စင်ကာပူကို နေရာအနှံ့ စုံအောင်မရောက်သေးဘူး
မရောက်ဆို နောက် သိပ်ပျင်းလို့ သွားရင်တောင် သွားစရာမကျန်မှာစိုးလို့  တမင်မသွားပဲ ချန်ထားရတယ်
အစီအစဉ်လည်း မရှိပါဘူး ဟိုဒီသွားဖို့  လူက ဖလူဖြစ်ပီးကာစ ညောင်နာနာဖြစ်နေတာကို
အဲ့လိုနေရင်းနဲ့  စိတ်က ဖောက်လာတော့ Passport တွေ ရှာဟေ့ စစ်ဟေ့ဆိုပီး
ကြည့်တော့ မလေးရှားဗီဇာက လုပ်ထားပီး တခါပဲသွားရသေးတယ် ဒီတော့ တန်အောင် သွားစို့ ဆိုပီး
ဝုန်းဒိုင်းနဲ့  ထသွားတယ် ဒီနား ဂျိုဟိုး တင်ပဲ အချိန်ကလည်း မနက်၁၀ နာရီတောင်ကျော်ပေါ့
ကလေးတွေက ပြင်ဆင်လိုက်သေးတယ် ကိုယ့်လိုမဟုတ်ဘူး
ကိုယ်တွေကတော့ မျက်နာမည်းကြီးကို ဘာမှတောင် မလိမ်ဘူး ရေတော့ အားနာပါးနာချိုးလိုက်ပါတယ်
ဒီလိုနဲ့  မနက်စာတောင် ဘရက်တော့က မုန့် ဝယ် အအေးဝယ် ၉၅၀ ကားဂိတ်သွား တန်းစီ
ဟိုဖက်မှာ ခုတလော လက်ဗွေနိပ်ရလို့  ကျူတန်းကြီး အရှည်ကြီးဖြစ်လို့  မလေးရှားကလာတဲ့လူတိုင်း ငြီးနေတဲ့အချိန်မှာ ကိုယ်တွေကလည်း စိတ်ရူးပေါက်တယ်
ကဲ သွားပီးမှတော့ ဟိုရောက်မှ တန်းစီရလည်း တန်းစီပေါ့
စင်ကာပူက အထွက်ကတော့ အေးဆေးပဲ မလေးရှားဖက်ခြမ်း ရောက်တော့ ၀ှိုက်ကဒ်ဖြည့် ထုံးစံအတိုင်း ဘောပင်မပါတော့ သူများပီးအောင်စောင့်
အင်မီဂရေးရှင်းတန်းစီတော့ Nars ဆိုလား ဘာညာ အဲ့ဒါမပါတာ ၁ ကနေ ၇ ကောင်တာမှာစီပေါ့ ရေးထားတော့ ကိုယ်တွေက ၇ မှာစီတယ် ၇ နဲ့  ၈ က ကပ်ရပ်လေ အနားရောက်မှ လူခွဲထွက်တာ
ကလေး ၂ယောက်က ရှေ့ က ခဏလေးနဲ့ ပီးသွားတယ်
အမယ် ကိုယ့်အလှည့်ရောက်တော့ အော် မြန်မာကိုဆိုပီး ခဏနေတော့ လက်ဗွေနှိပ်ခိုင်းတယ်
လက်ဗွေကလည်း လက်ညှိုးလေး ၂ချောင်းကို စကရင်ပေါ်တင်ရတာ
ဖြစ်ရလေတယ် တင်ထားတဲ့ခုံက အမြင့် ကိုယ်က အရပ်က ပုပု ဒါတောင် ဒေါက်ဖိနပ်စီးသွားတာ အဲ့ဒါကို ခြေဖျားထောက်ရသေးတယ် လက်ကလေး၂ဖက်က ကိုယ့်ခေါင်းပေါ်ကျော်ပီး နှိပ်ရတာ
ရီစရာတောင် ကောင်းသေး ကိုယ့်ပုံကို စဉ်းစားပီး စကရင်ဖတ်တာကြာတော့
ဟိုဖက်က ပီးသွားတဲ့ ၂ယောက်က ပြောင်ပြလို့  ဒီဖက်ကနေ ကိုယ်က မဲ့ပြ အန်ကြိတ်ပြ လုပ်နေရသေးတယ်
ပီးလည်းပီးရော ကိုယ့်ပတ်စ်ပို့ မှာ စတစ်ကာ ကပ်ပေးလိုက်ပါကောလား
ကတောက် အဲ့ဒီမှာ စတာပဲ
အလယ်က စိမ်း၂နဲ့ မည်း၂လေးက စတစ်ကာ စကပ်ခါစက အရှည် အပြန်မှာ တ၀က်ဖြတ်ယူထားလိုက်တာ
ပီးတော့ အငယ်၂ ယောက်က သူတို့ ကို လက်ဗွေလည်းမနှိပ်ခိုင်း စတစ်ကာလည်း မကပ်ဘူးဆိုတော့ ဟင်ဘာဖြစ်လို့ လဲ ငါ့ကျ လုပ်ခိုင်းတယ် ကပ်တယ်ဆိုတော့ ၂ယောက်လုံးက အားပေးပါတယ်
မမ မျက်နှာကြီးက Suspect ဖြစ်စရာ မျက်နှာကြီးဖြစ်နေလို့ တဲ့
စိတ်ကို အတော်တိုသွားတယ် ဟင် တူတူချင်း ငါ့ကျ လုပ်ခိုင်းတယ် ဆိုပီး
အငယ် ၂ကောင်ကလည်း ဒီ Suspect ဆိုတာပဲ ခဏခဏပြောတယ်
ပြောလည်းပြောချင်စရာ ဆံပင်က ဘုတ်သိုက် မျက်နှာက နဂိုမည်းကို ဘာမှ မလိမ်းထားတဲ့အပြင်
အကျီကလည်း အမည်း ဘောင်းဘီကလည်း အမည်း ဖိနပ်ကလည်း အမည်း
လားလား
မှန်ထဲ ပြန်ကြည့်မိတာ တကိုယ်လုံးမည်းနေတာ တခါတည်း စစ်ဆေးရေးခန်းခေါ်မမေးတာတောင် ကျေးဇူးတင်ရမယ် (တော်သေးတယ် မျက်မှန်အမည်းကြီးတပ်မသွားလို့ )
ဥပဓိရုပ်က အဲ့လောက် တောင် ခံ့ ညားတာ
အကြည်တော်ထဲကလို နင့်မျက်နှာလည်း ငါမကြည့်ချင်ဘူး ငါ့မျက်နာလည်း ငါပြန်မကြည့်ချင်ဘူးဆိုတာ ကိုယ့်များ တည့်ပြောသလားမှတ်ရတယ်
ဟိုဖက်ရောက်တော့ City Mall ရှေ့ မှာ ပိုက်ဆံလဲ (စင်ကာပူ ၁ ဒေါ်လာ = ၂.၄ ရင်းဂစ်)
အထဲဝင် နေ့ လည်စာဝင်စား
မဆိုးဘူး ဘူဖေးစတိုင်ပဲ စားလို့ လည်းကောင်းတယ် ဈေးလည်းသင့်တယ်
ငါးခူကြီးတွေဆို အကြီး၂တွေ ဒါမယ့် ကြွပ်ပီး အရသာရှိတယ်
ငါးခူနဲ့ ပွဲက မလေးရှားရင်းဂစ် ၉ ရင်းဂစ်ကျော်၂လေး သက်သပ်လွတ်က ၆ ရင်းဂစ်
အချိုပွဲလည်း ဈေးသိပ်မဆိုးဘူး ရေခဲသုပ်က ၄.၈ ရင်းဂစ်နဲ့  လှေကလေးက ၇.၉ ရင်းဂစ်
စင်ကာပူမယ် အဲ့လှေကလေးနဲ့ ရေခဲမုန့် က ဆွင်းဆမ်းမှာဆို ဈေးသိပ်ကြီးတာ
(ရေခဲမုန့် သားတော့ ကွာတာပေါ့)
ထုံးစံအတိုင်း ဈေးတွေချနေတာပဲ ခြေညောင်းအောင် အကုန်ပတ်ကြည့် ၀ယ်ချင်စရာကောင်းတာ တခုမှကို မတွေ့ တာ ဒါမယ့် နည်းနည်း ဟော့ရှော့ဖြစ်မယ်တဆိုင်ကနေ အဆင်ပြေမယ်ထင်တာလေးတထည်တော့ ၀ယ်ခဲ့သေးတယ် ၀ယ်ပီးမှ အဲ့ဒါ အရပ်မြင့်တဲ့သူတွေအတွက်ပိုသင့်တော်မယ့်ဒီဇိုင်း ဖြစ်နေရာ
အို ဘာဖြစ်လဲ ဖိနပ်မြင့်တာ ၀ယ်စီးမှာပေါ့ဆိုပီး ဖြေသိမ့်လိုက်တယ်
ဒီဇိုင်းဆန်းဆန်း အိတ်ရောင်စုံနဲ့  ဟိုငယ်ငယ်တုန်းက ယိုးဒယားဖက်ရှင်စာအုပ်ထဲကဒီဇိုင်း ဘောင်းဘီပွပွဒီဇိုင်းနဲ့  အမျိုးသမီးကို သဘောကျလို့  (ခုတလော အဲ့ပုံစံနဲ၂ပြန်ခေတ်စားသလိုပဲ)
အိုင်ပက် အိုင်ဖုန်းထဲကနေ အပြင်ရောက်နေတဲ့ Angry Bird နီနီရဲရဲကြီး
ကလေးကလားလို့  မထင်ပါနဲ့  ချစ်စရာကောင်းတဲ့အရုပ်လေးတွေဆို သဘောကျမိလို့ ပါ
အဲ့ရှော့ပင်းမောလ်က အိမ်သာသွားရင် မလေးရှားရင်းဂစ် ၂၀ ပြားတိတိပေးရတယ် မရှိလို့  စင်ကာပူ ပြား၂၀ ပေးတာ လက်မခံဘူး အတော်ကြာမှ ၀င် ၀င်ဆို ခိုင်းတယ် (ဒင်းတို့ ကပဲ နာရတယ်ရှိသေး ဟွန့် )
အပေါ်အောက် ခြေညောင်းအောင်ပတ်ပီးတော့ အငယ် ၂ယောက်က ရုပ်ရှင်ကြည့်ချင်တယ် ပိုစတာပြတော့
လန့် တောင်သွားတယ် သရဲကား မလေးရှားသရဲကားထင်တာပဲ ကြောက်စရာကောင်းချက်
ဒါနဲ့  မကြည့်ရလို့  တခါတည်းပြောပီး တက်ကစီစတန်းဆီသွားတယ် ပီးတော့ နောက်တနေရာဆက်သွားတယ် ကားဆရာက မိနစ် ၃၀ လောက်ကြာမယ်ပြောတာပဲ
မလေးရှား ၁၅. ၄ ရင်းဂစ်တန်ဖိုး တက်ကစီမီတာ ရောက်တဲ့အချိန်မှာ နောက်တနေရာကို
ရောက်ပါပီ Jusco
အပြင်ကကြည့်ရင် စက်ရုံကြီးလိုပဲ လေးထောင့်ပုံစံကြီး အထဲမှာက City Mall ထက် စုံတယ်ထင်တာပဲ
အဲ့စာတန်းလေးက သိပ်မှန်တယ် အမြဲတမ်းအတွက်
မိသားစုအတွက်လည်း ဖခင်က နံပါတ် ၁ ပဲ
ဘာရယ်မဟုတ်ပါဘူး ရေမြင်ရင်ကို အလိုလိုနေရင်းသဘောကျလို့ 
ချိုချဉ်မျိုးစုံနဲ့  အပျင်းပြေစားစရာဆိုင်ပါ အလကားပေးသလို လူတွေများပါတယ် အမြည်းတွေလည်း မျိုးစုံအောင် နှိုက်စားပါတယ် သွားတွေတောင် ကျိန်းယူတယ် :)
အမြည်းစုံအောင်စားသလို တို့ စိတို့ စိ စုံအောင်လည်း ၀ယ်ခဲ့ပါတယ်
ဂျင်းခရေဇီဖြစ်တဲ့သူတွေအတွက် မွစိမွစိအသုံးအဆောင်လေးတွေ
လတ်လတ်ဆတ်ဆတ် အသီးအနှံစုံတွေကို ကိုယ်ကြိုက်ရာယူထည့် ပီး ချိန်ပီး ကျသင့်သလောက်ရှင်း
ဈေးမကြီးဘူး တန်တယ် ပီး အစုံရှိတယ်
မကာအိုဆိုင်နာမည်နဲ့ ပါ မကာအို အက်တက် အတော်တူပါတယ် မကာအိုက အက်တက်နဲ့ 
၆ ခုကို ၁၀.၈ ရင်းဂစ်ပါ
ခြေထောက်တွေအတော်ညောင်းအောင် လှည့်ပတ်ပီးသကာလ ပြန်တော့မယ်ဆိုပီး အပြင်ထွက် တက်ကစီငှားပါတယ် မီတာနဲ့ ပါ မောင်းတာက အမျိုးသမီး သူက မလေးရှားလို ပြောတယ် သူဘာပြောပြောကိုယ်ကတော့ မလေးရှား အင်မီဂရေးရှင်းသာမောင်းလို့  ထပ်ခါထပ်ခါပြောတယ်
သင့်အား သင့်မိသားစုက အန္တရယ်ကင်းစွာနဲ့ ပြန်လာမှာကို စောင့်မျှော်နေသည်ဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားပီး ၃၀ နှုန်းနဲ့ မောင်းပါတယ် ဟွန်းတွေလည်း တလမ်းလုံး ကားမြင်ရင်တီးတယ်
အသွားတုန်းက ဒီခရီးဒီလမ်းကို မလေးရှား ၁၅ ရင်းဂစ်ကို အပြန် ၁၇ ရင်းဂစ်ကျပါတယ် ပီးတော့ လူလည်ကြီး သမီးက အကြွေမရှိဘူးဆိုပီး ၂၀ တိတိယူလိုက်ပါတယ်
ကဲ အပြန် ထပ်တန်းစီရမှာစိုလို့  အစောပြန်လာကြတယ် ဒါက စင်ကာပူပြန်ဖို့  မလေးဖက် အင်မီဂရေးရှင်းအ၀င်ပါ
အ၀င်တုန်းက မင်္သကာစရာမျက်နှာနဲ့ မလို့  ဟိုစစ် ဒီစစ်နဲ့  လက်ဗွေနှိပ်ခိုင်းသမျှ အပြန်ကျတော့ ဒီမသင်္ကာစရာကြီး ငတို့ နိုင်ငံကထွက်ပီဆိုပီး ၀မ်းပန်းတသာ တပြုံး၂နဲ့  ပြန်လွတ်ပါတယ်
စင်ကာပူကို ပြန်ဝင်တဲ့အခါ ဇာတ်လမ်းပြန်စပါတယ်
နဂိုကမှ မသင်္ကာစရာရုပ်ကြီးက နေပူပူလျှောက်သွားထားတော့ ပိုပင်းပန်းတဲ့ မျက်နှာကြီးနဲ့  ပြန်အ၀င်မှာ ပတ်စပို့ ကိုစစ် ကိုယ့်မျက်နှာကိုကြည့်နဲ့ ၃ ခါတိတိ လူကိုသေချာကြည့်ပါတယ်
အတော် စိတ်နာပါတယ်
ဒါနဲ့  အပြင်ရောက်တာနဲ့  အငယ်၂ယောက်ကို အဲ့လိုစစ်တဲ့အကြောင်းပြောပီး ငါ့ပတ်စပို့် ထဲကရုပ်က အတော်ဆိုးတယ်ထင်တယ်လို့  ပြောတဲ့အခါ
အငယ် ၂ယောက်က တပြိုင်တည်း ၀မ်းသာအားရ အားပေးကြပါတယ်
ပတ်စပို့ ထဲထက် အပြင်က ပိုဆိုးပီး မင်္သကာစရာကောင်းလို့ ပါတဲ့ (ဇာတ်တိုက်ထားရင်တောင် အဲ့လောက်မညီပါဘူး)
ကိုယ့်ကိုကိုယ် ငါဟဲ့ မသင်္ကာစရာ မျက်နှာမည်းကြီးပိုင်၇ှင်ဆိုပီး လက်သီးလက်မောင်းပဲတန်းရမလိုလို
တိုင်ကလေးဖက်ပီး တရှုပ်၂နဲ့  ငိုရတော့မလိုလိုနဲ့ 
အတော် ခံရခက်ပါတယ်
တော်သေးတာပေါ့ မြန်မာပတ်စပို့ ဖြစ်နေလို့ 
ဟိုး အီ်းယူဖက်ပတ်စပို့ သာဖြစ်ရင် ဘင်လာဒင်နဲ့ အမျိုးတော်တယ်ဆိုပီး တခါတည်းကို ဆွဲစိခံရမယ့်ပုံ
၉၅၀ ပြန်စောင့်စီးပါတယ် ဒီလိုနဲ့  ၄ နာရီမှာ စင်ကာပူပြန်ရောက်ပါတယ်
တကယ်တော့ စင်ကာပူက နေလို့  ပိုကောင်းပါတယ်
အဲ့လောက်မမဲရှာပါဘူး..
ReplyDeleteနောက်ဆို အကျီဖြူပဲ ဝတ်
ခုတလော နေမကောင်းတော့ အတော့်ကိုပိန်သွားတယ် အဲ့တော့ ပိုမည်းတယ်လို့ ထင်ရတယ်မေ
ReplyDeleteအကျီအဖြူတော့ မ၀တ်ရဲဘူး တော်ကြာ သရဲခြောက်တယ် ပြောမစိုးလို့  ဟိ
လိုက်လည်တာ မျက်စေ့ကိုရှုပ်သွားတယ်.။
ReplyDeleteလျှော့ပင်း ဝါသနာမပါဘူး.။
ထားဝယ်က ပိုနေလို့ ကောင်းတယ်ဟယ်..။