Wednesday, March 14, 2012

ပြေးးးးးးးးးးးးးးးးး


ပြေးးးးးးးးးးးး

ဟုတ်တယ် သူမ ရပ်နေလို့ မဖြစ်ဘူး ပြေးမှ ဖြစ်မယ် ပြေးးးးးးးးးးး

ဒီဇာတ်လမ်းကို သူမရဲ့  သူငယ်ချင်းနှစ်ယောက် ပန်းစိုက်မယ်ဆိုပီး ပန်းပင်တွေအလှတင်ပစ္စည်းတွေရောင်းတဲ့ဆိုင်ကို သွားခဲ့တာကစတာပဲ
သူမက ပန်းတွေကို ချစ်တတ်လား သဘောကျလား အဲ့ဒါတွေထိ မတွေးမိပါဘူ ပန်းပင်တွေကို ပန်းပင်တွေလို့  ခပ်ရိုးရိုးပဲမြင်တာပဲ ပန်းတွေကို မွှေးကြည့်ဖို့  တယုတယပျိုးထောင်ဖို့ အတွက်တော့ အမှတ်တမဲ့နေမိတာပဲ
သူမရဲ့  သူငယ်ချင်းနှစ်ယောက်ကတော့ အားရင် ပန်းပင်တွေစိုက်မယ် ပန်းပင်တွေတွေ့ ရင် အငမ်းမရ ဖြစ်နေတာကိုတော့ မကြာခဏ သတိထားမိပါရဲ့  သူမကို ပန်းပင်စိုက်ဖို့ ပြောရင်လည်း သူမက အလုပ်တွေရှုပ်ရတဲ့အထဲ သွားစမ်းပါ နင်တို့ ဖာသာ လုပ်ချင်တာလုပ်ဆိုပီး ပြန်ပြောတတ်လို့  သူမကို ပန်းစိုက်ဖို့  ထပ် မဆွယ်ကြတော့ဘူး
အဲ့ဒီနေ့ ကပေါ့ မှတ်မှတ်ရရ ရာသီဥတုက တော်၂လေး သာ၂ယာ၂ရှိတယ် နေလည်းသိပ်မပူ မိုးလည်း အရမ်းမအုံ့ ပဲ လေညှင်းလေးတွေတောင် တိုက်နေသေးတယ်
သူမပတ်ဝန်းကျင်ကို သတိထားမိတဲ့အချိန်ရောက်တော့ သူမကိုယ်တိုင် ပန်းဆိုင်ထဲရောက်လို့ နေပီ ဘယ်လိုကနေ ဘယ်လို သူငယ်ချင်းနှစ်ယောက် စည်းရုံးကြလည်းမသိဘူး ဒီတခါတော့ သူမ ဘာမှ ငြင်းခုန်မနေပဲ အသာတကြည်လိုက်လာမိတယ် သူမသူငယ်ချင်းနှစ်ယောက်ကတော့ ပန်းဆိုင်ထဲရောက်တာနဲ့  သူမကို ထားပီး သူတို့ သဘောကျတဲ့ ပန်းပင်တွေကို ရွေးလိုက် တတွတ်၂ပြောလိုက် ရီလိုက်နဲ့ ပဲ
ကိုယ်နဲ့ မသက်ဆိုင်တဲ့ ကမ္ဘာသစ်ထဲကိုရောက်နေမိသလိုပဲ သူမအဖို့ တော့ ပန်းပင်တွေထဲ ထည့်တဲ့မြေသြဇာတွေ ပန်းအိုးအခွံတွေ ပန်းအိုးတင်တဲ့ခုံလေးတွေ စင်လေးတွေ စတဲ့ ပန်းအလှဆင်တဲ့ ပစ္စည်းတွေကို လျှောက်ကြည့်နေမိရာက အမှတ်တမဲ့ နဲ့  ပန်းပင်အားတိုးဆေးလေးထားတဲ့ဖက်ရောက်တော့ သူမ လက်က အသာယူကြည့်မိနေတုန်း

"ကျနော် ဘာမှ အကူအညီပေးရမလဲခင်ဗျာ"

သူမတယောက်ထဲ ဒီနေရာမှာရှိနေတယ်လို့ ထင်နေရာကနေ ရုတ်တရက် ထွက်လာတဲ့အသံရှင်ကြောင့် သူမ ကိုယ်လုံး ဆတ်ခနဲ တုန်လှုပ်ပီး အသံလာရာကို လှည့်ကြည့်လိုက်မိရင်ပဲ
ဟင် ဘုရား ဘုရား
မဟုတ်ဘူး ဒါ တိုက်၂ဆိုင်၂ လူတူတာပဲဖြစ်မှာပါ သူမ တယောက်တည်း တီးတိုးရေရွတ်မိတယ်
သူမ ရင်း၂နှီး၂ သိခဲ့ဖူးတဲ့တယောက်နဲ့  အတော်တူတယ် အသံကအစ ဘာလို့  သူက ဒီကိုရောက်နေတာလဲ မဟုတ်ဘူး သူ့ အလုပ်နဲ့  ဒီပန်းဆိုင်နဲ့ က ဘာမှ မဆိုင်ပဲ ဟင့်အင်း ဒါ သူ မဟုတ်ပါဘူး တခြားတယောက် သူနဲ့ ဆင်တဲ့တခြားတယောက် သူမ သူ့ ကို အထိတ်တလန့် ကြည့်ရင်း သူမတယောက်တည်း အတွေးတွေက ယောက်ယက်ခပ်လို့ 
သူမ သူငယ်ချင်းနှစ်ယောက်ကလည်း ပန်းပင်တွေအသီးသီးရွေးပီး သူ့ ပန်းပင်ပိုလှတယ် ငါ့ပန်းပင်ပိုလှတယ်နဲ့ ငြင်းခုန်ရင်း သူမတို့ စကားပြောနေတဲ့အနား ရောက်လာကြတယ် 

အဲ့ဒီအချိန်မှာပဲ သူက "ဒီပန်းတင်တဲ့စင်လေးကို မင်းယူလိုက်ပါလား မင်းသဘောကျမယ်လို့  ငါထင်တယ်"တဲ့
ဟင် သူမကြည့်နေတာ ပန်းပင်အားတိုးဆေးတွေပါ ဘာလို့  သူက ပန်းတင်တဲ့စင်ကို ၀ယ်ခိုင်းပါလိမ့်
သူမ တအံ့တသြနဲ့ ကြည့်မိတော့ သူက "ဒီမှာလေ မင်းသဘောကျမှာပါ" ဆိုပီး ပန်းတင်တဲ့စင်လေးကို ပြရင်းနဲ့ 
"ဒီစင်က ဒီဇိုင်း ၂မျိုးပဲရှိတာ ဒီတခုကတော့ မင်းပိုကြိုက်မယ်လို့  ငါသိတယ်"
ဟင် သူမ စိတ်တွေ အလွန်ရှုပ်ထွေးနောက်ကျိစွာနဲ့  
"ဘာ ပန်းတင်တဲ့ စင် ဟုတ်လား" လို့  ပြန်မေးမိတယ်
ငါက ဘာလို့ ဒီစင်ကို ၀ယ်ရမှာလဲ ဆိုပီး သေချာကြည့်မိလိုက်တော့
မှန်တင်ခုံလို ခပ်ဆင်ဆင် ပုံစံမျိုး မှန်တပ်ထားတဲ့ ဘေးမှာ အတွန့် အခက်လေးတွေပါတဲ့ ခုံတခုကိုတွေ့  လိုက်မိတယ်
"ဒါက ပန်းတင်တဲ့ခုံ ဟုတ်လား" သူမ ဒေါသထွက်သွားမိတယ်ထင်တယ် ဟုတ်တယ် နည်းနည်းတော့ ဒေါသထွက်သွားမိတယ်
"မဖြစ်နိုင်တာ ဘယ်လိုမှ စဉ်းစားလို့ တောင်မရဘူး ဒါကို ပန်းတင်ဖို့  ၀ယ်ရမယ်ဆိုတာ" လို့  သူမ ခပ်ဆတ်ဆတ်ပြန်ဖြေလိုက်မိတယ်
ဒီတော့ သူက ခပ်အေးအေးနဲ့  တလုံးချင်းပြန်ဖြေလိုက်တယ်

"ဟုတ်တယ်လေ မင်းသဘောကျတယ်မလား မင်းဒီဟာကိုယူမှ ငါတို့ ဒီဇိုင်း အသစ်နဲ့ နောက်ထပ် ထပ်တင်လို့ ရမှာလေ ဒါကို မင်းဝယ်မှ ဖြစ်မယ် မဟုတ်ရင် ငါ့ဆီမှာ ဒါက အတော်ကြာနေပီ ရောင်းမစွံတာ" လို့ ပြောရင်း ခပ်တိုးတိုးနဲ့  အသံဆွဲပီး ရီလိုက်တယ်

"ဘာာာာာာာ" သူမ ဒီတခါ အတော်ဒေါသထွက်ပီး အော်လိုက်မိတယ်
"ငါက ဒါကို ၀ယ်ရမယ် ဟုတ်လား မင်းစင်က ဘယ်လောက်မလို့ လဲ" ဆိုတော့
"ငါးသောင်းလေ ငါမင်းကို ပြောပီးသားမဟုတ်လား" လို့  သူက ပုံမှန်အတိုင်းပဲ ပြန်ဖြေတယ်
ငါးသောင်း ဟုတ်လား ငါးသောင်းတောင် ရူးနေလား ဒီစင်လေးကို ငါးသောင်း ဘုရားရေ ဘယ်လိုမှ မဖြစ်နိုင်တာ စဉ်းစားလို့ တောင် မဖြစ်နိုင်တဲ့ဈေးပဲ လို့  သူမရေရွတ်ရင်းက  မှန်တပ်ထားတဲ့ သူပြောတဲ့ ပန်းတင်ခုံဆိုတာဖက်ကို လှည့်လိုက်ပီး
"ဒီစင်လေးကို ငါးသောင်းတောင် ဘာလို့  ငါက ပေးဝယ်ရမှာလဲ" လို့  ပြောရင်းက
မှန်ထဲကနေ မြင်လိုက်တဲ့ သူ့ အပြုံးကိုမြင်တော့ သူမအလန့် တကြား မှန်ရှေ့ ကနေဖယ်လိုက်မိတယ်
ဟုတ်တယ် သူမသေချာမပြောတတ်ပေမယ့် သူ့ အပြုံးက တခုခုကောက်ကျစ်စွာနဲ့  လုပ်တော့မယ်လို့ စိမ်ခေါ်သလိုမျိုးလို့  သူမခံစားမိတယ်

သူမ သူငယ်ချင်းနှစ်ယောက်ရွေးထားတဲ့ ပန်းပင်ဖိုးကို မြန်မြန်ချေပီး အပြင်ကို အတတ်နိုင်ဆုံးမြန်မြန် ထွက်လာခဲ့တယ် သူငယ်ချင်းနှစ်ယောက်က တအံ့တသြနဲ့  သူတို့ အတွက် ပန်းပင်ဖိုးတွေပေးလို့  သူမကို တယောက်တပေါက်ဝိုင်းပြောနေကြပေမယ့် သူမအာရုံထဲမှာ စောစောက လျှို့ ဝှက်အပြုံးကိုပဲ စိတ်တထင့်၂

သူမ စိတ်အာရုံနောက်ကျိစွာနဲ့  တိတ်၂ဆိတ်၂နဲ့  ခပ်မြန်၂လမ်းလျှောက်နေမိတယ် သူမရဲ့ သူငယ်ချင်းနှစ်ယောက်က ခုထိငြင်းလို့ မပီးသေးဘူး တယောက်ပန်းအိုးတယောက်ကြည့်ပီး တွန်းထိုးစနောက်နေကြရင် လမ်းလျှောက်တော့ သူမနဲ့  အတော်ခပ်လှမ်း၂မှာကျန်ခဲ့တယ်
သူမ လမ်းလျှောက်နေရင်းနဲ့  စိတ်ထဲ တမျိုးခံစားရပီး သံသယ၀င်လာမိတယ် ဒါနဲ့  နောက်ကို ဆတ်ကနဲ လှည့်ကြည့်လိုက်မိရင်ပဲ

ဟင်င်င်

(နောက်နေ့  အားရင် ဆက်ရန်တင်မည်)

3 comments:

  1. အိ... ဘာလဲ မသိဘူး...
    သရဲပုံကြီးဖြစ်သွားတာလား...ဓားကြီးနဲ့ ပြေးလိုက်လာတာလား...
    သနီဇာတ်လမ်းဆို ကြောက်တယ်နော်....

    ReplyDelete
  2. ပိုးလေး... ဝထ္တုတိုလေးလာအားပေးတယ်...း))

    ReplyDelete
  3. မမစင် ပြောမှပဲ ကိုယ့်စာကိုယ်ပြန်ဖတ်မိတယ် သများလည်း တရဲဆို ကြောက်၂ ဒါမယ့် ဒါကို ပိုကြောက်မိတယ် :P

    မမနော် လာအားပေးတဲ့အတွက် ကျေးကျေး :P

    ReplyDelete