Thursday, December 20, 2012

December မနက်ခင်း

December မနက်ခင်း
နှင်းဝေးတဲ့ဆောင်းရဲ့ 
မိုးရွာပီးစ မနက်ခင်းတခုမှာ
ယုဇနပန်းရနံ့ တွေက လတ်ဆတ်လို့ 

December မနက်ခင်း
နှင်းဝေးတဲ့ဆောင်းရဲ့ 
သောကြာမနက်ခင်းတခုမှာ
ယုဇနပန်းရနံ့ တွေ လတ်ဆတ်ဖို့ 
မျှော်လင့်မိတယ်

December မနက်ခင်း
နှင်းဝေတဲ့ဆောင်းရဲ့ 
ခရစ်စမတ်မနက်ခင်းတခုမှာ
နှင်းရနံ့ တွေ လတ်ဆတ်ဖို့  
ကြိုတင်ရင်ခုန်မိတယ်

December မနက်ခင်း
မာယာတွေကင်းလို့  
ကမ္ဘာအရပ်ရပ်က စစ်ပွဲတွေကင်းလို့ 
လတ်ဆတ်တဲ့ ပန်းရနံ့ တွေ နှင်းရနံ့ တွေရဖို့ 
ဆုတောင်းမိတယ်

December မနက်ခင်း
Happy Christmas 
Merry Christmas
ဆိုပီး အားလုံးကို ဆုတောင်းပေးချင်တယ်


5 comments:

  1. ရေးထားတာလေးက ချစ်စရာ ။
    အမ လဲ ယုဇန ပန်းကို ချစ်တယ် အနံ့ရော ပန်းလေးရော ....<3

    ReplyDelete
  2. ဟုတ်တယ် မမလွင် ဒီမနက် ရုံးလာတဲ့လမ်းတလျှောက် ယုဇပန်းနံ့ လေးတွေမွှေးနေတာကနေ စိတ်ကူးပေါက်လို့ 
    သူများတွေက မနက်ဖြန်သောကြာကို ဘာညာ ဘာညာပြောလို့  ခုလိုရေးလိုက်တာ

    ReplyDelete
  3. တို့ ဖူးကျိုနည်း လိုက်ရှာနေတုန်း သူက ဒီဇင်ဘာလုပ်နေတယ် ကတောက်

    ReplyDelete
  4. တို့ ဖူးကျိုနည်းများ လွယ်၂လေး ပဲစိမ်းမှုန့် ကို ရေဖျော် ဆား ဆနွင်းလေးထဲ့
    ရေနွေးဆူအောင်တယ် ပွက်နေချိန်မှာ ဖျော်ထားတဲ့ပဲစိမ်းမှုန့် ကိုထည့်ရင်း မွှေပေး ၅ မိနစ် ၇ မိနစ်ဆိုရင် တို့ ဖူးရပီ
    အယူးမဗစ်

    ReplyDelete
  5. Merry X'mas ပါချစ်သောပိုးလေးရေ <3

    ReplyDelete