲမှာ အလုပ်လုပ်နေရတာပါပဲ
တချို့ ကတော့ ထူးထူးခြားခြားနေ့ တဲ့
ကိုယ့်အဖို့ ကတော့ သာမန်ပါပဲ
ဒီနေ့ က မနေ့ ကလိုပါပဲ
12:12:12
ဒီနေ့ က မနေ့ ကလိုပါပဲ
စပါယ်ရှယ်နေ့ ကလေးနော်လို့ ပြောမိတယ်
အရာအားလုံးက ပုံမှန်ပါပဲလို့  သူကပြန်ပြောတယ်
ပြီးတော့ သူက ပြုံးပြုံးလေးနဲ့ ထပ်ပြောပြန်သေးတယ် 
မင်းအတွက်တော့ နေ့ တိုင်းက ထူးခြားတဲ့ စပါယ်ရှယ်နေ့ တွေပါပဲတဲ့
ဘာလို့ လဲဆိုတော့ နေ့ တိုင်းပဲ မင်းကိုငါက ချစ်တာ
ကဲ မပြောဘူးလား တချို့ တွေအတွက်ပဲထူးတာ
ကိုယ့်အဖို့ ကတော့ အရင်လိုပဲ ပုံမှန်ပါပဲ
ဒီနေ့ က မနေ့ ကလိုပါပဲ
12:12:12
ဒီနေ့ က မနေ့ ကလိုပါပဲ
ထူးခြားတဲ့နေ့ ကလေးမှာ ထူးခြားတဲ့အစီအစဉ်လေးရှိလားဆိုတော့
အို မင်းအတွက်တော့ ကိုယ့်ရဲ့ အနမ်းတပွင့်ပေါ့တဲ့
ဟင် ဒါဆို အရင်အတိုင်းပဲပေါ့ဆိုတော့
ဟုတ်တယ်လေ ကိုယ်ဟာ 
မင်းအတွက်ဆို အရင်လိုပဲ
အမြဲတမ်းချစ်နေတာတဲ့
ကဲ မပြောဘူးလား 
ဒီနေ့ က မနေ့ ကလိုပါပဲ
12:12:12

(12:12:12 မှာ ပုံလေးတင်ချင်သော်လည်း ပုံတင်မရတော့ပါလို့  ဘလော့ကပြောလို့  မတင်ဖြစ်တော့ဘူး
သေချာတာကတော့ ပုံလေးက အရင်လိုပဲ သာမန်ရိုးရိုးကလေးပဲဖြစ်မှာပါပဲ ဟုတ်တယ် အရင်လိုပဲ 
ဘာမှ သိပ်ပီး မထူးခြားတဲ့ ပုံလေးပဲဖြစ်ပါတယ်)

မိတ်ဆွေအားလုံးအတွက်လည်း 12:12:12 လေးမှာ ပျော်ရွှင်စရာတွေ ချမ်းမြေ့ ခြင်းတွေ
ချမ်းသာခြင်းတွေ ကျန်းမာခြင်းတွေနဲ့  ပြီးပြည့်စုံပီး ထူးခြားတဲ့ နေ့ လေးတွေပိုင်ဆိုင်ပါစေလို့  
ဘလော့ပိုင်ရှင်မှ အရင်လိုပဲ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်

6 comments:

  1. မပိုးရယ်အလည်လာသွားပါတယ်

    ReplyDelete
  2. ညီမလေး ဆုမြတ်မိုးရေ အလည်လာရောက်သွားလို့  ကျေးဇူးပါ ကျန်းမာပျော်ရွှင်ပါစေနော်

    ReplyDelete
  3. အဟမ်း အခြစ်တွေ အနမ်းတွေနဲ့ 

    ReplyDelete
  4. မမိုက်ဘူးလား ဗစ် အဲ့ဒဟာကို အင်္ဂလိပ်လိုလေး ဘာသာပြန်ရေးပေးစမ်းဘာ ကိုယ့်ဖာသာရေးရင် အဆင်မပြေမှာစိုးလို့ :P

    ReplyDelete
  5. မ ဂန့် သေးနဲ့ ဦး ပြောထားတာ ရေးပီးမှာသာ ဂန့် ချင် ဂန့်  :P

    ReplyDelete