Wednesday, January 19, 2011

I always miss mar!

မနေ့ ညက ကောင်းကင်ကိုမော့ကြည့်မိတော့ လပြည့်ကာနီးပြီဆိုတာတော့သိလိုက်ပါရဲ့  ဘာလပြည့်မှန်း မြန်မာပြက္ခဒိန်အလွယ်မရှိတော့ မသိ ဒီနေ့ မှ သယ်ရင်းတယောက်စတေးတပ်ကနေ သိလိုက်ရတယ် ပြာသိုလပြည့်နေ့ တဲ့ ဘလော့တွေလိုက်ကြည့်လိုက်တော့ ဒီနေ့  အမေများနေ့ တဲ့

အားလုံးကတော့ မိဘတွေကိုချစ်ကြတဲ့ သားသမီးတွေကြီးပါပဲ
တချို့ တလေသာ စိတ်အခန့် မသင့်လို့  မိဘနဲ့  အဆင်မပြေကြတာကလွဲလို့ ပေါ့
ဒါလည်း စိတ်အခန့် သင့်ရင် ပြေလည်သွားကြတာပါပဲ သွေးချင်းကဆက်နေတာကိုး

မြန်မာပြည်မှာတော့ ထူးထူးခြားခြား အမေနေ့ ဆို လုပ်ကြမှာပဲလို့ တွေးမိတယ်
ကိုယ်တွေကတော့ အဝေးရောက်နေတဲ့ သမီးတွေဆိုတော့ သတိယယုံ ဖုန်းဆက်ယုံကလွှဲလို့ 
မိဘကို ခြေဆုပ်လက်နှယ်ပြုစုဖို့ ဆိုတာကတော့ စိတ်ကူးပဲရှိတာပါပဲ
မွေးသမိခင်ကျေးဇူးရှင် မာတာမိခင် မားမားမေမေကိုတော့ ဒီနေ့ မှ မဟုတ်ပါဘူး မနက်မိုးလင်းဆို ဘုရားရှိခိုးပြီး ကျေးဇူးရှင်မိဘနှစ်ပါး ဒါ့ပုံကန်တော့တော့ အမြဲသတိယနေမိတာပဲ
ကိုယ်များ တခုခုဖြစ်ပီဆိုလည်း ဒီမွေးသမိခင် ဖခင်တွေပဲ တိုင်တည်ရတာပဲ
ဒီတော့ အမြဲလိုလိုကို သတိယနေတော့ ကိုယ်တွေအတွက်ကတော့ နေ့ တိုင်းဟာ အမေနေ့ ပါပဲ

တခါတလေ မိဘနဲ့ တူတူနေရရင်သိပ်ကောင်းမှာပဲလို့ တွေးမိတာပဲ
(နေလည်း တကျက်ကျက်နဲ့  စကားများနေတာ တည့်တာလည်းမဟုတ်ဘူး လူကြားကောင်းအောင် အဟိ)
ပြန်တွေးကြည့်တော့ ငယ်ကတည်းက မိဘနှစ်ပါးနဲ့ တူတူနေခဲ့ရတယ်ဆိုတာ တော်၂ရှားခဲ့တာပဲ
မွေးသမိခင် ကျေးဇူးရှင် မားမားမေမေနဲ့ တော့ အချိန်တော်၂ကြာ၂တူတူနေခဲ့ရပါရဲ့ 
( ဒါကြောင့် ပေါင်တွင်းကြော ဗိုက်ကြောတွေလည်း ခဏခဏလိမ်ဆွဲခံရပါ့ )
မိခင်ကြီးက တရုတ်မ ဒီတော့ တရုတ်မပီပီစည်းကမ်းကကြီး သူစိတ်တိုင်းမကျတာက တော်၂များများ
ငယ်တုန်းကတော့ ငယ်စိတ်ဆိုတော့ ငြိုငြင်မိတာပေါ့ မေမေက သိပ်ကပ်စေးနဲတာပဲ သိပ်တင်းကျပ်တာပဲ  ဘာပဲ မတ်ပဲ ကုလားပဲဆိုပီး အမြဲပဲ စူဆောင့်ပီး ညစ်တွန်း တွန်းတာ ပြန် အရွဲ့ တိုက်တာ
ပါးပါးကိုပဲ အချစ်ဆုံးပေါ့ မေမေ့အမျိုးတွေဆီအလည်သွားလို့  မေးလည်း ဟုတ်တယ် ပါးပါးပဲချစ်တယ် မေမေ့ကို မချစ်ဘူးလို့  စိတ်ထဲရှိတဲ့အတိုင်း ခပ်တင်းတင်းပဲပြောတာပဲ
အဲ့တုန်းက ကိုယ်အဲ့လိုပြောရင် မေမေ့တော့ စိတ်မကောင်းဖြစ်မှာပဲ သိပ်ခံစားသွားရမှာပဲလို့ 
တခါမှ မစဉ်းစား မတွေးမိခဲ့ပါဘူး ငယ်သေးတာကိုး
(ငယ်တာနဲ့ ကိုင်ကိုင်ပေါက်ပီး မလိမ်မာခဲ့တာ တော်၂များခဲ့တာပဲ)

ငယ်ငယ်ကဆို မေမေက အတော်ပင်ပန်းခဲ့တာ အစိုးရအလုပ်ကတဖက် ဒီသားသမီးတွေကို လူတန်းစေ့ထားနိုင်အောင် အစိုးရလခနဲ့ မလောက်လို့  တပိုင်တနိုင် မွေးမြူရေး စိုက်ပျိုးရေးလုပ်ရတာတဖက် ကလေးတွေချက်ပြုတ်ကျွေး ထိန်းရတာတဖက်နဲ့  တော်၂ကသီခဲ့တာပဲ အဲ့တုန်းက ပါးပါးကလည်း အစိုးရ၀န်ထမ်းဆိုတော့ နယ်တကာ မြို့ တကာသွား မိသားစုနဲ့  ခွဲနေရတာကိုး
တနှစ်တခါ နွေရာသီကျောင်းပိတ်မှ ပါးပါးတာဝန်ကျတဲ့မြို့ သွား တခါတလေ တနှစ်တခါလောက် ပါးပါးက ခဏတဖြုတ်အိမ်ပြန်လာမှ တွေ့ ရတော့ သားသမီးတွေကိုအလိုလိုက် မဆူမငေါက်ဆိုတော့ အဲ့တုန်းက မေမေ့ကို တော်၂ အထင်လွဲခဲ့တာ
ခုကြီးလာတော့ အော် မေမေ တော်၂ပင်ပန်းခဲ့တာ သနားစရာကောင်းပါလား သူစည်းကမ်းကြီးတာ ငါတို့  အတွက်ပါလား သိပ် စည်းစနစ်ကောင်းတဲ့မေမေပါလား သိပ်တော်တဲ့မေမေပါလားလို့  သိလာတာ
သိသာသိတာပါပဲ ဒီမလာခင် တူတူနေတုန်းကများဆို မေမေက သူပျင်းလို့ စကားပြော ကိုယ်က ပြန်ပြောချင်စိတ်မရှိ ပြောချင်မှပြော တခါတလေ မေမေက ချစ်စနိုးနဲ့ စ ကိုယ်က စန်းစန်းတင့်ဆိုတော့ ဆတ်ဆတ်ထိနာပီ မေမေ့ကို စကားမပြောပဲ နေသေးတာ (မိုက်လုံးကြီးချက်)
မေမေစလည်း စချင်စရာကိုး မေမေက တရုတ်မ မွေးလာတဲ့ကိုယ်က ဘယ်လိုမည်း၂လေးဖြစ်လာမှန်းမသိပါဘူး ဒီတော့ စတာပေါ့
ဒီရောက်မှ အော် ငါ မိုက်လုံးကြီးခဲ့တာတွေအများလားပေါ့
ဒါတောင် ပထမတခေါက်မေမေနဲ့ ပါးပါးလာတုန်း စိတ်ချမ်းသာအောင်မထားနိုင်ခဲ့ဘူး
ဒီနှစ်တော့ ပါးပါးက မအားတော့ မေမေတယောက်ပဲ တရုတ်နှစ်ကူးအမှီလာမယ်ဆိုတော့ ၀မ်းသာရပြန်ရော
ကိုယ်ကမှ မပြန်ဖြစ်တော့ မိဘကိုဒီခေါ်ရတော့တာပေါ့ စိတ်ထဲတော့ မကောင်းလှဘူး
ကိုယ်က သွားမတွေ့ ပဲ မိဘကို လာတွေ့ ခိုင်းသလိုဖြစ်နေတယ်ဆိုပီး
မေမေတို့ ကတော့ ဒီလိုတွက်မှာမဟုတ်ဘူး သားသမီးတွေ တွေ့ ရတယ်ဆိုပီး ပျော်တပြုံး၂နဲ့ ဖြစ်နေတာပဲ
မေမေနဲ့ ပတ်သက်ပီး ပြန်စဉ်းစားရင်း ပြုံးမိတာလေးရှိရဲ့  အဲ့ဒါက
မေမေဆို ခုကိုယ်တွေ ဒီရောက်မှ နာမည်အတည်ခေါ်ခံရတယ်
မေမေ ဒါမှမဟုတ် မားမားပေါ့
အရင်ကဆို ဘယ်ဟုတ်မလဲ မောင်နှမတတွေ တရုတ်သိုင်းကားခေတ်စားတုန်းက အဲ့ကားထဲကခေါ်တာ ညှောင်ဆိုလား မြှောင်ဆိုလား အဲ့၂ခုကြားကအသံထွက်နဲ့ တူတယ် အဲ့ဒါဆို တချိန်လုံး မေမေ့ကို မောင်နှမတတွေ ညှောင် ညှောင် ညှောင်နဲ့  နေတာပဲ ဘေးအိမ်ကဆို ကြောင်အော်နေတယ်ထင်မှာ
နောက်တခါ အလတ်မလေး ဆတ်ဆော့လို့  ဂျပန်စာ သွားသင်ရော အဲ့မှာ တခါတည်း ဂျပန်လို ခေါ်ကြပြန်ရော အဲ့ ကိုးရီးယားကားတွေ ပိုးထတော့ ကိုးရီးယားလို ခေါ်ကြပြန်ရော
မေမေ့မယ် တခေတ်ပြောင်းတိုင်း တခေတ်ဆိုသလို နာမည်အမျိုးမျိုးခေါ်ခံရတယ်
ဒီကြားထဲ တခါတလေ စိတ်ကူးပေါက်ရင် မွေးသမိခင်ကျေးဇူးရှင်ကြီးဆိုပီး ခေါ်ခံရသေးတယ်
ဘေးအိမ်က ကလေးပေါက်စနလေးတွေခေါ်သလို ဘွားဘွား လို့ လည်း ခေါ်ခံရနဲ့ 
ခေါ်လို့  ချက်ချင်းမထူးရင်လည်း ကိုယ်တွေက အကျယ်ကြီးအော်သေးတာကိုး မေမေ့ခမြာ့မယ် လိုက်၂မှတ်ရရှာတယ် ဘယ်သမီးက ဘယ်လိုထခေါ်ရင် ထူးရမလဲဆိုပီး

ခုဆို မေမေ့ဒါ့ပုံတွေကြည့်ပီး အော် မေမေ တော်တော်အသက်ကြီးသွားပါရောလားဆိုပီး မျက်ရည်ကျပြီး     ၀မ်းတွေနည်း စိတ်မကောင်းတွေဖြစ်လို့  ကိုယ်တွေအသက်ကြီးတာကိုမေ့ပီးတော့
ပီး ညီအမတတွေ အမြဲပြောဖြစ်တာ မေမေက ဘာလို့ အသက်ကြီးသွားတာလဲဟင်ဆိုပီး အဖြေမရှိတဲ့မေးခွန်းကိုအပြန်အလှန်မေးနေသလို အမြဲမေးဖြစ်တယ်
ပီးရင် မေမေ အသက်ကြီးသွားတာ ဘာဖြစ်လို့ မှန်းမသိဘူး သိပ်စိတ်မကောင်းဖြစ်တာပဲဆိုပီးပြောပီး မျက်ရည်ကအလိုလိုကျသွားပြန်ရော
ကိုယ်တွေ အသက်သာကြီးရင်ကြီးသွားပါစေ မေမေ့နဲ့ ပါးပါးအသက်ကိုတော့ ကြီးမသွားစေချင်တာတော့ အမြဲစိတ်ထဲဖြစ်ချင်နေမိတဲ့ ဆန္ဒလေးတခုပဲ
တောင်းတဲ့ဆုသာပြည့်မယ်ဆိုရင် မေမေနဲ့ ပါးပါး သားသမီးတွေနဲ့  အမြဲတူတူရှိပါစေလို့  ဆုတောင်းလေး တခုကိုတော့ လေးလေးနက်နက်ဆုတောင်းမိရင်း
မိခင်များနေ့ များ ကမ္ဘာပေါ်ရှိ မိခင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့  ပြီးပြည့်စုံပျော်ရွှင်ပါစေ

မွေးသမိခင်ကျေးဇူးရှင် မားမားမေမေရဲ့  ငယ်ကတည်းက ခုချိန်ထိဒါ့ပုံတွေကို အခွင့်သင့်ရင်တော့ တင်မယ်လို့ စိတ်ကူးမိပါတယ်
(အဲ့အခါကျရင် ကြိုမြင်မိပါတယ် သယ်ရင်းအားလုံးက နီ မေမေနဲ့ တော်၂မတူတာပဲ ဆိုပီးတော့)



5 comments:

  1. အန်တီက အသက်ကြီးမှာပေါ့ မမပိုးတောင် ဆိတ်မရတော့ဘူးကိုး

    တွေ့ လား ညီမတွေက ချစ်လို့ စလည်း ဆန်းဆန်းတင့်သေးတာပဲ ဟိဟိ

    ReplyDelete
  2. နာ သိပြီးသားပါ ပိုးထိုးရယ် နီနဲ့ နီ့မေမေ မတူဘူးဆိုတာ မားမားက ခန့်ချောကြီး အဟိ..

    ဒီတခေါက်မာမားလာရင်လည်း တည့်အောင်နေဦး လူကြီးက ဘာပြောပြော ပြန်မပြောနဲ့ ကြားလား

    နာလည်းဆုတောင်းပေးသွားတယ်နော် နီ့မာမားရော အမေတွေအားလုံးကျန်းမာချမ်းသာကြပါစေလို့

    ReplyDelete
  3. ဘူပြောလဲ ဆိတ်မရဘူးလို့  hooon
    စက္ကူရှရင်တော့ အသားနုနုက သွေးထွက်တာ hit5

    ReplyDelete
  4. မားမားက ခန့်ချောကြီး အဟိ..

    ဒီစာကြောင်းက မသင်ကာစရာကြီး hooon
    နာ့မောင်လေး ဖွက်ထားမယ်

    ReplyDelete
  5. ကိုယ်တွေ အသက်သာကြီးရင်ကြီးသွားပါစေ မေမေ့နဲ့ ပါးပါးအသက်ကိုတော့ ကြီးမသွားစေချင်တာတော့ အမြဲစိတ်ထဲဖြစ်ချင်နေမိတဲ့ ဆန္ဒလေးတခုပဲ >>> yesyes

    မမပိုးး တောင်းတဲ့ဆုလေးး ပြည့်ပါစေ။

    ဘိုင်ဒဝေးးးးး နောက်တခေါက် တွေ့ရင် ဆိတ်ကြည့်ဦးမယ် (သွေးထွက်မထွက်) မထွက် ထွက်အောင်ကိုတော့ ဆိတ်မှာ hh

    ReplyDelete