Wednesday, September 12, 2012

ဖွယ်ဖွယ်ရာရာ သက်သပ်လွတ် ဟင်းလျာ

 

ဒီနေ့ လည်း အလုပ်အားနေသလိုလို ဖြစ်လို့ ရယ်
ဝါတွင်းကာလမှာ သက်သပ်လွတ်စားချင်တဲ့သူတွေအတွက်ရယ်
တခါတလေမှာ ဆိုင်မှာ သွားစားဖြစ်တဲ့ သက်သပ်လွတ်ဟင်းတွေကို အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်

ပုစွန်အသားတုနဲ့  အသီးအရွက်မှိုနဲ့  တုံယမ်းဟင်းလေးကလည်း ထမင်းစားလို့ မြိန်စေပါတယ်
ပဲသီးစိမ်းစိမ်းလေးတွေကို ပုစွန်အသားတုလေးရယ် မှိုလေးရယ်နဲ့  ခုလိုစားချင်သဖွယ်လေးပါ
ဒါလေးက ကြက်သား အသားတုနဲ့  နာနတ်သီး သခွားသီးချိုချဉ်ကြော်လေးပါ 
 အရသာ ချဉ်ပြုံး၂လေးနဲ့  အရွက်စုံဟင်းချိုလေးကလည်း သောက်လို့ တကယ်ကောင်းတဲ့ သက်သပ်လွတ်ဟင်းချိုလေးပါ
 
ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ မုန်ညှင်းရွက် မုန်လာဥနီ မှို အစိမ်းကြော်လေးကလည်း သက်သပ်လွတ်
တခါတလေ ရှူးရှဲလေးစားချင်ရင်တော့ ခုလို ဆိတ်သား အသားတုကာရီဟင်းလေးရယ် ကန်စွန်းဥရဲ့ အရွက်ကို မလေးစတိုင် စပ်စပ်ကလေးကြော်ထားတာလေးနဲ့  စား ပြီးရင်တော့ ဗိုက်မနာအောင် ဆေးသောက်ဖို့ မမေ့လေနဲ့ 
 
 အပေါ်ကလို ရှူးရှဲဟင်းတွေစားပီး ဗိုက်နာရင်တော့ ခုလိုမျိုးလေး အချိုအရသာ ဟင်းတွေပဲ မှာစားဖြစ်တယ်
ပဲပြားကို မှိုလေးထည့်လိပ်ပီးကြော်တာရယ် ကန်စွန်းရွက်ကြော်စိမ်း၂လေးရယ် မှို ပဲသီး ပဲပြားကို အချဉ်အရသာသာ ပိစိညှောက်တောက်ပါတဲ့ ဟင်းချိုလေးရယ်ကလည်း စားလို့  ကောင်းမှကောင်း
ဗိုက်နာတာ မေ့လောက်တဲ့အခါကျတော့ ခုလို မှိုမျိုးစုံ ပင်လယ်စာအသားတု အရွက်ပဲသီးတွေနဲ့  တုံးယမ်းချဉ်စပ်နဲ့  ၀က်သား၃ထပ်သား အသားတုလေးကို အမှတ်မရှိပြန်စားပြန်ရော
ဗိုက်နာတာ မေ့လောက်တဲ့အခါကျတော့ ခုလို မှိုမျိုးစုံ ပင်လယ်စာအသားတု အရွက်ပဲသီးတွေနဲ့  တုံးယမ်းချဉ်စပ်နဲ့  ၀က်သား၃ထပ်သား အသားတုလေးရယ် ပဲသီးအချိုကြော်ရယ်ကို အမှတ်မရှိပြန်စားပြန်ရော ဒီဆိုင်က ဆန်က အမြဲတမ်း ဆန်လုံးညိုဆန်ပဲရတယ်
ကဲ ထမင်းစားပီး အချိုတည်းရအောင် သရက်သီးနဲ့ ကျွဲကောသီးအချိုပွဲရယ် ကောက်ညှင်းလုံးချို၂လေးကို မြေပဲသကြားထောင်းလေးရယ် ပိန်းဥနဲ့ ကန်စွန်းဥအချိုတည်းစရာလေးရယ်
အဲ့ဒါတွေမကြိုက်ဘူးဆိုရင်
အုန်းနို့ ပူတင်း ဖြူဖြူအရည်ကတော့ ချောင်းဆိုးတုန်းစားတဲ့ အဲမွန်သီးဖျော်ရည်အချိုတည်စရာ (အနံ့ သိပ်မကြိုက်တော့ ဇွန်းနဲ့ ခပ်မသောက်ဘူး တခါတည်း ပူ၂ကိုမှုတ်ပီး ပန်းကန်လိုက်မော့သောက်လိုက်တာပဲ) ဒီဖက်က ချန်ဒေါလို့ ခေါ်တဲ့ ရေခဲခြစ်နဲ့ အဆာပလာ
 
ရိုးရိုးရှင်းရှင်း အချိုအရည်ပဲသောက်ချင်ရင်တော့ ဟောဒီက ---- ဖျော်ရည် 
ကူကြပါဦး အရပ်ကတို့  ကိုယ်သောက်တဲ့ဖျော်ရည်နာမည်ကိုယ်မေ့နေတာ အညိုရောင်အသီးလေး ဒီအတိုင်းပြုတ်စားလို့ လည်းရတယ် အထဲက ဖြူ၂လေး သစ်အယ်သီးလားမသိ အဲ့အသီးဖျော်ရည် :P
 ကျောက်ကျော်အချိုပွဲ ဘာမရသာမှန်းကိုမသိဘူး အထဲမှာ ဇီးသီးလေးလည်းပါတယ် တရုတ်ဆေးအနီလေးတွေလည်းပါတယ်
ဒါကတော့ ကျောက်ပွင့်အချိုရည် သုပ်စားတဲ့ကျောက်ပွင့်ကို ဒီမှာ ဟင်းချိုတွေ အချိုပွဲတွေမှာ အများဆုံးသုံးကြတာ 

ကဲ သက်သပ်လွတ်ဟင်းတွေလည်းစား အချိုတည်းစရာတွေလည်းစားပီး 
မကြာမှီရောက်လာမယ့် သောကြာကို ကြိုဆိုကြပါစို့ 
 
ကြွရောက်လာသော မိတ်ဆွေအပေါင်း စံပယ်ပန်းလေးဖြူသလို စိတ်ထားလေးတွေဖြူစင်လို့  စံပယ်ပန်းလေးတွေ မွှေးရနံ့ သင်းသလို ကောင်းသောဂုဏ်ရနံ့ များ သင်းပျံ့ ပါစေ






5 comments:

  1. အပြင်မှာရောင်းတဲ့ သက်သတ်လွတ်အစာတွေက အဆီတွေများတယ်။
    စားကောင်းအောင် ချက်ပြုပ်ကြရတာဆိုတော့လေ...။
    (စိတ်ထင်ရာ လျှောက်ပြောတာ အတည်မယူကြပါနဲ့)
    .................
    ........
    ......

    စံပယ်ပန်းပင်လေးပဲ ရင်အေးတယ်..။

    ReplyDelete
  2. ဒီက သက်သတ်လွတ်ဟင်းတွေက ဆီမများဘူး မမပေါက်ရဲ့ 
    စံပယ်ပန်းလေးက ရင်အေးယုံတင်မကဘူး ရင်ထဲထိမွှေးတာ ရော့ယူလိုက် မမပေါက်အတွက် <3

    ReplyDelete
  3. ဖျော်ရည်က water chestnut

    ReplyDelete
  4. အေး ဟုတ်တယ် ကျေးဇူး ဗစ် အသက်ကကြီးပီဆိုတော့ ပါးစပ်ဖျားတင် ပြောချင်ဇောအားကြီးပီး မေ့မေ့သွားတာ :P

    ReplyDelete
  5. သက်သက်လွတ်ဟင်းလေးတွေကစားချင်စရာလေးတွေ... ဒါပေမဲ့ မမကအသားမပါရင်မစားတတ်ဘူး... :D

    ReplyDelete