Thursday, July 25, 2013

ခရီးစဉ် ၁ မြန်မာ့ပထ၀ီ ပြန်လည်လေ့လာခြင်း အပိုင်း ( ၇ )

ဟိုးတုန်းကလိုပဲ အချစ်ရေ ချစ်သေးလားဆိုတဲ့ သီချင်းလေးဆိုပီး ဘလော့ကို တကျော့ပြန်ဝင်လာပါပီ
ဟိုးတုန်းကလိုပဲ နင်ရေးသမျှ မျက်စိနောက်တော့မှာပဲလို့ ဆိုပီး ပြန်တော့ မဆိုလိုက်ကြပါနဲ့   မနည်းရှာဖွေပီး မန်မိုရီတွေပြန်ခေါ်ပီးရေးရတာမလို့  သည်းခံကြပါ

အရင်တပိုင်းက ရိုးရာအကျီဆိုင်မှာတင် လပေါင်းများစွာကြာသွားပါတယ်
အခု လောလောဆယ် မရွှေဖဲစိတ်အစဉ်က ကယောက်ကယက်ဖြစ်နေတာနဲ့ အတော်ပါပဲ 
ရိုးရာအကျီဆိုင်ကအပြန် အများသိတဲ့ကြောင်ခုန်ကျောင်းလို့ ခေါ်တဲ့ ဘုန်းကြီးကျောင်းကိုဆက်သွားပါ့မယ့် ဒါမှလည်း ဘုရားလေးတရားလေးသိပီး စိတ်အေးချမ်းသာယာမှာမလို့ ပါ
 ဆုတောင်းပြည့် နှီးဘုရားရုပ်ပွားတော်

ပန်းထိမ်မနိုင်ပန်းတွေေ၀၂ဆာ၂ပူဇော်ထားတဲ့ ပန်းထိမ်ဆရာကြီးတဦး လှူဒါန်းထားတဲ့ ဘုရားတစ်ဆူ

ခုန်ဖို့ နေနေသာသာဗျာ ပျင်းပီးခွေနေတဲ့ ကြောင်ငပျင်းလေးတွေ

LV ရဲ့  ရိုက်ချက်ကလေးတွေကလည်း အလွန်အသက်ဝင်လှပပါတယ်

 ရိုးရာဝတ်စုံလေးဝတ်ပီး ဘုရားကျောင်းလာတဲ့ နိုင်ငံခြားသား၂ယောက်ကို ခွင့်တောင်းပီး ဒါ့ပုံရိုက်တော့ အခုလို ပြုံး၂လေးနဲ့  အရိုက်ခံပါတယ်
ဆရာတော်ဘုရားကို အလှူငွေကပ် ဘုရားတွေဖူးမျှော် စောင်းတန်းထဲက ဈေးသည်တွေလိုက်ကြည့်ပီးတာနဲ့  နောက်ခရီးစဉ်တခုကိုဆက်သွားပါတယ်
 
အပြန် အပြန်လာဟေ့
ဘုရားပင့်ပီး စံကျောင်းတော်အရောက် ဘုရားဖောင်တော်ဆွဲလှေတွေ သူ့ နေရပ်သူပြန်ကြတဲ့ အပြန်ခရီးလေးပါ နေပူပေမယ့် မမောမပန်းတက်ညီလက်ညီနဲ့ ပါပဲ

ဒီနေရာလေးကတော့ အင်းလေ ခေါင်တိုင်ဖက်က သဘာဝရေပူစမ်းနေရာလေးပါပဲ

အခုလို မြက်တောထဲမှာ ရှိနေမယ့်အစား သပ်သပ်ရပ်ရပ်နဲ့ သာ ထားမယ်ဆိုရင် လာကြည့်တဲ့သူအဖို့ လည်း ပိုစိတ်ဝင်စားဖို့ ကောင်းမယ်လို့ ထင်ပါတယ် သဘာဝကဖြစ်လာတဲ့လက်ဆောင်မွန်တွေကို စနစ်တကျမထိမ်းသိမ်းတတ်သလို မဆွဲဆောင်နိုင်ကြပါဘူး

ရေကို စမ်းကြည့်လိုက်တော့ ကြက်ဥတောင်ကျက်လောက်အောင် အတော်ပူပါတယ် အပြင်နေလည်းပူ ရေကလည်း အမြှုပ်လိုမျိုးလေးတွေတစီစီနဲ့  တော်၂ပူပါတယ်

မရွှေဖဲတို့ များ အပြစ်တင်ဖို့ လောက်ပဲ ဟောဒီမှာ ဟောဒီမှာ ထိမ်းသိမ်းထားပါ့လို့  မပြောပါနဲ့ 
ဒါက ပိုက်ဆံပေးဝင်ရတဲ့ ဆိုင်ရာပိုင်ရာနဲ့ ပတ်သက်တဲ့သူဖွင့်ထားတဲ့ ရေပူစမ်းပါ
ရေပူစမ်းမှာ ဟိုနားလျောက် ဒီနားလက်ကလေးနဲ့ ရေထိပီးသကာလ လာရင်းနေရာကို ပြန်ကြပါမယ် လူတွေလည်းမောပန်းနေပီ

 မြို့ အ၀င်က လှေဆိပ် ဘုရားဖူးလာသူတွေနဲ့  အတော်စည်ကားပါတယ် ကားတောင်ဖြည်း၂ချင်းတံတားပေါ်ဖြတ်ယူရပါတယ် ကားလမ်းဘေးတွေဆိုလည်း ထော်လာဂျီတွေအပြည့် ခြေကျင်လမ်းလျှောက်လာသူတွေအပြည့်နဲ့ ပါပဲ
 မြို့ ကလေးဟာ ဘုရားပွဲတော်တွင် သက်ဝင်လှုပ်ရှားနေတာများ မြင်ရတာကြည်နူးစရာပါ

 အင်းလေးက ကြာဆန်ဟင်းခါး ဗိုက်ဆာတဲ့အချိန်ဆိုတော့ ဘာစားစားကောင်းနေတာပါပဲ

 သာမီးတို့ အကြိုက် မွန်းလိုက် အဲ အင်းလေး ဟင်းထုတ်
ဂျူးမြစ်ကလေးရယ် ဆီချက်ကလေးရယ်နဲ့  ရိုး၂ဟင်းထုတ် နဲ့  ၀က်သားဟင်းထုတ်ပါ 
တော်၂လေးကိုစားကောင်းပါတယ် တပွဲပီးတပွဲထပ်မှာပါတယ် ထမင်းနဲ့ ကြက်သားဟင်းစားတဲ့သူလည်းစား
မရွှေဖဲကတော့ ဟင်းထုတ်ကြီးပဲ ထိုင်စားပါတယ် ထမင်းလွတ် :P

 တည်းခိုတဲ့ ဟိုတယ်ပြန်ရောက်ပါပီ ဟိုတယ်ထဲမှာ အခုလို ရှေးဟောင်းလက်ရာဆန်ဆန် ဘန်ဂလိုလေးတွေရှိသလို

အခုခေတ်စတိုင် တထပ်တိုက်ဘန်ဂလိုလေးတွေနဲ့  ပြည့်နေတာပါပဲ နေရာလေးက လမ်းမတန်းနဲ့  မဝေးပဲ အတွင်းဖက်မှာရှိတာကြောင့် တကယ့်အေးအေးချမ်းချမ်းနဲ့ တိတ်၂ဆိတ်၂နေရာလေးတခုပါပဲ
စားလို့ ဝတော့ ကိုယ့်အခန်းကိုယ်ဝင်ကြပီး တရေးတမောနားကြပါတယ်

အလှစိုက်ထားတဲ့ ပိန်းပန်းပင်လေးတွေ
မရွှေဖဲက နေ့ လည်နေ့ ခင်း တရေးတမော မအိပ်တတ်တော့ ကင်မလာဆွဲပီး အပြင်ထွက်လျှောက်ရိုက်တော့တာပါပဲ

ကဲ ညနေလည်းစောင်းပီး ဘုရားပွဲဈေးလျှောက်ပီး စံကျောင်းတော်က ဘုရားဖူးရအောင် လူကြီးများနဲ့  ကလေးများကို သွားနှိုးပီးလိုက်ဦးမယ်နော်



 

 


3 comments:

  1. အမ် မြန်မာပြည်ခီးစဉ် မပြီးသေးဘူးပဲ
    အာ့ဆို မမပိုးမှာ ရေးစရာ ကြွေးတွေ များကြီး ရေးးးးးးးးး
    w love, nomo

    ReplyDelete
  2. ဟုတ်ပ နိုမိုရယ် အများကြီးကျန်သေးတယ် အကြွေးတွေပိနေပီ
    မြန်မာပြည်ပီမှ ကျန်တဲ့ တခြားနိုင်ငံတွေရေးရမှာဆိုရင်တော့ နောက်နှစ်တောင် ရေးရပါ့မလားမသိ
    မပျင်းမရိနဲ့  စိတ်ကလေးပါဖို့  အလုပ်ကလေးအားဖို့ ပဲလိုတာ

    ReplyDelete
  3. အကြွေးမပိစေချင်ရင် တနေ့တပုဒ ရေးနော် မမပိုး :D

    ReplyDelete