Monday, January 31, 2011

နှစ်ကူးအတွက် ၀ယ်ဖြစ်ခဲ့တာလေးတွေ

ဖေဖော်ဝါရီ ၃ ရက်နဲ့  ၄ ရက်နေ့ ဆို တရုတ်နှစ်ကူးရောက်ပြီ
မနှစ်က နှစ်ကူးမှာ ပါးပါးရော မေမေပါ လာလို့  မလေးရှားကို ခရီးထွက်ဖြစ်တယ်
ဒီနှစ်ကတော့ မွေးသမိခင် ကျေးဇူးရှင် မားမားမေမေ တယောက်ပဲလာဖြစ်တယ် ပါးပါးမအားလို့ 
ဒီနေ့ ပဲ လေဆိပ်ကိုသွားကြိုရမယ် လမ်းခရီးအဆင်ပြေလို့ အန္တရာယ်ကင်းပါစေ မေမေ
ဒီနှစ်က မေမေပဲလာမယ်ဆိုတော့ ခရီးမသွားဖြစ်ဘူး အားလုံးမိန်းကလေးတွေကြီးဖြစ်နေလို့ 
ဒါနဲ့ ပဲ ပျင်းစရာကောင်းတဲ့ မိုးဖြူတွေမစဲပဲရွာနေတဲ့ စင်ကာပူကျွန်းမှာပဲ နှစ်ကူးဖြစ်မယ်
ဒီတော့ ရုံးက နှစ်ကူးစားပွဲတွေနဲ့  အသိမိတ်ဆွေတွေဖိတ်တဲ့စားပွဲတွေသွားဖို့ ရယ် နှစ်ကူးမှာ ၀တ်ဖို့ ရယ် အ၀တ်အစားအသစ်တွေဝယ်ဖြစ်တယ်
မေမေက နောက်ကျမှရောက်တော့ ကိုယ်ဖာသာကိုယ်ပဲဝယ်လိုက်တယ်
ကျေးဇူးရှင်ပေါက်စန နှစ်ယောက်အတွက်ပါ ၀ယ်ပေးရတယ်
ကောင်းလေစွ ကောင်းလေစွ ပေါက်စနလေးတွေဖြစ်ရတာ
ကဲ စကြွားမယ် အဲလေ ၀ယ်ဖြစ်တာတွေကို မှတ်တမ်းတင်ထားတာပြမယ်

နှစ်ကူးမှာ အလှထူးမယ့် RED2 ဟိဟိ (ဘယ်သူမပြောပြော ကိုယ့်ဖာသာအလှထူးပလိုက်တယ်- ပေါရဲချက်)
ပေါက်စန ၂ယောက်ကတော့ မြင်တာနဲ့  အားပေးတယ် အသားမည်း အရဲဆင်တဲ့ 
(ဒါ အရဲမှ မဟုတ်တာ ပြောပစေ ပြောပစေ)
ဒါလေးကလည်း အမည်းအတွက် နောက်တရဲ အဲ မဟုတ်ပေါင် နောက် အနီစပေါ့ဂါဝန်လေး
တော်မှ နောက်အကျီတွေ ဆက်တင်ရင် ၀ိုင်းမစ်တာပို့ တာခံရမယ် ဒီတော့အကျီကတော့ ဂလောက်ပဲ
မနှစ် နှစ်ကူးတုန်းက ၀ယ်ထားတဲ့ ဖိနပ်အသစ်၂ရံရှိသေးတယ် ဒါမယ့် ဒီနှစ်ကူးအတွက် ထပ်ဝယ်တယ်
ဒီတော့ ပြောခံရတယ် ကြိုက်တာကိုက ပြောင်ပြောင်လက်လက်နဲ့  ဒါကြောင့်
ကုလားမသေလို့ ဝင်စားတယ်တဲ့ (အို ပြောပစေ ပြောပစေ ၀တ်တာမမြင်သေးလို့ ပြောတာ)
ဒီနှစ်ကို အသစ်ပြောင်းသုံးကြည့်မယ် အနံ့ လေး မဆိုးဘူးလားလို့  
ကဲ တော်မှ ကိုယ့်အတွက်ဝယ်ထားတာတွေ သယ်ရင်းတွေကလည်း ရိုက်ဖို့ စောင့်နေပီ
ကျေးဇူးရှင်၂ယောက်အတွက်လည်း ၀ယ်ပေးပါတယ် 
ဒါက ကျေးဇူးရှင် ပေါက်စနပိစိလေးအတွက်
သူက စီးပွားတွက် တွက်သေးတာ မမ ၁၀ တန်တွေကြီးများများဝယ်မယ်လေတဲ့
မလုပ်ပါနဲ့  ငါ့မတရားဘူး ပြောခံရမယ်ဆိုပြီးပြောရတယ်
အောက်က ကျေးဇူးရှင် အလတ်လေးနဲ့ များ ကွာပ
ဒီဘလော့ အလတ်မလေး လာမဖတ်ဘူး အတင်းပြောလည်း သူမသိဘူး ဟိဟိ

ဒါက ကျေးဇူးရှင် အလတ်မလေးအတွက် သူလည်း ၃ထည်ပဲ  ၂ယောက်ကို တူတူဝယ်ပေးတာ
သူကတော့ စလာကတည်းက မီးမီးက ဘရန်းမှ ၀ယ်မှာနော်တဲ့
အေးအေး ၀ယ်ပေါ့ ( စိတ်ထဲကတော့ ဒင်းကို ရိုက်ချင်နေတာ ဟိဟိ)
 

 ဒါက တယောက်သော လူကြီးသူမအတွက် နှစ်ကူး လက်ဆောင်ခြင်း
အပေါ်က ကျေးဇူးရှင် အလတ်မလေးဘရန်းဂလောက်ကြိုက်တာ သူ့ လည်း ဒါမျိုးဝယ်ပေးရမှာ ဒါလည်း ဘရန်းတော့ ဘရန်းပဲ ဒါမယ့် ကြက်ပေါင်ရည်နဲ့  ငှက်သိုက် အဟိ

စားစရာတွေ ကွတ်ကီးတွေ ကိတ်တွေဘာညာတွေကတော့ တပုံတပင်ကြိုဝယ်ထားလိုက်တာ ကံကောင်းသွားတယ် ခုတော့ မိုးဖြူတွေ မစဲဖြစ်နေတဲ့ စိုစိစိုစိ စင်ကာပူမှာ အပြင်ထွက်စရာမလိုတော့ဘူး
ဒါမယ့် အသားငါးတွေကတော့ နက်ဖြန် အန်တီယူစီမပိတ်ခင် ကြိုဝယ်ရဦးမယ်
မွေးသမိခင် ကျေးဇူးရှင်ကြီး ပါလာတဲ့ပစ္စည်းတွေနဲ့ ဆို ရုံးပိတ်ရက်ရှည်မှာ အေးအေးဆေးဆေး
ထိုင်စားယုံပဲ ပိုက်မထွက်တော့ဘူး ဒီနှစ်ကူး
 
 ယုန်နှစ်မှာ အားလုံး ကျန်းမာ ချမ်းသာ အလုပ်အဆင်ပြေလို့  ဒီပုံထဲက ယုန်ကလေးလို လက်မထောင်နိုင်ကြပါစေ

ဘလော့ရောက်လာ မိတ်သဟာအပေါင်းကို ဘိုးဘိုးကြီးက နှစ်ကူး ရွှေဒင်္ဂါးစစ်စစ်တွေဝေမယ်
အားလုံး လက်ဝါးဖြန့် ကြပါ

တရုတ်နှစ်ကူးမှာ မိတ်သဟာအပေါင်း ပျော်ရွှင်ချမ်းမြေ့ကျန်းမာချမ်းသာလို့  ဘောနပ်များများ
ဟုတ်ပေါင်းများများ ရကြပါစေလို့  ဆုမွန်ကောင်းတောင်းရင်း
 
ရှင်းနင်ခွိုက်လော့

သယ်ရင်းအပေါင်း ငါ အခု အိုင်ဖုန်းဖိုးအကြောင်း တလုံးတစိမျှကို မပြောတော့ဘူးနော်
ပီအက် - သယ်ရင်းအပေါင်း ငါ အခု ဆံပင်ညှပ်လိုက်တယ် ဒီတခါ ကေက လေရာနဲ့  ဂျပန်မင်းတမီးလေးနဲ့  သိပ်တူတာပဲသိလား ဟိဟိ


5 comments:

  1. ဂျပန်မင်းသမီးဆိုတော့ ဂျပန် စိန်ဂွက်ထော်လည်းဖြစ်နိုင်တာပဲ အင်းအင်း။
    ကြွားလိုက်တာအေ ..ကြွားချက် .. အပေါ်က အနီရောင်ဝတ်ရင်သတိထား .. နွားလိုက်ဝှေ့ မယ် ခွေးလိုက်ဆွဲမယ်။
    ရေမွေးကတော့ ဘာသုံးသုံးမထူးဘူးသိလား ။ နံတာပဲ ဟိ။

    ReplyDelete
  2. ဒါ ငါ ၀တ်တာ မမြင်သေးလို့ ပြောတာ ၀တ်တာမြင်ရင် ဂျပန်တရဲလို့ ပြောမှာ
    စလုံးမှာ အဲ့ကျွဲနွားမရှိလို့  အနီကို ရဲ၂တင်း၂ကြီးကို ၀တ်ပစ်တာ ဟိဟိ
    နံဘူးမွှေးနေတာပဲ ကြာညှို့ နံ့ အဲ့လေ ကြာပန်းနံ့ လေး

    ReplyDelete
  3. ခါးပတ်အနီရောင်က ဘာနဲ့ဝတ်ဖို့လဲ hh

    ReplyDelete
  4. အနက်ရောင်ပါဆို အနီပေါ်တင်ရိုက်လို့  အရောင်က အဲ့လိုဖြစ်သွားတာ ကာလာဘလိုင်းမကြီးတွေရဲ့  hit5

    ReplyDelete
  5. မမပိုးလို အစ်မမျိုး လိုချင်ထှာ bearcry

    ReplyDelete