ရုံးပိတ်ရက် စနေ တင်းဂွေဆို စိတ်ကူးပေါက်ရင် ဖွယ်၂ရာ၂ဖြစ်အောင် ဟင်းချက်ပီးစားဖြစ်တယ်
စိတ်ကူးပေါက်တာကလည်း ခပ်ရှားရှားဆိုတော့ ချက်ဖြစ်တဲ့အချိန်လေး မှတ်တမ်းတင်ဖြစ်တယ်
သူတို့ မုန်းတဲ့ အိုင်ဖုန်းဖိုးနဲ့ ပေါ့ (အဟိ)
စိတ်ကူးမပေါက်ရင်လည်း တနေကုန် ခေါက်ဆွဲပြုတ်ကလေးနဲ့ ပီးရော
မနေ့ က စနေနေ့ ကတော့သယ်ရင်းတွေလည်းလာမှာဆိုတော့
မွေးသမိခင်ကြီး သေသေချာချာ လုပ်ပေးလိုက်တဲ့
မညှီအောင် ဂျင်း ကြက်သွန်ဖြူ ဆနွင်း ငရုတ်သီး မဆလာနဲ့  အမြှောင်းလုပ်ပီး အခြောက်လှမ်းပေးတဲ့ ဆိတ်သားခြောက်ကို ရေစိမ် ထုထောင်းပီး ငရုတ်သီးများများနဲ့  အညာချက် ချက်တယ်
ငရုတ်သီးခြောက်ကော အနီအစိမ်းပါထည့်တာတောင် တယောက်သောသူက
ငရုတ်သီးအစိမ်းတောင်းပီး ကိုက်စားသေးတယ် အံ့သြရော
မှိုကြိုက်တဲ့နိုမှို့ အတွက် အထူးကြော်တာ သူကမလာဘူး
ကုလားပဲကို ပြုတ်ထောင်းပီး ပဲကြာဇံလေးနဲ့ ချက်တဲ့ ပဲဟင်း
ဒါကတော့ သာမီးအကြိုက် ဂဏန်းဟင်း (တယောက်သော သူမဖြူ၂ဖွေးတတုံးတခဲကြီးချက်လာပေးတာ)
သာမီးကြိုက်တိုင်း သူတို့ ဂဏန်းတွေ ခဏခဏချက်၂ကျွေးလို့  သာမီးလည်း ခု လူတွေနဲ့  စကားပြောရင် ဘေးတိုက် ဂွတိုက်ပီးပြောတတ်နေပီ (တရားခံက သူတို့ ပေါ့)
ဒါလေးက တယောက်သော အချောအလှ ပြေမသုတ်တဲ့ ပုစွန်ကိုလှော်ပီးထည့်တဲ့ ကျောက်ပွင့်သုတ်
(ဒါသုတ်ရင်း စကားများ ရန်ဖြစ် ထသတ်ကြသေးတယ် သကြားပဲထည့်ပီး ဟင်းချိုမှုန့် မထည့်လို့ ) အဟိ
ကဲ ဟင်းအစုံအလင်နဲ့  ထမင်းဝိုင်းကို အ၀သာငမ်းသွားကြပါတော့
အော် နိုမှိုလေး နိုမှိုလေး သနားစရာလေး မအားလို့  လာမစားရရှာဘူး
ဒါလေးက ထမင်းစားပီး မြန်မာပီပီ အအီပြေ လက်ဖက်နှပ် စပ်စပ်လေး
ဘယ်လောက်စပ်စပ် ငရုတ်သီးစိမ်းတောင်းပီး ကိုက်စားကြသေးတာပဲ
မနေ့ က အဲ့လိုလည်း ချက်ပီးရော ဒီကနေ့  ဘာချက်စားရမှန်းမသိဖြစ်နေပေါ့
ကဲကြွရောက်လာတဲ့ ပိတ်သတ်အပေါင်းနဲ့  သယ်ရင်းအပေါင်း အားပါးတရသာ ငမ်းသွားကြပါ မကြေနပ်ရင် ရိုက်ဘောက်မှာ အားပါးတရသာ ရိုက်သွားကြပါတော့
နိုမှို့ အတွက် အထူးစပါယ်ရှယ် အိုင်ဖုန်းဖိုးနဲ့  ဒါ့ပုံမှတ်တမ်းတင်ထားတာနော် နိုမှို hh
နီ့ ကျောက်ပွင့်သုပ်က သကြားပါလား သိဘူး ချိုလိုက်တား)
ReplyDeleteအဲဂဏန်းနာလည်း စားရပါတယ် ကျန်တာတော့ မေတ္တာသုတ် မရတဲ့အတူတူ.. ပုံကြည့်ပီ နီတို့ကို မေတ္တာပို့သွားတယ်။ hit5
ချာတူးလန် (ချာချာ)
byal စားချယ်တယ် တဂယ်
ReplyDeleteမပိုးရဲ့ ဟင်းးးးးးး စိတ်ကြီးရယ်ကို လျှော့ချလိုက်တော့တယ် ဂလုး))))
ReplyDeleteပြန်စားချင်ထှာ ဆိတ်သားခြောက်ဟင်းလေး
ReplyDeletehit5 နာမစားရဘူး ဟင့်
ReplyDelete