Saturday, January 8, 2011
ဗစ်စတာရဲ့  မွေးနေ့ အကြို မရိုးနိုင်တဲ့ စတင်းဘုတ်စားပွဲ
၆-၁-၂၀၁၁
ဒီတခါ ဂျီမှာချိန်းတယ် စီမှာချိန်းတယ်
ထိုင်းစာ စားမယ် စတင်းဘုတ်စားမယ်နဲ့  နောက်ဆုံးတော့
 ထုံးစံအတိုင်း မမုန်းနိုင်တဲ့ ရွှေကတုံးရဲ့  စတင်းဘုတ်ဆိုင်ကို ချီတက်တယ်
ကံကောင်းခြင်းတွေယူဆောင်မယ့်မွေးနေ့ ပွဲအတွက် မွေးနေ့ ဂုဏ်ပြုမယ့်သူတွေက
လပ်ကီး 7 ခုနှစ်ယောက်
ဒီတခါမွေးနေ့ လက်ဆောင်က အရုပ်ကလေးတွေကြိုက်တတ်တဲ့သူမအတွက်
ချစ်စရာဖြူဖြူဖွေးဖွေး တတုံးတခဲကြီး (မေလေးကိုပဲပြေးမြင်မိတယ် ခွိ)
မွှေးပွဝက်ဝံရုပ်ကြီး 
သွားဝယ်တဲ့သူကလည်း အပျိုဂျီးပြေဆိုတော့ သူ့ လို Fက် စရာမရှိဘူးထင်လို့ 
Fက် ထားဖို့ ကောင်းတဲ့ အရုပ်ကြီးကြီးကိုဝယ်လာတယ်
ကြီးလွန်းလို့  မွေးနေ့ လက်ဆောင်လည်းရပီးရော ဗစ်ဘကြီးလည်း ဆက်တီပေါ်သွားအိပ်ရတယ်ဆိုလားပဲ
(တိုးတိုးတိတ်တိတ် သတင်းရပ်ကွက်ကနေရတာ)
ကဲ ချစ်စရာကောင်းတဲ့ ဗစ်စတာအတွက် မွေးနေ့ လက်ဆောင်
ဝက်ဝံရုပ်က ဒါ့ပုံထဲမှမို့  သေးနေတာ အပြင်မှာ ပြေမကိုယ်လုံးလောက်ရှိတယ်
ဒီတခါ အတွင်းစားပွဲမှာ စတင်းဘုတ်အိုး၂အိုး
အရင်တခေါက်က စားတဲ့နှုန်းကြည့်ပီး ရွှေကတုံးလန့် သွားပုံရတယ်
မပွက်နိုင်အောင် အပြည့်အသိပ် ထည့်မှတော့ ဘယ်ပွက်နိုင်တော့မလဲ
ဒါလည်း ထုံးစံအတိုင်း မီးနည်းလို့ မပွက်တာ ဘာဖစ်တယ်ညာဖစ်တယ်နဲ့  နောက်ဆုံး ထုံးစံအတိုင်း ပုစွန်အကွေး ငါးအနွေးဆိုပီး နှိုက်ကြတာပါပဲ
ဒီတခါစတင်းဘုတ်စားပီး တယောက်ချင်းစီရဲ့  အကြိုက်ကို သေသေချာချာသိလိုက်ရတာအမြတ်ပဲ
နောက်နှစ်သူတို့ မွေးနေ့ ကျရင် သူတို့ ကြိုက်တာတွေ လက်ဆောင်ပေးမယ်
ဟော နောက်တယောက် ပိန်ညှောင်လို့  နာမည်ပြောင်ပေးထားတဲ့ အပြုံးဆိုရင် မစားဘူးတဲ့ ပြောင်းဖူးတွေပဲ ယူလိုက်ထည့်လိုက် ပြုတ်လိုက် စားလိုက်နဲ့  တယောက်တည်းကို လက်မလည်ဘူး
ပီး သူကလာသေးတယ် ၄၅ကီလိုပြည့်တော့မှာဆိုပီး ပြောင်းဖူးကိုက်ပီးပြောသေးတာ
တတုံးတခဲ ခုံပြည့်ဝိုင်းပြည့်၂ယောက်ကတော့ စလာကတည်းက ဖရဲသီးပန်းကန်အပြည့်ယူထားတာ
နောက်သူတို့ မွေးနေ့ ကျ ဖရဲသီးလက်ဆောင်ပေးရမယ်
ပြေတို့ ကတော့ အဲ့နေ့  မင်းတမီးပဲ
အနက်ရောင်ဂါဝန်နဲ့  ဆွဲကြိုးကြီး တပြောင်ပြောင် လက်ကောက်မြင်အောင် လက်ကလေး တခါခါနဲ့ ဆွဲကြိုးကို ဟိုးထိပ်မှာ ၂ယောက်တည်း ခုံပြည့်ထိုင်နေတဲ့ အားကစားသမား၂ယောက်မြင်အောင် 
မတ်တပ်ရပ်ပြရတာ အမော
အားကစားသမား၂ယောက်ကလည်း ၂ယောက်တကမ္ဘာမှတ်ပီး တတွတ်တွတ်ပြောလိုက် ပုစွန်နှိုက်လိုက် ငါးခေါင်းကိုက်လိုက်နဲ့  အားနဲ့ အင်နဲ့  စားနေတာ 
ဒါကြောင့်လည်း အားကစားသမားလို့ ခေါ်တာ (အဟိ)
သူတို့ ဝိုင်းထဲ နောက်ကျမှရောက်လာတဲ့ နိုမှိုလေးခမြာ့ ညက်ချိသူငယ်နားသူငယ်လေးနဲ့ 
မှိုလေး ထည့်လိုက်ရတော့မလားဟင်နဲ့  သူတို့ ကို အလစ်မေးရသေးတယ် 
ဟိုအားကစားသမား၂ယောက်က အမှိုက်ရှုပ်လို့ ဆိုပီး ၀ိုင်းအော်တယ်တဲ့တူပါတယ် 
သနားစရာ့နိုမှိုလေး
ပိုသနားစရာကောင်းတာကတော့ ငါလေးပေါ့
သူတို့ ကြောက်လို့  အိုင်ဖုန်းဖိုးလေးကို အိတ်ထဲထည့်ပီး အပေါ်ကနေ အရုပ်ကလေးဖိထားရတာ
ဒါတောင် ပြန်ကာနီး ထုတ်မိလိုက်လို့  စတင်းဘုတ်အိုးထဲ ထည့်မယ်ဆိုလုပ်လို့  ပြန်လုရသေးတယ်
အိုင်ဖုန်းဖိုးလေးခမြာ့ လူပုံအလယ် မျက်နှာတောင်မပြရဲဘူး ဒင်းတို့ လက်သံတွေသိလို့ 
တွေးလေ သနားမိလေပဲ
ကဲ သနားတာတွေ နင်းကန်စားတာတွေကို ခဏထားပီး
မွေးနေ့ ရှင်အတွက် ဆုတောင်းကြမယ်
သူ့ လည်းတူတူပဲ မွေးနေ့ မရောက်ခင် သရဲဘရဲစီးသယ်ရင်းတွေကိုကြိုကျွေးရတာ
မဟုတ်ရင် Happy Birthday တောင် လုပ်ကြမှာမဟုတ်လို့ 
အကုန်လုံးက မင်းတမီးတွေဆိုတော့ ရှုတင်က အပြည့်မလို့  မအားကျလို့  အားတဲ့ရက်လေးကျွေးရတာ
မွေးနေ့ ရှင် ဗစ်စတာတယောက် သူချစ်သော သူ့ ဘကြီးနဲ့  အသက်ထက်ဆုံး
စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့  ဘ၀လမ်းခရီးကို ပျော်ပျော်ရွှင်ရွှင်လျှောက်လှမ်းနိုင်ပါစေ
သွားချင်တဲ့ ခရီးပန်းတိုင်ကိုလည်း အတူတကွ ပြည့်ပြည့်စုံစုံနဲ့  လျှောက်လှမ်းနိုင်ပါစေ
မိဘဆွေမျိုးများအပေါ် သိတတ်လိမ်မာထောက်ပံ့နိုင်သော သမီးကောင်းလိမ်မာလေးဖြစ်ပါစေ
လစာတွေ များများတိုးလို့  ဘောနပ်ကောင်းကောင်းရပါစေ
အွန်ကောလ် ခဏခဏခေါ်ခြင်းမှ ကင်းဝေးလို့  နှာစေး ခေါင်းကိုက်ပျောက်ပါစေ
(အအေးခန်းထဲနေလို့  သူ့ နှုတ်သီးခဏခဏပိတ်တတ်လို့ )
ချစ်စရာကောင်းတဲ့ သားသမီးရတနာများလည်း မြန်မြန်ရပါစေ
ပြီးပြည့်စုံတဲ့ မိသားစုဘ၀ကို ရပါစေ
ကဲ ဘိုဆန်တဲ့ ဗစ်စတာအတွက် ဘိုလိုပါထပ်ဆုတောင်းပေးမယ်
HAPPY BIRTHDAY DEAR VISTA
WISHING YOU ALL THE BEST,
ALWAYS PRETTY AND HAPPY
Special wishes
Happy Birthday and many happy returns of the day
(မွေးနေ့ ရှင်ကပြောတယ် သူ့ ဘ၀မှာ နီတို့ နဲ့ တွေ့ မှ မွေးနေ့ ဆိုတာလုပ်ဖြစ်တယ်ဆိုလို့ )
ကဲ မွေးနေ့ ရှင် တို့ တွေနဲ့ တွေ့ လို့ သာ နီ့ မွေးနေ့ ဆိုတာဖြစ်လာတာ
ဘယ်လောက်ကျေးဇူးတင်ဖို့ ကောင်းလဲ
ကဲ ဗစ်စတာ့မွေးနေ့ ကို ရောက်လာသူအပေါင်း မွေးနေ့ ဆုတောင်းပီး စတင်းဘုတ်အ၀ ငမ်းသွားကြပါ
မှတ်ချက်- ပုံအားလုံး အိုင်ဖုန်းဖိုးနဲ့  တပုံမှ မရိုက်ပါ
4 comments:
  1. ပေးတဲ့ဆုတွေ အကုန်ပြည့်ပါစေ ..
    အိုင်ဖုန်းဖိုးမပါရင်မရဘူးလားကတောက် hit5
    ReplyDelete
  2. မမပိုးး ဆုတောင်းပေးလိုက်တဲ့ အတိုင်း ထပ်ဆုတောင်းပေးလိုက်တယ် ချစ်ဗစ်ရေ
    မှတ်ချက်- ပုံအားလုံး အိုင်ဖုန်းဖိုးနဲ့  တပုံမှ မရိုက်ပါ
    အဲဒါ သိတယ်လေ ပြောစာမလို hit2
    ReplyDelete
  3. hh
    ငါက နီတို့ အထင်မှားမစိုးလို့  အိုင်ဖုန်းနဲ့ မရိုက်တဲ့အကြောင်းရှင်းပြတာပါ
    ReplyDelete