Wednesday, November 7, 2012

ကောက်ခါ ငင်ခါ သွားတဲ့ ခရီး

အရင်ကဆို ခရီးတခုထွက်မယ်လုပ်တိုင်း အမြဲကြိုစီစဉ်တယ် အင်တာနက်ကနေ ရှာတယ်ဖွေတယ် နောက်ဆုံး ခေါင်းမခဲရတဲ့ ပက်ကေခ်ျတိုးကိုပဲရွေပီးသွားတာများတာပါပဲ
အခု ထွက်တဲ့ခရီးကတော့ ကိုယ်တိုင် ကြိုတင်မစီစဉ်လိုက်ရဘူး
ဖုန်းဆက်လိုက်တယ် သွားဖို့ စီစဉ်ထားတယ် ပြောတယ် စိတ်ထဲလိုက်ချင်စိတ်ပေါက်လာလို့  ကောက်ခါငင်ခါဆုံးဖြတ်ပီး လိုက်မယ်ဆိုပီး သွားတဲ့ခရီး
အဲ့သလို ရဲရဲကြီးဆုံးဖြတ်ဆို ဘယ်တုန်းလို့  သိပ်စဉ်းစားမနေကြပါနဲ့ တော့ ကိုယ့်မြေကိုယ်ယာ ကိုယ့်မူလနေရာဖြစ်တဲ့ ကိုယ့်နိုင်ငံကြီးဆီကိုပါပဲ
အရင်ကဆို အမှန်အတိုင်းပြောရရင် ဒီထွက်လာပီးကတည်းက ပြန်အလည်သွားဖို့ အတော်ဝန်လေးတာ
လေဆိပ်ကနေ ကြိုဆိုပုံသင်းလို့  ပြန်ကို အလည်မသွားချင်အောင် စိတ်ထဲ အနှောက်ယှက်ဖြစ်တာ
ခုတော့ အရာရာပြောင်းလဲနေတယ်ဆိုတော့ သိပ်စိတ်အနှောက်အယှက်မဖြစ်လောက်ဘူးလို့ ထင်ပီး ခုလိုလွယ်၂ဆုံးဖြစ်လိုက်တာပါပဲ

ကဲ ဇာတ်လမ်းက ဒီကနေ စပါပီ လိန်ပျံလက်မှတ်ဝယ်ဖို့ သွားတော့ ဆိုင်က လျှော့ဈေးရှိတယ်ပေါ့ 
MAI S$ 299 ကီလိုက ၂၀ ဒါမယ့် လှတာမက်ရင် ညစာခက်တာမဟုတ်တော့ဘူး ဒီခေတ်က လျှော့ဈေးမက်ရင် အခက်တွေ့ တဲ့ခေတ်ဖြစ်နေတော့ စီးနေကျ SilkAir ကရောဆိုတော့ လျှော့ဈေးမရှိဘူး စင်ကာပူ ၄၉၀ နီးပါး ကဲဒါနဲ့ ကိုယ်ခွင့်ယူထားတဲ့ရက်အတိုင်းပြန်ချင်တာဆိုတော့ သွားမယ့်ရက် ချက်ကင်လုပ်တော့ လက်မှတ်က မရှိဘူး အဲ့ရက်တွေ နောက်ဆုတ်ပြန်ရင်တော့ရတယ် ကဲဒါဆို အသစ်ဖွင့်တဲ့ SG Airline လေး လုပ်စမ်းပါဦး ဆိုတော့ ဖျားဖျား ၆၀၀ နီးပါးဖြစ်နေပါလား ကဲ ဒါဆို တော်တော် ကိုယ်သွားချင်တဲ့ရက်လည်းရ ဈေးလည်း အဆင်ပြေမယ့် လျှော့ဈေးလေးပဲ သွားလိုက်ကြပါစို့ ဆိုတော့ ကလေးတွေက အမ်အေအိုင်ကြီး ဘာဖြစ်တယ် ညာဖြစ်တယ် မစီးချင်ပါဘူးဆိုပီးလုပ်ရော ကဲဒါနဲ့ စဉ်းစားဦးပေါ့ ၁ပတ်

နောက်တပတ်ပြန်ပီး လိန်ပျံချိန်စစ်တော့လည်း အပေါ်ကအတိုင်းပဲ ဒီတော့ ဘာဖြစ်၂ဟယ် စင်ကာပူမှာနေတာကြာတော့ လျှော့ဈေးလည်း ခဏခဏ၀ယ်နေတာပဲ တခါတလေ အဆင်ပြေတတ်ပါတယ်ဆိုပီး နားချပီး မျက်စိမှိတ်ပီး အမ်အေအိုင်ဝယ်လိုက်တယ်
(တော်ယုံလူကတော့ ထင်မှာပဲ ဆန်မရှိ အစားကြီး Fင်ခေါင်း အတော် Star တယ်ပေါ့  ထင်ချင်သလိုသာထင်ပါတော့ ခရီးသွားရင် ဘယ်ခရီးဖြစ်၂ စိတ်ချမ်း၂သာ၂ အပူအပင်မရှိသွားချင်တယ် ဒါကြောင့် ခရီးစဉ်တင်မကဘူး လိန်ပျံရွေးရင် အကောင်းဆုံးမဟုတ်တောင် တော်ယုံ ကောင်းတာပဲရွေးစီးတာများတယ် ပိုက်ဆံသိပ်ပေါလို့ တော့ မဟုတ်ဘူး သွားတိုင်း ၃ယောက်ပူးကြီးဆိုတော့ လိန်ပျံပျက်ကျတာမျိုး  ဖြစ်နိုင်ခြေနည်းတဲ့အခြေအနေရှိတဲ့ဟာ ရွေးစီးရတာ) တော်နေ သုံးယောက်ပူးကြီး ဂန့် နေလို့  ဒီလို ပေါက်ကျော်သမီးများ၃ယောက်လုံးမရှိတော့ရင် မိဘတွေ ရင်ထုမနာဖြစ်မစိုးလို့ 
ကန်ပဏီက စီစဉ်တဲ့ခရီးဆိုရင်တော့ ရွေးမရလို့  ဂျက်စတားလည်းစီးဖူးတယ် ကျားလိုင်းလည်း စီးဖူးတယ် 
စီးရတိုင်း ငါတော့ သေဖို့ ၉၅ ပါဆန့် ပဲဆိုပီး အမြဲတွက်ပီး လိန်ပျံမထွက်ခင်ကတည်းက သေလူလို့ ကို သတ်မှတ်ထားတာ အဲ့ဒလို (ပိုတယ်လို့  ပြောချင်လည်းပြောကြတော့ လူတကိုယ် စိတ်တမျိုးစီမလား)

ဒါနဲ့  ကလေးတွေ မကျေမနပ်ဖြစ်နေတဲ့ကြားကနေ MAI ကိုဝယ် သယ်စရာကလည်း ကိုယ်တွေရဲ့  အ၀တ်ဟောင်းတွေ လက်ဆောင် ချောကလက်တွေ စားစရာတောင် သိပ်မပါဘူး ခရီးဆက်ထွက်မှာဆိုတော့ အထားမခံမစိုးလို့  ဒါနဲ့  အတိုချုံးမှ ဖြစ်တော့မယ့် အောက်တိုဘာ ၂၀ ရက်နေ့ မနက် အစော လေဆိပ်ရောက် တာမီနယ်က နံပါတ်ဝမ်း ဒီဇိုင်းအသစ်တွေဘာတွေပြောင်းလို့  ကြေးနီရောင် မိုးရေစက်လိုလို ချိန်သီးလိုလိုတွေကို ကောင်းကင်မှာချိတ်ပီး ရေလှိုင်းပုံစံ ၃ဒီပုံစံထွင်ထားတဲ့ဆီကို ကလေးတွေက ဒါ့ပုံရိုက် 
 အညာအခေါ် ရေမွှေးပန်းလို့ ခေါ်တယ် အပင်က ရေမွှေးနံ့ လိုမွှေးနေလို့   ငယ်ငယ်က ဘုရားပန်းဝယ်တင်ရင် အဲ့ပန်းဝယ်တင်တာများတယ် စိမ်း၂စို၂နဲ့ မွှေးလည်းမွှေး ကြာရှည်ခံတယ် ရေလဲပေးရင် အမြစ်တွေတောင် ထွက်လာတယ် (ရန်ကုန်သူများနဲ့ ဟိုးအထက်ပိုင်းသူများကတော့ သိမယ်မထင်လို့  ဗဟုသုတဖြစ်အောင်ရယ် စင်ကာပူလိုမျိုးမှာ ငယ်၂ကတွေ့ ဖူးတဲ့ ပန်းမြင်လို့  အံသြသွားလို့ ရယ် ရိုက်ပီးတင်ပေးတာ) သိပီးသားဆိုလည်း ကျော်သာကြည့်သွားပါတော့

လျှော့ဈေးဆို တခုမှ မကောင်းဘူးလို့  ဒါမှမဟုတ် တခုမဟုတ် တခုချို့ ယွင်းချက်ရှိတယ်လို့  ရဲရဲကြီးကို ခံယူလိုက်တဲ့ကိတ်စ လေဆိပ်ထဲအ၀င်မှ စဖြစ်တယ်
ကီလိုချိန်တယ် ဒါအထိပြဿနာမရှိဘူး ၂ ကီလို ၃ကီလို လောက်ပိုတာ ပြဿနာမရှိဘူး 
ပြန်ထွက်မယ်လုပ်တော့ ရေးထားတာတွေ့ တယ် လက်ဆွဲပါချိန်ရမယ်တဲ့ ကဲလာလာ ချိန် ဒါလည်း ပြဿနာမရှိဘူး အေးဆေးပဲ ကွက်တိ  တိတော့မပေါ့ အိမ်မှာ ပေါင်ချိန်စက်ဝယ်ထားတာ လူချိန်ဖို့ မဟုတ်ဘူး အိမ်က မိဘတွေ ခဏခဏလာတော့ အပြန်ဝယ်ထည့်ပေးချင်တာများတော့ ကီလိုသိရအောင် တမင်ကို ၀ယ်ထားတာ လူကတော့ ချိန်ဖို့ ကို သတိမရဘူး
ကဲ လက်မှတ်လေးကြားညှပ်ပီးအထဲစ၀င်ပါပီဆိုတဲ့အချိန် လာပါပီ ပြဿနာ
အထဲဝင်ဖို့  ပတ်စပို့ ပြကာနီးမှ မယ်မင်းကြီးမ တယောက်က ရောက်လာပီး ဂျက်စတားမလား လာလာ ဒီမှာ 
မဟုတ်ဘူး ငါတို့ ဝယ်တာ MAI ဆိုတာကို မရဘူး မင်းလက်မှတ်ကြည့်လေတဲ့ ဖျားရေ အဲ့အခါမှသိတယ် လက်မှတ်က နီ၂ရဲ၂နဲ့  ဂျက်စတားလို့ ရေးထားပါလား
ကတောက် ဒါငါ့ကို သက်သက် လိန်ပျံလက်မှတ်ညာရောင်းတာပေါ့ လျှော့တာမက်တော့ ခုတော့ အခက်ကြုံပီပေါ့ နောင်တတင်မကဘူး  အကုန်ကို တရတော့တာပဲ
လက်ဆွဲတွေချိန်ပါတဲ့ ဟမ်ဆို ၃ယောက်သား မျက်လုံးပြူးသွားတာ ဘယ်နှယ့် ဟာလဲပေါ့
ထင်တာက လက်ဆွဲတွေ ဒီမှာ တခါတည်း ပေးခဲ့ရမယ်ပေါ့ တုံးချက်က ၁၀ ကျော်တယ်
ဟိုရောက်မှ ထပ်ချိန်တော့ လက်ကလွယ်ထားတဲ့ အိတ် ပိုက်ဆံအိတ်ပေါက်စနပါမချန် လူကိုယ်က ၀တ်ထားတဲ့ အ၀တ် မချွတ်ယုံတမယ် အကုန်ထည့်ချိန်ခိုင်းပါလေရော  ဖျားစူးပါစေရဲ့  စင်ကာပူရောက်ပီးမှ ခရီးထွက်စားနေတာ တခါဆို တခါမှ မကြားဖူးတဲ့ဟာကြားရတော့ ဒေါသထွက် ထူပူသွားရော 
တကယ်က ဟိုမှာချိန်ခဲ့ပီးသား စာရွက်တွေပါကပ်ပေးလိုက်တာလို့  ရှင်းရမှာကို မေ့သွားတာ ဒေါသအထွက်လွန်ပီး ဘယ်လိုပြော၂ မယ်မင်းကြီးမက မရဘူး အားလုံးကိုချိန်ရမှာတဲ့ ဒီမှာ ကီလိုက ပိုပီပေါ့ အိုင်ပက်တွေရော ကင်မလာရော အိတ်ထဲက တိုလိမှုတ်စတွေကောပေါင်းတော့ ၂ ကီလောက် အဲ့ဒဟာကို ပိုက်ဆံဆောင်ပါတဲ့ မဆောင်နိုင်ပေါင်ဆိုတော့ မရဘူး ဒါဆို ပြန်ထုတ်တဲ့ အတင်း လိုက်ပို့ တဲ့သူမရှိတော့ ဘယ်နှယ့်ပြန်ထုတ်မလဲ ဆောင်ရရင်လည်း ကိုယ်သယ်တာ အ၀တ်ဟောင်းနဲ့ ချောကလက် ဒါနဲ့  ပိုက်ဆံတော့မဆောင်နိုင်ဘူးဆိုပီး အလတ်မကလည်း သူ့ သယ်ရင်း လေဆိပ်ထဲကတယောက်လှမ်းဆက်ခေါ် ကိုယ်ကလည်း ကူညီပေးမယ့်လူလိုက်ရှာနဲ့  အပြင်မှာ အတော့်ကို ယောက်ယက်ခတ်ပီး အချိန်ကုန်သွားတယ်
နောက်ဆုံး ဘုရားမလို့  ကူညီမယ့်သူပေါ်သွားတယ် ကူညီမယ့်သူကျောပိုးအိတ်နဲ့ ပေါင်းချိန်တော့ လိုတောင်နေသေး တောက်ညင်ကတ်ကတ်နဲ့  မယ်မင်းကြီးမကြီးကို ပြောဆိုခဲ့တာပေါ့
တကယ်က ကိုယ်တွေက ၃ယောက်ပူးကြီး အထုတ်များလို့  အငိုက်ဖမ်းခံလိုက်ရတာ ကျန်တဲ့သူတွေများ ဒီအတိုင်းဝင်သွားကြတာပါပဲ အဲ့ဒါကိုစိတ်အတိုဆုံးပဲ ဘာကိတ်စဖြစ်၂ ညီမျှမှ တန်းတူညီနေမှ ကျေနပ်တဲ့သူဆိုတော့ ခုလို မညီမမျှလုပ်တာခံရတာကို တမင်သက်သက်လုပ်တယ်ထင်ပီး ဒေါသထွက်တာများ ကိုယ်ကနေ အပူရှိန်တွေဟုန်း၂တောင် တောက်သလိုပူလောင်နေတာ ဒေါသများ ဆိုးပုံပြောတယ် 
အချိန်ကအတော်ကုန်သွားတယ် အပြင်မှာ အထဲရောက်တော့ လက်ဆောင်ပေးဖို့  ဂျော်နီလမ်းလျှောက်ကို အပြေးဝယ် အပြေးလိန်ပျံဂိတ်ကို သွားရတယ် တကယ့်ကို ပြေးသွားရတာ လူကို ဖတ်၂ကိုမောလို့ 
တော်၂ဒုတ်ခပေးတဲ့ အမ်အေအိုင် တခါဆို တခါပါပဲ နောက်များ အလကားရတောင် စဉ်းစားဦးမယ်

လိန်ပျံထဲရောက်လို့  ခဏ အမောဖြေပီး ရှေ့ ကစာရွက်သွားကြည့်မိတော့မှ ဟာဆိုထပ်ဖြစ်ကရော
ဂျက်စတားက အစားအသောက်မီနူးစာရွက် ဟင်သေပီး မနက်စာပါလာတဲ့မုန့် တောင် အထဲမသယ်ရမှာစိုးလို့  အပြင်မှာလည်း ယောက်ယက်ခတ်နေတော့ အမှိုက်ပုံးထဲ လွှင့်ပလိုက်မိတာ အမောဆို့ ပီး ရေတောင် မသောက်ခဲ့ရတော့ အခု ငါတို့ လက်မှတ်က ဂျက်စတားဆိုတော့ ၀ယ်စားရတော့မှာပေါ့ဆိုပီး ခုန ငြိမ်းချင်သလို၂ဖြစ်နေတဲ့ ဒေါသမီးက ဟုန်းကနည်း ထပ်တောက်
ရင်တွေပါပူလာတာ ကဲကဲ စိတ်လျှော့ လိန်ပျံမထွက်ခင် အသက်အရင်ထွက်နေမယ်ဆိုပီး စားချင်တဲ့သူဝယ်စား ငါကတော့ မလိမ့်တပတ်အလုပ်ခံရလို့  အိမ်နာပေါ် ရှူး၂တောင် မပေါက်ဘူး ဆုံးဖြတ်တယ်ဆိုပီး ကလေးတွေပြော ကလေး၂ယောက်ကတော့ ဟိုထိ အဆာခံနိုင်မယ်မထင်ဘူး တခု၂တော့ဝယ်စားမှဖြစ်မယ်ပေါ့ တိုင်ပင် ကိုယ်ကတော့ ငါ လူမလို့ သာပေါ့ နဂါးမ သာဆိုရင် အကုန်ပြာဖြစ်ကုန်ပီဆိုပီး ဒေါသ အမျက်ချောင်း၂ထွက် လိန်ပျံလည်းထွက်
အရင်ကဆို လိန်ပျံအတက် အဆင်းသိပ်ကြောက်တဲ့သူတောင် အကြောက်ပျောက်သွားရော

အပေါ်ရောက်တော့ ခဏနေ နေ့ လည်စာကျွေးပါမယ်ရှင်ဆိုမှ ဟေးဆို (ထတော့မအော်ပါဘူး) အော်မတတ်နီးပါးပျော် စားချင်လွန်းလို့ မဟုတ်ဘူး မနက်က အစောမစားတတ်တာရော အပြင်မှာ ယောက်ယက်ခတ်လို့ ရင်ပူတာရောကြောင့် ရေဖြစ်၂ တခုခုဖြစ်၂မစားရင် အစာအိမ်ပြန်နာမှာစိုးလို့  အငယ်၂ယောက်ကတော့ ဆာနေတဲ့အချိန်ဆိုတော့ သူတို့ ကတော့ ပျော်သွားတယ် တကယ်ပါပဲ စံတင်တဲ့ အမ်အေအိုင်

သတ်မှတ်ချိန်ထက် နောက်ကျမှ ထွက်တော့ နောက်ကျမှရောက် တန်းစီတော့ ကံကောင်းတယ် ကိုယ်ကတော့ ခပ်တည်တည်ပဲ ဘာ ၁၀ တန်မှ မညှပ်ဘူး ဒီအတိုင်းပဲ တောင်းလည်း ဟောဒီမှာဆိုပီး ပြဖို့  အခွန်အကြေဆောင်ထားတာကော ခွင့်စာရောအကုန်ထည့်လာပီးသား ကိုယ့်ဘေးက တယောက်ကိုတော့ လက်ဆောင်အတင်းတောင်းနေတာ ကြားရလို့ ကြည့်တော့ လူက ကြီးပီး ခပ်သန့် ၂နဲ့  ထင်တောင် မထင်ရက်ဘူး အဲ့လိုပေါ်တင်ကြီးတောင်းမယ်လို့  ဒင်းကတော့ ခပ်တည်၂နဲ့ ကို တောင်းတာ
ပေးလား မပေးလားမသိတော့ဘူး ကိုယ့်စစ်တဲ့သူက အပြန်ဒီဖောင်းလုပ်ပါတဲ့ ဟုတ်ကဲ့လို့ ပြောခဲ့တယ်
အဲ့ ဒီဖောင်းစနစ်ကြီးကိုလည်း အတော် တောက်ညင်ကတ်တယ် ကိုယ့်နိုင်ငံကိုယ်ပြန်လာပီး ပြန်ထွက်တာပဲ
ဇယားကိုရှုပ်တယ် ဖျက်ပစ်ဖို့ ကောင်းတယ် အဲ့စနစ်ကြီးကို
ပိုက်ဆံလဲဖို့ ကြည့်တော့ ကောင်တာတခုနဲ့ တခု ဈေးက ၃ ကျပ်လောက်ကွာတယ် ဒါနဲ့  များတဲ့ကောင်တာသွားတော့ ထမင်းစားနေတယ် လဲမပေးဘူး ၂ နာရီခွဲမှ ပြန်လာတဲ့ ကိုယ့်ရှေ့ က နိုင်ငံခြားသူလဲတာကို အဲ့အတိုင်းပြောလွှတ်တယ် ကြီးပွားဦးမယ် တိုးတက်ဦးမယ် အဲ့ပုံစံအတိုင်း
ဒါနဲ့  ကိုယ်လည်း ပါသွားတဲ့ပိုက်ဆံမလဲတော့ဘူး ဒီအတိုင်းပဲ ထားလိုက်တော့တယ် 
အချိန်မရှိရတဲ့အထဲ ထိုင်စောင့်မလဲချင်တော့လို့ 
အပြန်လည်း အဲ့ဒီ့ဂျက်စတားနဲ့ သာဆို တဲ့စိတ်နဲ့  စိတ်ထဲ အမျက်က မပြေချင်ဘူး 
ဘာပဲဖြစ်ဖြစ် နောက်နောင် မတတ်သာလွန်းလို့ အခြေအနေကလွဲလို့  MAI Airline တော့ တာ့တာ ဘိုင်ဘိုင်

အချိန်ပေးလာဖတ်တဲ့ မိတ်ဆွေများလည်း ခရီးသွားတဲ့အခါ စိတ်ဒုတ်ခရောက်ခြင်းကင်းဝေးလို့  စိတ်ချမ်း၂သာ၂ ပျော်၂ရွှင်၂နဲ့  လိုရာခရီး အန္တရယ်ကင်း၂ရောက်ကြပါစေ

ခရီးသွားပိုစ့်များ ဆက်လက်ပီး ပုံများေ၀၂ဆာ၂နဲ့ တင်တဲ့အခါလည်း လာရောက်ပီး မျက်စေ့အညောင်းခံနိုင်ကြပါစေလို့  ဆုတောင်းရင်း
မင်္ဂလာအပေါင်းနဲ့  ပြည့်စုံကြပါစေ




8 comments:

  1. ဟင့် ..အစားအသောက် ရှူခင်းတွေ နဲ့ ကြည်နးရမလားလို့ ..အခုတော့ ဒေါသ နဲ့ ဂန့်သွားဒယ်..:P

    ReplyDelete
  2. လာမယ် မမလွင် နောက်မှ ရှည်လွန်းလို့  တော်ပါတော့လို့ ပြောယူရအောင် အခန်းဆက်ပေါင်းများစွာနဲ့ တင်ပေးမယ် ကြည်နူးတော့ အဲ့အခါမှ ခုက ကိုယ့်အဖြစ်ကို ရေးပြတော့ နောက်လူတွေ ကိုယ့်လိုဖြစ်ရင် ကြိုတင်ကာကွယ်နိုင်အောင် ရေးလိုက်တာ တကယ်က တော်၂များ၂က သိပီးသားနေမှာပါ ကိုယ်တွေကိုယ်က ညံ့တာနေမှာ

    ReplyDelete
  3. အရင်တချို့ပိုစ့်တွေဖတ်မိတုန်းကတော့ နည်းနည်းကြွားတယ်ထင်တာ .. ခုဒီပိုစ့်ကိုဖတ်တော့မှ တော်တော်ကြွားပါလားလို့သိ တော့တယ် .. မျက်စိလည်ပီးေ၇ာက်လာတယ်

    ReplyDelete
  4. ဟာ phu wint ရာ ဒါဆို အတော်ခေတ်နောက်ကျသွားပီပြောတာ စရေးကတည်းက ခေါင်းစဉ်တွေမှာ တချို့ ပိုစ့်ဆို အကြွားပိုစ့်လို့ ကို တင်ရေးတာပါဗျာ
    ဟုတ်ပါတယ် ကြွားစရာ ဒါလေးတွေပဲရှိလို့  ရှိတာကိုကြွားတာပါ ရုပ်ရည်အခံကောင်းလို့ လှရင် ကိုယ့်ရုပ်ရည်ကိုတောင် ဘလော့မှာတင်ပီး ကြွားဖို့ အစီအစဉ်ရှိပါတယ် ရုပ်ဆိုးနေလို့ သာ အတင်းအောင့်ထားရတာပါ
    ခုလိုမျက်စိလည်ပီးရောက်လာတာကိုပဲ ၀မ်းသာမိပါတယ်

    ReplyDelete
  5. အယ် ( @___@) နောက်လိုက်တာ စိတ်ဆိုးပီးထင်တာ မဆိုးဘူးပဲ ... ဟဟားးးး

    ReplyDelete
  6. ရော် စိတ်ဆိုးစရာလား သူကဟုတ်တာတွေပြောနေတော့ ဒီကလည်း ဟုတ်တဲ့အကြောင်း ပြန်ပြောရတာပေါ့
    မှန်တာပြောရင် စိတ်မဆိုးရဘူးတဲ့ ဟဲဟဲ ဒီကလည်း သူပြောတဲ့အတိုင်း တကယ်ကြွားထားတဲ့ပိုစ့်တွေများတာကိုး :P :P

    ReplyDelete
  7. မမ ခင်ဦးမေ fb link ကနေလိုက်လာတာ..ဟုတ်ပ MAI နဲ့  Jetstar ပေါင်းပြီးလူတွေ ကို ဒုက်ခပေးနေတာ

    ReplyDelete
  8. သနားဖို့ ကောင်းလိုက်တာ ကွယ်.. သွတ်.. သွတ် သွတ်.... ရွာပြန်ရင်ဘာ အခွန်စာရွက်မှ ပြစရာမလိုဘူး... အပြန်ကျမှ ဒီဖောင် သွားလုပ်လိုက်ရင် ပြီးပြီဆိုတာ မသိသေးဘူးကိုး.. တောသူမလေး ပိုးပိုးပါကလား... အမယ်မင်း ထူပ... နူပ .. နုံပ.. အပ... သနားလိုက်တာကွယ်.... သွပ် သွပ် သွပ်.... ဖတ်ပါ မှတ်ပါ လေ့လာပါ ဆိုတာ.. အလကားနေ ကပ်စီးနှဲ နေတာကိုး ..... သနားပါဘိတောင်း ..

    ReplyDelete