Monday, September 10, 2012

စားမယ် ၀ါးမယ်


စားစရာများစွာနဲ့ ကိုယ် ပြန်လာပါပီ

မတော်တဆရောက်လာကြတဲ့ မိတ်ဆွေများကို သတိယလွမ်းဆွတ်သောအားဖြင့် ပြည်သူ့ အချဉ်တော်လေး ပြန်လာပါပီ
အလုပ်များရှုပ်ဆို ကိုယ့်ဘလော့တောင်ကိုယ်ပြန်မဖွင့်ဖြစ်တာ အတော်ကြာပေါ့ 
ခရီးတွေလည်း သွားတိုင်း ဒါ့ပုံတွေရိုက်ဖြစ်တယ် ဘလော့မှာ ခရီးသွားပိုစ့်လေးရေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ 
ဟင်းတွေချက်စားဖြစ်တိုင်းလည်း မစားခင် ဒါ့ပုံရိုက်တာ အကျင့်ကြီးကိုပါလို့  ဘလော့ရောက်လာ မိတ်ဆွေများကို ဒါ့ပုံနဲ့  နိပ်စက်မယ်ဆိုတဲ့အကြံနဲ့  (မဟုတ်ရပါဘူး) 
ခုတလော အလုပ်ကိတ်စ အိမ်ကိတ်စတွေရှုပ်နေတာနဲ့ ဘလော့မဖွင့်ဖြစ်တာများ မေးလ်ရော ပစ၀ပါမေ့နေလို့  မနည်းပြန်ရှာရတယ် တော်သေးတယ် တခြားမေးလ်ထဲ ရိုက်ထည့်ထားလို့ 
ခရီးသွားပိုစ့်ကတော့ ထုံးစံအတိုင်း အစဉ်အတိုင်းတင်ဖို့ ဆိုတော့ ရှည်မှာဆိုတော့ နောက်မှတင်တော့မယ်
လော၂ဆယ် ချက်စားဖြစ်တဲ့ စားစရာတွေကို ဘလော့ပြန်ရေးခြင်းအထိမ်းအမှတ်နဲ့ ပဲ အရင်တင်တော့မယ်

ကဲ နေ့ လည်အဆာပြေစားဖို့  ချစ်ချစ်ခင်ခင်မုန့် အုပ်ကလေး နှမ်းထောင်းဆားဖြူးလေးနဲ့ 
လက်ဆောင်ရထားတဲ့ မုန့် လင်မယားအိုးကလေးကို လက်တွေ့ အသုံးချထားတာ
ဆိုင်တွေကလို လုံး၂လေးနဲ့ လှ၂လေး မဖြစ်ပေမယ့် စားလို့ အတော်ကောင်းတဲ့ မုန့် ကလေးပါ
လူကလည်း ပဲများတယ်  ဒီတော့ မုန့် ထဲလည်း ပဲများတယ် ဒီလိုမုန့် မျိုးတို့  မုန့် ပြားသလက်တို့  လမ်းသရဲမုန့် တို့ ထဲဆို နံနံပင်ထည့်စားတယ် ကျန်တဲ့ထဲဆို မကြိုက်ဘူး
ဆန်မှုန့် နဲ့  ကုလားပဲအစိမ်းမှုန့် စားဆော်ဒါ ဆား အချိုမှုန့် ပိစိညှောက်တောက်ထည့်ပီး မုန့် ကိုအရင်နှပ်ထားပီး မုန့် လုပ်ခါနီးမှ စားတော်ပဲ နံနံပင် ကြက်သွန်နီမြိတ်လေးထည့်ပီး ဆီလေးထည့်ထားတဲ့ မုန့် အိုးထဲထည့် အဖုံးလေးခဏအုပ် မီးအေးအေးလေးနဲ့ လုပ် ကျက်ရင် ဆီစစ်စက္ကူလေးပေါ်တင် ဆီစစ်ပီး နှမ်းထောင်းဆားဖြူးလေးနဲ့  စား
ဆီကတော့စစ်လည်း ပါနေသေးတာမလို့  ရေနွေးကြမ်းလေးနဲ့ တွဲစား အဆီတွေရစ်မနေအောင်

ဒီတခါ တမူထူးတဲ့ ပုဇွန်ဥလှော် မုန့် ဟင်းခါး ကို ရန်ကုန်ပဲကပ်ကြော်ကလေးနဲ့ 
 အိမ်ရှင်က ပုသိမ်ကဆိုတော့ ပုဇွန်ဥလှော်လေးတွေ မြန်မာပြည်ကနေ ယူလာလို့  ထည့်ချက်ထားတာ တယောက်သော သူက နံနံပင်ပါမှဆိုလို့  သူမြင်ရင် နံနံပင်လို့ အော်မနေအောင် ခဏထည့်ရိုက်ထားတာ
ပုဇွန်ဥလှော်မမြင်ဖူးတဲ့သူတွေ မြင်ဖူးအောင်လို့  ပုသိမ်သူ/ သားများကတော့ သိမှာပဲ
ကိုယ်ကတော့ ဒါ ဘ၀မှာ ပထမဦးဆုံးမြင်ဖူးစားဖူးတာပဲ ဒီအတိုင်း ပုဇွန်ထဲက ဥတော့ စားဖူးတာပေါ့ 
ဒီလိုသီသန့် လည်းမြင်ရော ပုဇွန်တွေကို သိပ်သနားမိတာပဲ ပါးစပ်ကတော့ သနားလိုက်တာ တအားပဲဆိုပီး တဖွဖွရွတ်ပီး မုန့် ဟင်းခါးချက်တော့ ၅ ဇွန်းလောက် ပစ်ထည့်ပလိုက်တာပဲ
ဒါတော့ ရိုးရိုး ရန်ကုန်မုန့် ဟင်းခါး ငှက်ပျောအူလေးနဲ့  ဒီတခါ အိုးကြက်ဥကို လှီးပီး တခါတည်း ဟင်းရည်ထဲထည့်ထားတယ် အထုတ်မုန့် ဟင်းခါးတွေချက်တိုင်း ရေဆူ၂ထဲ သူတို့ အညွှန်းအတိုင်း ဘယ်တော့မှ ပစ်မထည့်ဘူး ကြက်သွန်နီဥလေးစိတ် စိပ် ဂျင်းကလေးနဲ့ စပါးလင်ကိုထောင်းပီး ဆီအရင်သပ် ငရုပ်သီးအရောင်တင်လေးထည့် ပီးတော့မှ ရယ်ဒီမိတ်အနှစ်ထုတ်ကိုဆီသပ် ငံပြာရည်နည်းနည်းထည့် ရေနွေးလေးထည့်ပီချက်တော့ အထုတ်အနံ့ မရှိတော့သလိုခံစားရလို့ 
 
 ပေါက်စနကလေးကြိုက်တတ်လို့  မကြာမကြာချက်စားဖြစ်တဲ့ ကြာဇံဟင်းခါး
ကြက်ရိုးများ၂နဲ့ ချက်ပါတယ် အသားထက် အရသာပိုကောင်းတယ်ထင်လို့ ပါ မြန်မာပြည်က အသားတုကလေးပါထည့်ချက်ထားပါတယ် ကြာဇံဟင်းခါးနဲ့ လိုက်တာကတော့
ဟောဒီက ရှောက်သီးသုပ်လေးပါပဲ စပ်စပ်ချဉ်ချဉ်လေးပါ ပုဇွန်ခြောက်များများထည့်ပီး ငါးပိဖုတ်ကို တအားအများကြီးမထည့်ပါဘူး ပုံမှန်လေးပဲထည့်ထားပါတယ် ဒီရှောက်သီးလေးကလည်း မိဘများလာတုန်းက ၀ယ်လာပေးတဲ့ရှောက်သီးလေးပါ
ဒါက စားရလွယ်အောင် ပွဲနဲ့ ပြင်ထားပေးပါတယ်
နံနံပင်များများ ငရုပ်သီးလှော်များများ ကြိုက်တတ်ရင် ကြက်သွန်နီစိမ်းပါး၂လေးလှီးထားတာထည့်ပီး မိုးအေးအေး မအေးအေး ပူပူစပ်စပ်ရှူးရှဲလေးစားရအောင်လို့ ပါ
 
 ဒါလေးကတော့ ကျောက်ပွင့်သုပ်လေးပါ သင်္ဘောသီးသုပ်တွေထဲထည့်စားတဲ့ စိမ်း၂အမျှင်အမျှင်လေး ဖြစ်တဲ့ ကျောက်ခက်ခေါ်သလား ကျောက်ပွင့်ခေါ်သလား ပင်လယ်စာလေးကို အာလူး ကြက်သွန်နီ ဂေါ်ဖီ ပုစွန်ခြောက်မှုန့်  ငံပြာရည် ဟင်းချိုမှုန့်  ပဲကျက်မှုန့် နည်းနည်း မန်းကျည်းသီးမှည့်အရည် နံနံပင်လေးနဲ့  ချဉ်စပ်လေးသုပ်ထားတာပါ အရသာကတော့ရှယ်ပါပဲ
ရှယ်ဆို အိမ်ရှင်သုပ်ပေးတာကိုး :P :P
ဒါပေမယ့် အဲ့ကျောက်ပွင့်က ရေဆေးရတာ အင်မတန်လက်ဝင်သကိုး ၁၅ ခါလောက် သဲတွေစင်အောင် ဆေးရတာ လက်တောင် ပဲကြီးပွဖြစ်တယ်
 
ကဲ မိတ်ဆွေများလည်း အစားစုံလို့  ဗိုက်နာကုန်တော့မယ် ဒီတော့ ကျန်တဲ့ ဟင်းတွေကိုတော့ နောက်ရက်များမှ အလုပ်အား လူအား စိတ်အားရင် သားရေကျရအောင် ထပ်တင်ပေးပါမယ်
 
ကြွရောက်လာသော မိတ်ဆွေအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ ကျန်းမာပျော်ရွှင်လို့  ချမ်းသာခြင်းအပေါင်းနဲ့  ပြီးပြည့်စုံကြပါစေ
ဆုတောင်းပေးတဲ့သူနဲ့ ပြည့်ပါရစေ :P :P







6 comments:

  1. ပြန်ရေးတာဝမ်းသာတယ်ပိုးလေးရေ... စားစရာတွေကလည်းစုံလိုက်တာနော်...စားချင်စရာတွေချည်းဘဲ...း))

    ReplyDelete
  2. စိတ်ဝင်စားစရာပါပဲဗျား.... စားစရာတွေမို့ထင်တာပဲ...ဟီး..ဟီး...ကြာဇံဟင်းလေးနဲ့ ရှောက်သီးသုပ်လေး တွဲလိုက်ရရင်..:D

    ReplyDelete
  3. ရှင်ရော ဗိုက်မနာဘူးလား ဒေါ်ပိုး
    အပေါ်ကမုန့်ရယ် ရှောက်သီးသုပ်ရယ် လုပ်ကျွေးပါ.. နောက်တခါ ပြန်လာရင်တော့ တကယ်အိမ်လာလည်မယ်

    ReplyDelete
  4. လာကြည့်တိုင်း ပြေးနေတာပဲတွေ့နေရတာ.. ခုမှပဲ အသစ်တွေ့ရတော့တယ်.. ဒီတပို့စ်ကတော့ ရသစာပေအစစ်ပါပဲ.. အရသာရှိပေစွ.. :)

    ReplyDelete
  5. ခုလို ၀မ်းပန်းတသာကြိုဆိုတဲ့အတွက် ကျေးဇူးမမနော် မုန့်လင်မယားလေး များ၂စားသွားနော် မမနော်
    ကိုကြီးကျော် ခုလိုလာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်
    mae ဒါက အရင်တုန်းကတခါစီချက်တိုင်းရိုက်ပီး ခုမှ စုတင်တော့ မနာဘူး ပီးတော့ စားပီးတိုင်း ဆေးသောက်တယ် တကယ် လုပ်ကျွေးမယ် ပြန်လာခဲ့
    မြူးမြူးရေ ဟုတ်ပ ခုမှ ပြေးတာရပ်ရတော့တယ် လူလည်း မောလို့  မြူးလက်ရာတွေကြည့်ပီး ဒီက သားရေကျကျနေတာ မနေ့ ညကဆို အိပ်ခါနီးမှ ငါးသလဲထိုးအိုးကပ်ဟင်းကြည့်ပီး စားချင်နေတာ

    ReplyDelete
  6. မုန်းထှာ စားချင်ဒယ် ..

    ReplyDelete