Monday, March 19, 2012

ပြေးးးးးးးးး ပြေးးးးးးး

သူမ လမ်းလျှောက်နေရင်းနဲ့  စိတ်ထဲ တမျိုးခံစားရပီး သံသယ၀င်လာမိတယ် ဒါနဲ့  နောက်ကို ဆတ်ကနဲ လှည့်ကြည့်လိုက်မိရင်ပဲ
ဟင်င်င်

ပန်းဆိုင်ထဲက သူမကို ပန်းတင်တဲ့ခုံကို အတင်းရောင်းတဲ့တယောက်
သူက ဘာလို့  လိုက်လာတာလဲ ဟင့်အင်း သူမတို့ နောက်ကို လိုက်လာတာမဖြစ်နိုင်လောက်ပါဘူး
နေ့ လည်စာထမင်းစားထွက်တာဖြစ်မှာပါ ဟုတ်တယ် အခု နေ့ လည်စာ စားချိန် သူမ တချက်မိုးပေါ်ကို မော့ကြည့်လိုက်မိရင်းက ဟုတ်တယ် နေ့ လည်စာ စားချိန်ဆိုပီး ရေရွတ်ရင်း သူမဖာသာ ပြန်နှစ်သိမ့်လိုက်တယ်
ဒါပေမယ့် သူမ လမ်းလျှောက်နှုန်းကိုတော့ အခုထက်မြန်အောင် ခပ်မြန်မြန်လျှောက်လိုက်မိတယ်
ခပ်လှမ်းလှမ်းလျှောက်မိတော့ သူမ သေချာအောင် နောက်ပြန်လှည့်ကြည့်မိတယ်ဆိုရင်ပဲ
သူက လက်လှမ်းပြရင် တခုခုလှမ်းအော်ပြောလိုက်တာကို မြင်လိုက်မိတယ်
သူမ ကို နာမည်ကိုခေါ်လိုက်တာလား တခုခုပြောလိုက်တာလား မသည်းမကွဲ အသံတခုခုကြားမိတယ်
ဘုရား ဘုရား ဒါဆို သူက သူမ သိတဲ့တယောက်ပေါ့ ဟင့်အင်း ဘယ်လိုဖြစ်နိုင်မှာလဲ မဟုတ်တာ သူမအထင်လွဲနေမိတာနေမှာပါ သူမ ကြောက်လန့် တကြား သူမအထင်တွေကို ငြင်းဆန်မိနေတယ်
သူမ အပြေးတပိုင်း ရှေ့ ဆက်လျှောက်မိတယ် သူမ သူငယ်ချင်းတွေကော ဘယ်နားကျန်ခဲ့ပီလဲ
နောက်ပြန်လှည့်လို့ လည်းဘယ်လိုမှ မဖြစ်နိုင်တော့ဘူး
နောက်ပြန်လှည့်လိုက်ရင် သူမ သူ့ ဆီကို တည့်တည့်တိုးဝင်သွားသလိုဖြစ်သွားမှာ ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး သူမ ရှေ့ ဆက်သွားဖို့ ပဲရှိတော့တယ်

ဘာလို့ သူက သူမနောက်ကို လိုက်နေရတာလဲ 

သူမနဲ့ သိတဲ့ တယောက်ဆိုရင်လည်း သူမနဲ့ က ဘာမှ ပတ်သက်မှုမှ မရှိတော့တာ ပြီးတော့ သူ့ အကြောင်းတွေကို သိတဲ့ သူမသူငယ်ချင်းတချို့ ဆီကကြားရတဲ့သတင်းတွေအရ သူမ နှစ်တော်၂များကြာကတည်းက မနှစ်မြို့ သလို ခံစားရပီး သူနဲ့  မပတ်သက်အောင် နေခဲ့တာပဲ အခုမှ ဘာလို့  သူမနောက်ကို တောက်လျှောက်လိုက်နေရတာလဲ
သူမ ကြောက်လန့် တကြား ခံစားလိုက်ရတယ် ပြီးတော့ သူမ ဆုံးဖြတ်ချက် ချလိုက်တယ် ဟုတ်တယ် သူမ ပြေးမှ ဖြစ်မယ် မဟုတ်ရင် သူမကို မှီလာတော့မယ်
သူမ ခပ်မြန်မြန်လေးပြေးရင်းနဲ့  ပန်းခြံထဲကလိုမျိုး သစ်သားလက်ရန်းကလေးနဲ့  သစ်သားတံတား ခုံးခုံးကလေးတခုကိုလှမ်းတွေ့ တယ် အောက်မှ စမ်းရေလိုမျိုး ကြည်လင်နေတဲ့ရေတွေစီးနေတယ်
ပုံမှန်ဆိုရင် သူမ ဒီ တံတားလေးပေါ်ရပ်ပီး ရေစီးတာကို ငေးမောကြည့်နေမိမှာပဲ အခုတော့ သူမရပ်ကြည့်နေလို့ မဖြစ်ဘူး ဒီတံတားလေးကျော်ရင် သူမလွတ်သွားကောင်းပါရဲ့  ဆိုပီး ခပ်မြန်မြန်ပြေးတက်ရင်း သွားလိုက်တယ် တံတားအဆုံးကနေ ရှေ့ ဆက်ပြေးရင်း သူမ တခုခုကို တိုက်မိလိုက်တယ်ဆိုရင်ပဲ သူမ ခေါင်းထဲပါ မိုက်ကနဲ့ ဖြစ်သွားတယ် 

သူမသတိရလို့  ပတ်ဝန်းကျင်ကို ကြည့်လိုက်မိတော့ တရုတ်စကားပန်းအဖြူပင်တွေရှိတဲ့ မြက်ခင်းပြင်ထဲမှာ လဲကျနေတာ ခပ်လှမ်း၂မှာ ကျောက်တုံးတချို့ အလှဆင်ထားတာကိုပါ တွေ့ ရတယ် ပြီးတော့ သူက သူမနဲ့  မနီးမဝေးလေးက မြက်ခင်းပြင်ပေါ်ကနေ သူမကို မင်းဘာတတ်နိုင်သေးလဲ နောက်ဆုံးတော့ မိတာပဲမလားဆိုတဲ့ အကြည့်မျိုးနဲ့  ခပ်လှောင်၂ပြုံးကြည့်နေတာကို သူမတွေ့ လိုက်ရင်ပဲ
မဟုတ်ဘူး ဒါဘယ်လိုမှ မဟုတ်ဘူး လို့  သူမ နာနာကျည်းကျည်းအော်ဟစ် မိလိုက်တယ်
ပြီးတော့ သူမ ရင်ထဲကနေ တော်တော် မနှစ်မြို့ စွာခံစားရင်းနဲ့ မျက်ရည်တွေစီးကျလာတယ်
သူမလဲကျသွားတာ အချိန်ကြာခဲ့သလား သတိလစ်သွားခဲ့သလား အဲ့ဒီလို မဖြစ်ပါစေနဲ့ 
သူမ လဲကျပီး သတိလစ်သွားခဲ့တယ်ဆိုရင် သူမကို သူ တခုခု 

ဟင့်အင်း သူ သူမကို ဘာမှ မလုပ်ရဘူး သူမ အသားကိုတောင် သူထိလို့ မရဘူး သူမ မျက်ရည်တွေစီးကျနေတာကနေ ဆတ်ကနဲ ထပီး သူ့ အနားကနေ ပြေးထွက်မိတယ်
သူမ လမ်းမတန်းဖက်ကိုပြေးထွက်လာခဲ့တယ် ဒီတခါ သူမ နောက်လှည့်ကြည့်စရာမလိုဘူး သေချာပေါက် သူ  သူမနောက်ကို လိုက်လာမှာဆိုတာ
သူမ ပြေးရင်းနဲ့ လမ်းချိုးလေးတခုကို တွေ့ လိုက်တယ် ဒီတခါ သူ မျက်ခြေပြတ်သွားကောင်းပါရဲ့ 
ရပ်ကွက်လေးက တဲအိမ်လေးတွေ မညီမညာနဲ့  အသက်ခပ်ကြီး၂ အဘွားအိုနဲ့  လူကြီးတချို့ ကလွဲလို့ လမ်းမပေါ်မှာ လူသိပ်မရှိနေဘူး ဒီအချိန်က အလုပ်သမားတွေ အလုပ်ချိန် ပြီးတော့ သူမနောက်ကို လိုက်လာတဲ့ သူ့ ကိုလည်း ဘယ်သူမှ အထင်လွဲမှာမဟုတ်ဘူး ဘာလို့ လဲဆို သူက ဟန်ဆောင်ကောင်းတာကိုး လူကောင်းတယောက်လိုလေ ဒီလိုစဉ်းစားမိတော့ သူမ ထပ်ပီး မနှစ်မြို့ စွာခံစားလိုက်မိတယ်
သူမပြေးရင်းနဲ့  ကလေးတွေ စာအံနေတဲ့အသံတခုကို ကြားလိုက်မိတယ် ဟုတ်တယ် ကလေးတွေ စာသင်နေသံ ဒါဆို 

သူမ အပြေးကလေး အသံကြားတဲ့ဆီကို သွားလိုက်တယ် ကလေးအချင်းချင်း သူမတို့ ငယ်ငယ်တုန်းကလို ဆရာမ နဲ့ တပည့်လေးတွေ လုပ်တမ်းကစားနေတာကိုး ဘာပဲဖြစ်ဖြစ် သူမကို လှမ်းမမြင်ခင် လက်မတင်လေးပဲ သူမ အိမ်ကလေးပေါ်တက်ပြီး ကလေးတွေရဲ့  နောက်ဆုံးနားမယ် သာသာလေး ထိုင်ပီး ပုန်းနေလိုက်တယ် သူမလှမ်းတက်လိုက်တဲ့ ဖြတ်ကနဲအချိန်ကလေးကိုများ တွေ့ သွားသေးလား
ဘုရား ဘုရား မတွေ့ ပါစေနဲ့  

သူမ ဆုတောင်း မပြည့်ခဲ့ပါဘူး သူမ စိုးရိမ်တကြီး အပြင်ကို လှမ်းကြည့်မိရင်ပဲ ပြတင်းပေါက်ရဲ့  လိုက်ကာစကို ဆတ်ကနဲ ဆွဲပီး အထဲကို လှမ်းကြည့်ပီး ပြုံးကြည့်နေတဲ့ သူ့ ကိုလှမ်းမြင်လိုက်တယ်
သူမက ကလေးတွေနောက်ထဲဝင်ပုန်းနေပေမယ့် သူမရဲ့ အရပ်က ကလေးတွေထက်ပိုရှည်နေတော့ အလွယ်တကူမြင်လွယ်သွားတာပဲ
သူမ အချိန်ဆွဲနေလို့ မရတော့ဘူး ချက်ချင်း အိမ်ရဲ့  နောက်ဖေးပေါက်ကနေ ချက်ချင်းပြေးထွက်လိုက်ရင်ပဲ သူက ရှေ့ ပေါက်ကနေ တက်လာတော့တယ်
နောက်ဖေးလမ်းကြားက မညီမညာလမ်းတွေနဲ့ က သူမအတွက် သိပ်ခရီးမတွင်ဘူး ပြီးတော့ ဗေဒါပင်တွေ ကျိုးတိုးကျဲတဲနဲ့  ရေကန်ဟောင်းဘေးကနေဆိုတော့ သူမ အချိန်မရွေး ခြေချော်ပီး အောက်ပြုတ်ကျသွားနိုင်တယ် ပြီး သူမ ရေမကူးတတ်ဘူး သူမ ရေနစ်ပီး သေသွားရင်တောင် သူမရဲ့  အသက်မဲ့ ခန္တာကိုယ် ကိုတောင် သူလက်နဲ့ ထိလို့ မရဘူး သူမ ခွင့်မပြုနိုင်ဘူး သူမ ဒီအတိုင်းဆက်ပြေးနေလို့ မရတော့ဘူး

လူတွေ အများကြီးရှိတဲ့နေရာကို သွားမှ သူ့ ကို မျက်ခြေဖြတ် ချန်ထားခဲ့လိုရမှာ သူမ ပြေးရင်း စဉ်းစားရင် ရေကန်ဘေးက ဖြစ်သလိုထိုးထားတဲ့ တံတားလေးပေါ်ကို ချိုးကွေ့ ပီး ဆက်ပြေးလိုက်တယ် သိပ်မကြာခင် သူမ ရထားသံလမ်းတခုကိုလှမ်းတွေ့ လိုက်တယ်
ဒါဆို သူမအတွက် ဘူတာရုံတခုခုဆီ အရောက်ပြေးရင် ဘယ်လိုနည်းနဲ့ မဆို သူ့ ကို မျက်ခြေဖြတ်လိုက်လို့ ရပီ သူမ တွေးရင်း သံလမ်းတလျှောက်ဆက်ပြေးနေမိတယ်
ဟော ရှေ့ မှာ ဘူတာရုံ  သူမ စိုးရိမ်စိတ် အနည်းငယ်လျှော့သွားပီ ဘူတာရုံထဲ ပြေးဝင်မိတယ်
ဒီနေ့  ဘာနေ့ မလို့ လဲ ဘူတာရုံထဲမှာ လူတွေအများကြီးပဲ ဒါပေမယ့် တော်တော်များများက အိန္ဒိယလူမျိုးယောကျာ်းလေးတွေကြီးပဲ ဘာပဲဖြစ်ဖြစ် သူမ ဒီလူအုပ်ထဲမှာ ကိုယ်ယောင်ဖြောက်လို့ ရမှာပဲ
သူမ သူတို့ တွေကြားထဲ အတင်းတိုးပီး ရှေ့ ကိုဖောက်ထွက်ပေမယ့် လူတွေက သိပ်များလွန်းတော့ ရှေ့ ကို ခရီးမတွင်ဘူး ဘာပဲဖြစ်၂ သူမကို သူ အလွယ်တကူရှာတွေ့ မှာ မဟုတ်တာတော့ သေချာတယ်
သူမ ဘေးမှာ ရပ်ထားတဲ့ ရထားပေါ်ကို တချက်ကြည့်ရင်း ရထားပေါ်တက်နေရကောင်းမလားလို့  စဉ်းစားမိပေမယ့် ဒီနည်းက သိပ်အဆင်မပြေဘူး ရထားချက်ချင်းမထွက်ရင် ဘယ်နည်းနဲ့ မဆို သူမကို သူ မိသွားနိုင်တယ် ရထားချက်ချင်းထွက်ရင်းတောင် အရှိန်ရကာစ ရထားပေါ်ကို ပြေးတက်လာလို့ လည်းရနိုင်တယ်
မဖြစ်ဘူး သူမ ရထားပေါ်တက်လို့ မဖြစ်ဘူး လူအုပ်ကြားထဲ အတင်းတိုးဝှေ့ ရင်း အသာနောက်ကို လှည့်ကြည့်လိုက်တော့
ခြေဖျားထောက်ပီး သူမရှိရာကို လှမ်းကြည့်ရင်း လူတွေကြားထဲ တိုးဝှေ့ လိုက်လာတဲ့ သူ့ ကို တွေ့ လိုက်ရတယ်
ဘုရား ဘုရား ဒါဆို မကြာခင် သူမကို မိတော့မယ်
ပြီး လူတွေကြားထဲမှာ သူမ လက်ကို နောက်ကနေ အတင်းဆွဲပီး ခေါ်သွားရင် သူမ ဘယ်လိုမှ ရုန်းနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်
ဟင့်အင်း
သူမ ဒီအတိုင်းဆက်တိုးနေလို့ မဖြစ်ဘူး သူမရှိရာကိုသိသွားပီ
သူမ ဒီနေရာကနေ အမြန်ထွက်ပြေးမှ ဖြစ်တော့မယ်
သူမ ဆုံးဖြတ်ချက်မြန်၂ချပီး လူတွေကြားကနေ အတင်းထိုးဖောက်ပီး ကားလမ်းမတန်းဘက်ကို ဆက်ပြေးထွက်လာမိတယ်
ကားလမ်းမတန်းဘက်မှာ ကားတွေလည်းရှင်းနေတယ် ကားတစီးစီးလောက် တွေ့ ရင် သူမတားပီး တက်လိုက်သွားဖို့ စိတ်ကူးလိုက်တယ် သူမ အရမ်းမောနေပီ သူမ ခြေထောက်တွေလည်း အရမ်းနာနေပီ ကျေးဇူးပြုပီး သူမနောက်ကို ဆက်မလိုက်လာပါစေနဲ့ 

ကားတစီးကို သူမတွေ့ လိုက်ရင်ပဲ လက်တားမလို့  လုပ်နေရင်း လှမ်းကြည့်လိုက်မိတယ်
မဖြစ်ဘူး သူမ တားလို့ မရဘူး ကားပေါ်မှာက လူ လေးယောက် ဟုတ်တယ် ယောကျာ်းတွေချည်းပဲ လေးယောက် သူမ သူ့ လက်က လွတ်ပေးမယ့် ကားပေါ်က ဒီတစိမ်းယောကျာ်းလေးယောက်ကို သူမ ဘယ်လိုယုံကြည်ရမလဲ ဒါပိုဆိုးသွားနိုင်တယ် သူမ ကားကိုမတားတော့ပဲ ရှေ့ ကို ဆက်ပြေးလာမိတယ် 

သူမ အရမ်းမောနေပီ ဒါပေမယ့် အရှိန်လျှော့လို့ မရဘူး သူမ ဆက်ပြေးရမယ်
ကံကောင်းထောက်မလို့  တက်ကစီ တစီးစီး မြန်မြန်ရောက်လာမှ ဖြစ်မယ် ဒါဆို သူမ တက်ကစီကိုတားပီး သူ့  လက်ကနေ ပြေးထွက်သွားလို့ ရမယ်
တက်ကစီတစီး လာမှ ဖြစ်မယ်  ပြီးတော့ သူမ သူ့ လက်ကနေ လွတ်မှဖြစ်မယ် တက်ကစီ တစီးစီး မလာခင်မှာ သူမဆက်ပြေးမှဖြစ်မယ် ရပ်လိုက်လို့ မရဘူး

ဟုတ်တယ် သူမ ရပ်နေလို့ မဖြစ်ဘူး ပြေးမှ ဖြစ်မယ် 
ပြေးးးးးးးးး
ပြေးးးးးးးးး
ပြေးးးးးး
ပြေးးးး

7 comments:

  1. ပြေးတုံးပါလား... အိပ်မက်များလား

    ReplyDelete
  2. မောလိုက်တာပိုးလေးရယ်... ဖတ်ရင်းနဲ့ လိုက်ပြေးမိနေတာ...

    ReplyDelete
  3. ဘာတွေဖြစ်နေလဲ မမ

    ပိုး.. တို့ဖုန်းပျက်သွားလို့ နံပတ်ပျောက်သွားတယ်.. နံပတ်ပို့ပေးပါ

    ReplyDelete
  4. ခုထိ မဆက်သေးပါလား.... ကတောက်စ်


    စင်စင်

    ReplyDelete
  5. မောလိုက်တာ ပိုးရယ် ..း(

    ReplyDelete
  6. ဒီတစ်ပုဒ် မဆက်တော့ဘူးလား ငှင်

    ReplyDelete
  7. ဟင် မမစင် ပြေးနေရတာလေ ဆက်ရင် ဆက်ပြေးနေရမှာပေါ့

    သာမီးလည်း တကယ်မောခဲ့တယ် မမလွင်

    :P မဆက်ပါရစေနဲ့ တော့ ဆက်ရင် ဆက်ပြေးပီး ဆက်မောနေရမစိုးလို့ 

    ReplyDelete