Friday, July 26, 2013

ခရီးစဉ် ၁ မြန်မာ့ပထ၀ီ ပြန်လည်လေ့လာခြင်း အပိုင်း ( ၈ )

ဘယ်သွားမလဲ မရွှေဖဲ
ညောင်ရွှေ ဘုရားပွဲကို သွားမလို့ ဗျို
မိတ်ဆွေတို့ ကော အခုလို ၁၂ပွဲဈေးခေါ်မလား ဘုရားပွဲဈေးတန်းလျှောက်ဖူးရောက်ဖူးပါသလား
အညာဒေသနဲ့ အထက်ဖက်တွေမှာတော့ ရပ်ရွာရဲ့ နာမည်ကြီးဘုရားများပွဲတော်ဆိုရင် ဒီလို ပွဲဈေးတွေကျင်းပတတ်ကြလို့  အညာဖက်နဲ့ အထက်ဖက်ကသူတွေတော်၂များတော့သိကြပါတယ်
ဖုန်တထူထူနဲ့ တနှစ်မှာတခါဘုရားပွဲကို တပျော်တပါးသွားကြတာပါပဲ
ကဲ မရောက်ဖူးတဲ့သူတွေ မရွှေဖဲနဲ့ အတူသွားကြည့်ရအောင်နော် ဖုန်ရှူမိလို့ လည်ပင်းနာ ချောင်းဆိုးမှာကြောက်ရင်တော့ လက်ကိုင်ပုဝါလေးဆောင်ပီး လိုက်ခဲ့ကြပါတော့

ခဲတံချောင်းလို့ ခေါ်သလား ကောက်ညှင်းကျည်တောက်လို့ ခေါ်မလား ဒေသထွက်ကုန်တွေလည်း ဘုရားဈေးမှာရှိတယ် (ဒီပုံကို ရိုက်တဲ့အချိန် ဘာပြောတယ်မှတ်လည်း ဟယ် ငတို့ ပုံတွေ မလေးရှားပါသွားပီတဲ့ လူကြည့်ပီးပြောတာ ရုပ်က လားလားရုပ်ပေါက်နေလို့  :P) မခေပေဘူး သူတို့ လည်း အင်တာနက်ပေါ်ရောက်မယ်ဆိုတာ သိနေကြတယ်တော့
ငယ်ငယ်တုန်းက အခုလို ဘုရားပွဲဈေးသွားရင် ချားစီးကြတာပဲ ကလေးတော်၂များများ
ဘုရားပွဲဈေးတိုင်းမှာ တွေ့ ရတဲ့ မပါမဖြစ် မုန့် သည်ကြီး
ကဲကဲ မုန့် တွေငမ်းနေနဲ့ သေချာလက်တွဲထား တနှစ်တခါဘုရားပွဲဈေးမလို့ ထင်တယ် အနီးအနားရွာတွေကပါ ဘုန်းကြီးကျောင်းတွေတည်းပီး လာကြတာမလို့  အတော့်ကိုလူများပါတယ် မနည်းကိုတိုးရတာပဲ ရှေ့ လည်းဆက်တိုးအခက် နောက်လည်းပြန်လှည့်မရအောင် လူများဆိုတာပါပဲ ဘုရားဖူးချင်လို့ သာရှေ့ ဆက်တိုးရတယ် ဘယ်လိုမှ လူတိုးတဲ့ဒဏ်ကိုမခံစားနိုင်ပါဘူး
 ဟောဒီက အသားတော်ဝါ၀ါညက်မယ့် ရွှေဘိုသနပ်ခါး (ငယ်၂တုန်းကတွေ့ ဖူးတဲ့ သနပ်ခါးဆိုင်တွေက နံသာဖြူ ကလမက်ဆိုင်တွေဆိုတာ ချိန်ခွင်လေးတွေနဲ့ ရောင်းတာ သနပ်ခါးဆိုင်နဲ့ တွဲပီး)

 ဒါလည်း ဘုရားပွဲဈေးတိုင်းမပါမဖြစ်ပဲ  ဆိုင်နာမည်ပေါင်းစုံနဲ့ ဆိုင်တွေများကြီးပဲ

 ရုတ်၂ ရုတ်၂ လာမလုပ်နဲ့  ဟောဒီမှာတွေ့ လာ ဒိုင်းညှောင့် ဒိုင်းညှောင့်

 ကြေးထည် သံထည်ပစ္စည်းသည်တွေကလည်း ပွဲဈေးရဲ့  မပါမဖြစ် ဈေးသည်တွေပဲ

 ဒါက ကလေးတွေအကြိုက် ရောင်စုံ အဆင်စုံ အလှဆင်စရာတွေ

 ကဲ ဟောဒီက ရိုးရာအစားသောက်တွေနော့ ဆိုပီး ခုလို ဆိုင်တဲကြီးဆောက်ပီး အားပါးတရရောင်းတာ ရှေ့ ကတောင်းထဲကတော့ ထမင်းတွေ

 နားလည်းနား စားလည်းစားလို့ ရတဲ့ ဆိုင်

ဒါတွေမြင်တော့ စားချင်တာပေါ့လို့  ဒါပေမယ့် မရွှေဖဲ ရဲ့ အစာအိမ်နဲ့ က
ဒီဘ၀ ဒီမျှသာဆိုတော့ ဝေးဝေးကနေ ငမ်းယုံ အနံ့ ရှူယုံပါပဲ
တိုးဟယ် ဝှေ့ ဟယ် ငမ်းဟယ်နဲ့  နောက်ဆုံး စံကျောင်းထဲ ရောက်သွားတော့
ခုလိုများလိုက်တဲ့သူတွေ ဘုရားကိုဝိုင်းရွှေချပူဇော်နေတာ ဘုရားကို နှမ်းတနှမ်းစေ့သာသာကလေးတောင် မဖူးမမြင်ရပေါင်ဗျာ တကယ်ဆိုရင် ဘုရားဂေါပကအနေနဲ့  တန်းစီဝင်ဖူး တဖက်ကနေ ပြန်ထွက် စနစ်တကျလုပ်ပေးရင် အခုလို တိုးဝှေ့ မနေရတော့ဘူးပေါ့ အနီးကပ်မဖူးရတဲ့ အမျိုးသမီးတွေအတွက် စီစီတီဗီနဲ့  တီဗီချိတ်ဆက်ပီးတော့သာပြရင် ဘာပဲဖြစ်၂ ဘုရားလေးတော့မြင်ရဦးမပေါ့ အခုတော့ အဲ့လိုပဲ ထိုင်တွေးပီး လူအုပ်ကြီးဖုံးထားတဲ့ ဘုရားကို ထိုင်၂ဦးချနေရတာပါပဲ စိတ်ထဲတော့ ဘုရားကို မျက်စိနဲ့ တပ်အပ်မဖူးရတော့ နည်းနည်းတော့ ၀မ်းနည်းတာပေါ့ ဒါပေမယ့် ရင်ထဲ ဘုရားတည်ထားတဲ့သူပါလေဆိုပီး (တကယ်က ဒေါသကြီးပဲ ရင်ထဲမှာ) ဖြေသိမ့်ပီးဖူးရတာပါပဲ
ဟာ ပြောတော့ ဘုရားဖူးတွေများကြီးဆို ဘယ်နှယ့်ဒီနေရာလူရှင်းနေရာလဲဆို ဗီအိုင်ပီတန်းပါခင်ည
မြန်မာပြည်က အနုပညာရှင်များလည်း ဗီအိုင်ပီပါပဲခင်ည
အခုပုံထဲကအနုပညာရှင်၂ယောက်ကတော့ ဘာသာမတူတာ ဘာကြောင့်လဲ တို့ တော့ဒါတွေနားမလည်ဆိုပီး
တကယ်ဆို အချစ်ပဲလိုတယ်ဆိုတဲ့ လောလောလတ်လတ်ပူပူနွေးနွေး မင်္ဂလာဆောင်ထားတဲ့ အတွဲပါခင်ည
ဘုရားဖူးနေတုန်း သများတွေပြောတာနဲ့ ဘာလဲဟဆိုလှမ်းကြည့်တုန်းမြင်လိုက်လို့  စပ်စုပီးရိုက်လာတာပါခင်ည
 သူတို့ ပေါ့ခင်ည သူတို့ ပြောလို့ သိတာ ကိုယ်သာ သူ့ သီချင်းတွေ ကောင်း၂နားမထောင်ဘူးတာ သူတို့ တွေက ကိုယ့်ထက်ပိုသိတယ်ခင်ည
ဒါက စံကျောင်းထဲမှာရောင်းနေတဲ့ ငုံးဥသည်လေးတွေပါ
ကဲဒီလိုနဲ့ မမြင်ရတဲ့ ဘုရား စိတ်ကမှန်းပီး ကန်တော့ပီး လာရာလမ်းပြန်လာတော့တာပါပဲ

  အပြန်လမ်းတလျှောက်က တို့ ဖူးကြော်နဲ့ အကြော်စုံသည်တွေ စားသောက်ဆိုင်တန်းတွေ
 မှောင်၂မည်း၂ အတင်းဖြဲရိုက်တာပဲ

တို့ ဖူးသုတ်သည်လည်း မချန်ဘူး လာထားပဲ
အပြန်လမ်းမှာ လူရှင်းတဲ့လမ်းကဖြတ်ပီးပြန်လိုက်မိလို့  လမ်းတွေမှား ဟိုရောက်ဒီရောက်တွေဖြစ်ကုန်တော့တာပါပဲ ဗိုက်ကလည်းဆာ လူကလည်း ပင်ပန်းနဲ့ ဟိုတယ်ရောက်တော့ ညစာစားပီး နား (ညစာကို ဗိုက်ဆာ၂နဲ့ စားလိုက်တာ ဒါ့ပုံရိုက်ဖို့ ကုန်မှသတိရပါတယ်) တို့ ဖူးကြော် ဟင်းထုတ်ကတော့ ပင်တိုင် ပါ ပါတယ်
ကဲ နောက်တနေ့  မရွှေဖဲ ဘယ်ကိုခရီးဆန့် ဦးမလဲဆိုတာ စောင့်မျှော်ရင်း
စနေ တနင်္ဂနွေကို ပျော်ပျော်ကြီး ဆင်နွဲပါစို့ လား မိတ်ဆွေတို့  :P

2 comments:

  1. ဘယ်လဲ ဆိုတာတော့ မပြောဘူး

    ReplyDelete
  2. ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့ နယ်က ဘုရားပွဲပါခင်ဗျ အင်းလေးဖောင်တော်ဦးဘုရားပွဲပါခင်ဗျ
    ခုလို ကွန်နက်ရှင်မကောင်းတဲ့ကြားက တကူးတကလာလို့ ကျေးဇူးတင်ပါတယ် ဂျူလီ

    ReplyDelete