ဘာရေးရမှန်းမသိဘူး
မသိဆို အစကတည်းက စာရေးဖို့ မှမဟုတ်ပဲ
မျက်စေ့နောက်တဲ့သယ်ရင်းတွေက ငြိမ်ဆေးအနေနဲ့  ဖွင့်ထားပေးတဲ့ဘလော့ဆိုတော့
သန်ရာသန်ရာ ချက်စားဖြစ်တာတွေ လိုက်စားဖြစ်တဲ့ စားစရာတွေပဲ တင်မယ်စိတ်ကူးပလိုက်တယ်
သယ်ရင်းတွေကလည်း စားဖို့ ဆို စိတ်တူကိုယ်တူတွေဆိုတော့
တင်ရတာအားရှိတာပေါ့
ကဲ ခုလောလောဆယ်က ဖြစ်သလိုချက်စားနေတော့
ဟိုးလောင်းလောင်းအဂိုး ၂၀၁၀ က စားစရာတွေကို ပြန်လှန်သားရေကျမယ်
ဝက်သားနဲ့ သရက်ချဉ်ကို အညာချက်လေးချက်ပီး ငါးပိရေကျို မျှစ် ရုံးပတီးသီးတို့ စရာ
ချက်နည်းကား နှမတော်ပေါက်စနလေးနည်း (သူချက်တာကိုး)
(၀က်သားမစားသောသူအပေါင်းအတွက် လွန်တာရှိဝန္ဒာမိ)
ချိုသွားသော ကြောင်လျှာသီးသုတ်
(ခါးမှာအကြောက်လွန်ပီး ၁၀ ခါတိတိ ဆေးပလိုက်တာ ဘာအရသာကိုမရှိတော့တာ)
သုတ်နည်းကား ရှိသမျှသော သယ်ရင်းများအားမေးပီးသုတ်သည်
သယ်ရင်းတွေကို အိမ်ခေါ်ကျွေးတုန်းက ကြော်တဲ့ ကြာဇံကြော်
ဒါတော့ ကိုယ့်ဖာသာကိုယ်ကြော်တာ ဘယ်သူ့ နည်းမှမဟုတ်ဘူး
ဒါက မုန်ညှင်းပေါင်း စပ်စပ်လေး ဆီချက်လေးနဲ့  (သယ်ရင်းတွေစားချင်တယ်ဆိုလို့ )
လုပ်နည်းသိချင်ရင် ဖဘမှာရေးထားတယ် အသေးစိတ်
မန်းလေး ပဲကြော် (ကမန်းကတမ်းဆိုတော့ မလှမပဖြစ်သွားတယ်)
လုပ်နည်းကား ညီမအလတ်မနည်းအတိုင်း (သူကြော်လို့ )
လက်ဖက်သုတ်ချဉ်စပ်
သူတို့ ပေါ့ သရဲဘရဲ စီးနေလို့  ပန်းကန်လှလှပပနဲ့ တောင် လဲချိန်မရလိုက်ဘူး
(သုတ်တဲ့သူကတော့ လှလှပပ ငါးပြေမပါပဲ)
(သုတ်တဲ့သူကတော့ လှလှပပ ငါးပြေမပါပဲ)
ဒါလေးက တယောက်သော ဘလောဂါနဲ့  တယောက်သော ဘလော့တကာလည်တို့ အတွက် ကြက်သားအချိုကြော် ပဲပင်ပေါက်ပဲပြားကြော် မုန်ညှင်းစော ငုန်တာဥနီနဲ့ သခွားသီးချဉ်စပ်သုတ်
ချဉ်ပေါင်ကြော်က တယောက်သော မြန်မာပြန်ဆီက သွားလုထားတာ
ကဲ စားစရာတွေများသွားပီ အအီပြေ အချိုတည်းစရာ
အအီပြေ စတော်ဘယ်ရီသီးချဉ်ချဉ်လေး (ကျေးဇူး အာဘူးသီး ပြင်လိုက်ပီ):P
ကြွရောက်လာသော မိတ်ဆွေသယ်ရင်းအပေါင်းတို့  အားပါးတရ ငမ်းသွားကြပါလေ
စားလို့ မှမရတာ စားသွားကြပါလို့ မပြောတော့ပါဘူး
ကဲ တင်ပါတင်ပါလို့ ပြောတဲ့ သယ်ရင်းအပေါင်း အဲ့မယ် တင်ပီ
လာမစား အဲ မငမ်းလို့ ကတော့ hit5 ပဲ
ဒီတပုဒ်လုံးမှာ နီတို့ အမြင်ကတ်တဲ့ အိုင်ဖုန်းဖိုး အကြောင်းငါ ထည့်မရေးဘူးနော်
လာမရိုက်နဲ့ 
အမဲခြောက်ပုံဖြစ်သွားသော မန်းဒလေးပဲကြော်..
ReplyDeleteဆီခမ်းခြောက်သွားသော ကြာဇံကြော်..
ကျဲတောက်လွန်းသော ငါးပိရည်ဖျော် တို့ကို လာကြည့်သွားပါတယ်..
လက်ဖက်သုပ်လေးကတော့ တော်တော်ကောင်းမယ့်ပုံလေး ဘယ်တူလေးများ သုပ်ထားပါလိမ့် ရှလွတ် အဟိ
ကတောက် ဒင်းလုပ်တာကျ အကောင်းပြောသွားတယ် အဲ့ထဲမယ် မလှပဆုံးပုံက အဲ့လက်ဖက်သုတ်ပုံ hit5
ReplyDeleteမမပိုး မုန်ညင်းပေါင်း ချဉ်စပ်လေး ထပ်စားချင်ရို့ (ရှလွတ်)
ReplyDeleteမန်းလေး ပဲကြော် ရောပဲ
ကျွေးမှာလားးးးးးးးးးးးးးးးး shout3
လှဖို့မလိုဘူး စားကောင်းဖို့ပဲလိုတယ်.. အလှအပ ဘာညာဆိုတာတွေက အပေါ်ယံအလွှာတွေ ခိ
ReplyDeleteဒါဆို နိုမှို့ အလှည့်ရောက်ရင် မုန်ညှင်းပေါင်းချဉ်စပ်နဲ့  မန်းလေးပဲကြော်ပဲကျွေးမယ် ဟင်းချက်စာမလိုဘူး hh
ReplyDeleteဟင်းငါးမျိုးချက်ထားလိုက် .. ဒီစနေလာစားမယ် ဒါဗြဲ hh
ReplyDeleteကြက်ဥကြော် ကြက်ဥပြုတ် ဆေးဘဲဥသုတ် ဘဲဥအငန် ငုံးဥပြုတ်
ReplyDeleteအဲ့ ၅ မျိုးလုပ်ထားမယ် လာစားလှည့် hh
တော်တော် ဥ ကြိုက်တယ် ပိုးထိုးတို့ကတော့
ReplyDeleteကြိုက်ဆို နာမည်ကိုကတောနာမည် ပိုးဥလေ....
ReplyDeleteအစားသောက်တွေကတော့ မရိုက်ဖြစ်ပါဘူး အိမ်မှာကျတော့လဲ ဖြစ်သလိုစားတော့မရိုက်ဖြစ် ဆိုင်မှာသွားစားတော့လဲ စားမှာဖြင့်မစားဘူး ဘာဖြစ်တယ် ညာဖြစ်တယ်လို့ ဆိုတော့ကာ မရိုက်ဖြစ်ပဲ စိတ်ဆိုးဆိုးနဲ့ စားလိုက်ရတာများတာကိုး မှတ်တမ်းမရှိဘူး အစားသောက်ပုံက ပြောမယ့်သူမရှိတဲ့ချိန်ကျတော့လဲ ကိုယ်က တ၀က်လောက်စားပြီးမှသတိရတာကိုးးးး ဘွ ဘွ ဘွ
ReplyDeleteဘလော့ဂါကြီး အောက်ဆုံးပုံက အသီးမှားနေတယ် ဒါ စပျစ်သီး ဟုတ်ဘူး - စတော်ဘယ်ရီလို့ခေါ်တယ် hehe2
ReplyDelete