သတ်သတ်လွတ်စားခဲ့တုန်းက အမှတ်တယရိုက်ခဲ့တဲ့
သတ်သတ်လွတ်ဟင်းတွေ
စင်ကာပူမှာ သတ်သတ်လွတ်စားတဲ့သူတွေက ကြက်သွန်ဖြူ ကြက်သွန်နီ် မစားဘူး
ဂျင်းနဲ့ ပဲ အနံ့ မွှေးအောင်လုပ်ကြတာများတယ်
ပြီးတော့ သူတို့ ချက်တဲ့ သတ်သတ်လွတ်ဟင်းတွေက စားလို့ လည်း သိပ်ကောင်းတယ်
အရသာရှိတယ်
တခုကောင်းတာက စင်ကာပူမှာ သတ်သတ်လွတ်စားတာများတော့ နေရာအနှံ့ မှာ သတ်သတ်လွတ်ဆိုင်တွေ ရှိတယ် ပြီးတော့ စားချင်သဖွယ်ဖြစ်အောင် ချက်ကြတယ်
အသားဟင်းအတိုင်း တူအောင်လည်းချက်ကြတယ်
ဒါပေမယ့် ဈေးကတော့ ရိုးရိုးအသားဟင်းထက် ဈေးပိုကြီးတယ်
ကဲ သတ်သတ်လွတ်များ စားမယ်ဆိုရင် နမူနာဟင်းလေးတွေ ကြည့်ရအောင်
ဒါလေးက ပြည်ကြီးငါး သတ်သတ်လွတ်ဟင်း
အများသိတဲ့ ခရမ်းသီး သတ်သတ်လွတ်ဟင်း
ခရစ်စမတ်အကြိုမတိုင်ခင်က သွားစားခဲ့တဲ့ သတ်သတ်လွတ် ၀က်သား ၃ ထပ်သားကြော်နဲ့ 
သရက်သီး ငုန်တာဥနီ နာနတ်သီးချဉ် ကျွပ်ကျွပ်လေး
သတ်သတ်လွတ် ကြက်သား ချိုချဉ်ကြော်
ပဲသီးကိုကြော်ထားတာပဲ ဒါမယ့် ဘယ်လိုကြော်ထားမှန်းမသိဘူး တော်တော့ကိုစားကောင်းတယ်
ဒါကတော့ ကျောက်ခွက်ကလေးနဲ့  စင်ကာပူစတိုင် ကာရီဟင်း
ကဲ ပျော်ပျော်ပါးပါး သတ်သတ်လွတ်ဟင်းတွေ စုံစုံလင်လင်နဲ့ စားကြမယ်
ဝက်သားသုံးထပ်သားကင် ပုစွန်အချိုကျွပ်ကြော် တုံယမ်းဟင်း တို့ ဖူးနဲ့  အသီးအရွက်မြေအိုးဟင်းနဲ့  ကန်စွန်းရွက်ကြော်
တခါတည်း အချိုတည်းဖို့  အချိုရည်အစုံချထားပေးတယ်
ကဲ ကုသိုလ်ပြုချင်တဲ့သူများ ၀ိတ်ချနေတဲ့ ညီမလေးများ အသားငါးစားရတာများလို့  ငြီးငွေ့ နေတဲ့ သူများအတွက်
ဟောဒီက အထူးစပါယ်ရှယ် သတ်သတ်လွတ်ဟင်းလျှာများ
ကဲ သယ်ရင်းတို့  ဒီပုံတွေကို စိတ်ချလက်ချသာကြည့်သွား
နီတို့  တောက်ညင်ကတ်တဲ့ အိုင်ဖုန်းဖိုးနဲ့ ရိုက်တာ တပုံမှကို မပါဘူး
hh

I P 4 မပါဘူးဆိုတာကို ဘိုးလုပ်ထားသေးတယ် hit2
ReplyDeleteသတ်သတ်လွတ်တွေ စားတော့စားချင်စာ ဒါမဲ့ မစားချင်ဘူးး တချို့ဟာတွေက ချိုလို့၊
ဟီးဟီး နီတို့ မမြင်မစိုးလို့  ဘိုးလုပ်ထားတာ
ReplyDeleteမချိုဘူး တချို့ ဟင်းတွေဆို စပ်လွန်းလို့  လျှာတောင် ဖလမ်းဖလမ်းထတယ်
ဟင်းတွေက ကြည့်ရင်းနဲ့ တဂယ်တူတယ်တော့
ReplyDeleteဒါမဲ့ ရှလွတ်တော့ မဖြစ်မိဘူး (သတ်သတ်လွတ် မိုလို့နဲ့တူတယ်) hh
ဘူးကစ်ဘားတော့မှာလည်း တဆိုင်ရှိတယ် နာ မမှတ်မိတော့ဘူး ဘယ်နားလဲ.
ReplyDeleteစားလို့တော်တော်ကောင်းတယ် အဲ့ဆိုင်က
ထမင်းက ဘာလို့  ၄ ပန်းကန်ဖြစ်နေရတာလည်း .. ၃ ပန်းကန်ဟုတ်ဘူးလား .. အော . မယ်မယ်ချ ဘကြီး စလုံး တရုတ် ထိပ်ပြောင်မဟုတ်တဲ့ ကတုံးကြီးလည်း ပါတယ်ပေါ့လေ hh
ReplyDeleteမျိုး ဘယ်နားမှာလဲ အဲ့ကိုတခါမှ မစားဘူးသေးဘူး
ReplyDeletehit5 ပေါက်ကရပြောဦးဗစ်
ဟင်းမကြည့်ဘူး ထမင်းပန်းကန်လိုက်ကြည့်နေတယ်
သတ်သတ်လွတ်စားရတာသဘောကျတယ်
ReplyDelete