Friday, February 3, 2012

နဂါးနှစ်မှာ သွားခဲ့ စားခဲ့တာတွေ

နဂါးနှစ်မှာ သွားခဲ့တာတွေဆိုတော့ အရင်နှစ်တွေတုန်းကလည်း သွားခဲ့တာပဲ ဒါပေမယ့် မိဘတွေရောက်နေတော့ ပိုစ့်ရေးဖို့ အချိန်မရှိတော့ တကူးတကမတင်ဖြစ်တော့တာ ဒီနှစ်ကတော့ နှစ်ကူးကို မိဘတွေမလာဖြစ်တော့ ကိုယ်ပဲပြန်ရမှာဆိုတော့ မပြန်ခင်နှစ်ကူး အကြိုညက သွားဖြစ်ခဲ့တာလေးတွေကို အမှတ်တရပြန်တင်လိုက်တာပါ ရန်ကုန်ပြန်နောက်တပိုစ့်မလာခင် ကြားဖြတ်ပိုစ့်လေးပေါ့
စင်ကာပူမှာ တရုတ်နှစ်ကူးဆိုင်တိုင်းနီးပါးပိတ်တော့ သွားစရာသိပ်မရှိတော့ ရှိတဲ့နေရာတွေ ပတ်သွားနေကြတော့ အားလုံးလည်းရောက်ဖူးနေကြမှာဆိုတာသိပေမယ့် တချို့ နေရာလေးတွေကိုတော့ အမှတ်တမဲ့အနေနဲ့ ရော တကူးတကအနေနဲ့ မသွားဖြစ်တဲ့သူများအတွက်တော့ ပုံလေးတွေကြည့်လို့ ရအောင် ပုံတွေေ၀၂ဆာ၂နဲ့ တင်လိုက်ပါတယ်
နှစ်ကူးအကြိုညဆိုရင် အမြဲ ညနေဆိုပိတ်တဲ့ ဘူးဂစ်က ကွမ်းရင်မယ်တော်ကျောင်းက ညအထိဖွင့်တယ် ပူဇော်ကန်တော့တဲ့သူတွေဆို များလွန်းလို့  ကျူတန်းအရှည်ကြီးပဲ ကိုယ်ကတော့ နောက်ဘုရားကျောင်းတခုဆက်သွားရမလို့  တမင်နောက်ကျပီးသွားတော့ လူရှင်းသွားတယ်
တကယ်က ဒါ့ပုံလုံးဝ မရိုက်ရဘူးဒီအထဲမှာ ဒါမယ့် စင်ကာပူကမဟုတ်တဲ့သူတွေ ပူဇော်လို့ ရအောင် တိတ်၂ကလေး ဟိုးနောက်နားမှာထိုင်နေရင်း ရိုက်လိုက်တာ မိုးသိပ်ချုပ်တော့ လူရှင်းနေလို့ လည်း ရိုက်ဖြစ်တာ နှစ်သစ်မှသည် နှစ်တနှစ်လုံး အလုပ် စီးပွား လူမှုရေး ကျန်းမာရေး မိသားစုရေး အချစ်ရေးပါမကျန် အကုန်ဆုတောင်းပလိုက်တာပဲ ကွမ်ရင်မယ်တော် မစတော်မူပါဆိုပီးတော့
လောရန်ဘက်မှာရှိတဲ့ ဘုရားကျောင်းကိုသွားတယ် အဲ့ဒီမှာက ၁၂နာရီမှစမှာဆိုတော့ ပူဇော်ပွဲမစခင်မှာ ဘုရားကျောင်းရှေ့  ဒီနဂါးရုပ်ကြီးတွေနောက်က ဇာတ်စင်မှာ ရိုးရာကဇာတ်နဲ့ ဖြေဖျော်တယ် ဟိုးနောက်ထဲမှာက ခေတ်ပေါ်ဂီတ အက မျက်လှည့်တွေနဲ့  ဖြေဖျော်တယ် လူတွေက များလိုက်တာများ လူကြီး လူရွယ် လူငယ် ကလေးပေါက်စနပါမကျန်ဘူး
ဒီနှစ်က နဂါးနှစ်ဆိုတော့ နဂါးရုပ်ကလေးတွေ သူ့ မွေးတဲ့ခုနှစ်အလိုက် နဂါးလေးတွေပွတ်ဆုတောင်းကြတာပဲ
ငွေပြားကြီးထဲဖြတ် မြင်းကြီးကိုကျော်ခွပီး ပေသီးလုံးလေးတွေကို ဟိုလှိမ့်ဒီလှိမ့်ပွတ်ပီး ဆုတောင်းတာတွေလည်းရှိတယ် ကလေးတွေကတော့ ပြောမနေနဲ့ တော့ မြင်းကြီးပေါ်ကနေကို မဆင်းဘူး 
ကိုယ်တွေက ကလေးမှ မဟုတ်တော့တာ အိမ်ဒရေရရပဲ ပေသီးသွားခေါက်နေလိုက်တယ် :P
ည ၁၂ ကျော်မှ အမွှေးတိုင်ထွန်းပူဇော်မှာဆိုတော့ ဟိုနားရပ်လိုက် ဒီနားထိုင်လိုက် ဈေးတန်းပတ်လိုက် ပွဲကြည့်လိုက် ဒါပုံရိုက်လိုက် ဗီဒီယိုရိုက်လိုက်နဲ့ စောင့်နေရတာ
တရုတ်ခြင်္သေအကနဲ့  စပီးပူဇော်ကြတယ် 
ဒီဘုရားကျောင်းက မျက်နှာကျက်က မီးပုံးလေးတွေကို ကင်မလာအကောင်းစားနဲ့ ရိုက်ရင် သိပ်လှမှာပဲလို့  ရောက်တိုင်းတွေးမိတယ် ခန်းလုံးပြည့် ဒီလိုမီးပလုံးနီ၂လေးတွေ
ဒီနှစ်က နဂါးနှစ်ဆိုတော့ နဂါးအကနဲ့ ပါ ပူဇော်တယ် သိပ်လှတာပဲ ကတာ ဒါ့ပုံရိုက်တော့ ၀ါးသွားရော
မနှစ်က ယုန်နှစ်တုန်းကတော့ ခြင်္သေ့အကပဲပါတယ်
တရုတ်ပြည်က ဆပ်ကပ်အဖွဲ့ ကတော့ ဟင်ကနဲ့ ဟာကနဲ ဖြစ်အောင်ကို အစွမ်းကုန် ကပြကြတာ
သိပ်တော်တာပဲ ကလေးငယ်၂လေးတွေကတာဆိုရင် သိပ်သနားတာပဲ အရွယ်နဲ့ မလိုက် အတော်လေ့ကျင့်ထားကြတာ
တရုတ်နှစ်ကူးစတိုင် လိမ်မော်သီး၂လုံး အဆင်သင့်ထည့်တဲ့ အိပ်ကလေးတွေ လာသမျှလူ ကြိုက်သလောက်ယူသွားလို့ ရတာတောင် မကုန်နိုင်အောင် များတာ
ကဲ ဒီဘိုးဘိုးကြီးကို ပူဇော်တာပါပဲခင်ဗျာ အမွှေးတိုင်ကြီးတွေကတော့ မြင်တဲ့အတိုင်းပဲ
မီးရှို့ ဖို့  စက္ကူတွေကတော့ အိတ်တလုံးနဲ့  လိုက်သိမ်းတယ် နောက်မှ သူတို့ ဘာသာရှို့ မယ်ထင်ရဲ့ 
ဒီအမွှေးတိုင်နဲ့  အထုတ်ကိုရဖို့  နာမည်ပေးပီးမှ ၀ယ်ရတာ တရုတ်နာမည်မရှိလည်း သူတို့ ဘာသာ အင်္ဂလိပ်လိုနာမည်ကိုကြည့်ပီး တရုတ်လို ရေးပလိုက်တာပဲ 
ပြီးတော့ အဆောင်ပစ္စည်းလေးတွေလည်းပူဇော်လို့ ရတယ် တကယ်က ပိုက်ပေးဝယ်ရပေမယ့် သူတို့ က ငွေမကိုင်ဘူး လိုချင်တဲ့ပစ္စည်း တန်ဖိုးအလိုက် ကိုယ့်ဘာသာရှေ့ က အလှူခံပုံးထဲ ထည့်ရတာပဲ
မနှစ်က ရွှေတုံးကလေးပေါ်မှာ ယုန်ရုပ်ကလေး ရွှေတုံးလေးပေါ်မှာ ဖိုးဒီဂဏန်းတောင်ပါသေး :P
ဒီနှစ်က ရွှေတုံးလေးပေါ်မှာ နဂါး၂ကောင်နဲ့  အလုံးကလေး ထုံးစံအတိုင်းရွှေတုံးလေးပေါ်မှာ ဂဏန်းလေးလုံးပါတာပဲ စက္ကူBox ကလေးတွေနဲ့ ထည့်ပီးသား ကြိုက်တာကို ကြိုက်သလောက်ယူပီး ရှေ့ က အလှူခံပုံးထဲထည့်ယုံပဲ တခုမှ စင်ကာပူ တဒေါ်လာရယ် ကျန်တာက နဂါးကိုးကောင်းရုပ်တုပုံတွေက ၁၀ဒေါ်လာ တော်ပီး မနှစ်က ရွှေ၂တုံးနဲ့  ယုန်နှစ်ကောင် ဒီနှစ်က တော့ ရွှေလေးတုံးနဲ့  နဂါးရှစ်ကောင် အိမ်အတွက် နှစ်တုံး ကိုယ့်အတွက် ၂တုံး မပူဇော်ခင် ရှေ့ က ကဇာတ်က နတ်ဝတ်နတ်စားတွေနဲ့  ကိုယ်တော်များက ရွှေတုံးပုံစံခွက်ကြီးတွေထဲ ရွှေနဂါးရုပ်ကလေးတွေထည့်ပီး လာသမျှလူလိုက်ဝေသေးတာ ပီးတော့ သကြားလုံးတွေလည်းလိုက်ဝေပီး Happy New Year ပေါ့
လာသမျှလူက အမွှေးတိုင်တွေနဲ့ ဒီလိုပူဇော်တယ် ရှေ့ ကစင်ပေါ်မှာက နန်းဝတ်နန်းစားတွေနဲ့ ဘဘကြီးများက တရုတ်လိုရွတ်ဖတ်ပူဇော်တယ် လူတွေများ အမွှေးတိုင်တွေများလွန်းလို့  မျက်လုံးတွေစပ်ပီး မျက်ရည်တောင် တောက်၂ကျတယ် ဒီနှစ်တော့ တော်သေးတယ် ကိုယ်ကနောက်ဆုံးနားကနေပီး ကိုယ့်ခေါင်းပေါ်က ပန်ကာဆိုတော့ သိပ်မဆိုးဘူး ဒါမယ့် အမွှေးတိုင်နံ့ ကတော့ အတော်ပြင်းတော့ မျက်လုံးစပ်တာပဲ အဲ့ဒါပူဇော်ပီးတော့ နှစ်ကူး မနက် ၁ နာရီတော်၂ကျော်ပေါ့ ဒါနဲ့  တက်ကစီငှားပီးအပြေးအိမ်ပြန်ရတယ် မြန်မာကိုနှစ်ကူးပြန်မှာက လပ်ဂေ့ကထည့်ပီး လေဘယ်မတပ်ရသေးဘူးလေ ဒါတွေပြင်ရဆင်ရဦးမယ် အိမ်ရောက်တော့ ၂နာရီကျော်ပေါ့ ဟိုလုပ် ဒီလုပ် ရေမိုးချိုးပီးတော့ မနက် ၃ နာရီတောင်ကျော်ပီ မဖြစ်ချေဘူး အိပ်မှဆို အိပ်ရတယ် မနက် ၇ နာရီလောက်နှိုး မနက်စာစား ရေထပ်ချိုးပီး လေဆိပ်ပြေး ဒီနှစ် နှစ်ကူးကတော့ ရန်ကုန်ပေါ့ဗျာ စင်ကာပူကြီးကတော့ တိတ်ဆိတ်ခြောက်ကပ်စွာနဲ့ ကျန်ခဲ့လေရဲ့ 
နှစ်ကူးအပြီး စင်ကာပူပြန်ရောက်တော့ စင်ကာပူရဲ့  အထင်ကရနေရာရဲ့  ရေပေါ်ခုံမှာကျင်းပတဲ့ River Hongbao ရှိရာကိုလည်း အပြေးအလွှားသွားလိုက်သေးတယ်
မုခ်ဦးအ၀င်ဝမှာ ရွှေငါးတွေနဲ့  အလှဆင်ထားတာလည်း အတော်ကြည့်လို့ ကောင်း ဒါ့ပုံရိုက်လို့ ကောင်းပဲ
အပြင်အဆင်တွေကတော့ မြင်တဲ့အတိုင်းလှမှလှ
မိသားစုလိုက်ဒါ့ပုံရိုက်တဲ့သူတွေနဲ့  ကိုယ်တွေကတော့ အလှကြည့်ယုံသက်သက်ပဲဆိုတော့ ဒါ့ပုံသိပ်မရိုက်ဖြစ်ဘူး ရိုက်လည်း ကိုယ်ပါမှ ရှူခင်းပါ မလှဖြစ်သွားမှာလည်းစိုးတာကိုး
ဇာမဏီငှက်နဲ့ ပန်းအလှ ညဖက်ဆို မီးထွန်းတော့ ပိုလှမယ်

ရောင်စုံပုလင်းလေးတွေနဲ့ အလှဆင်ပုံဖော်ထားတဲ့နဂါးရုပ်
စားသောက်တဲ့ ပန်းကန် ခွက် ဇွန်းတွေနဲ့  ပုံဖော်ထားတဲ့ နဂါးရုပ် ထူး၂ဆန်း၂ အနုပညာမြောက်လို့  ရိုက်လာလိုက်တာ ဟိုကြည့်ဒီကြည့် စားသောက်တန်းသွား ဟိုစားဒီစားပီးတော့ ပြန်လာကြရော

ရုံးစမတက်ခင် တရက်မှာ Lucky Lunch ဆိုပီး မဖြစ်မနေ ရုံးရှိလူကုန်လာပီး စားရတဲ့ နေလည်စာ ကဲ စလိုက်ကြရအောင်
ဝေးးးး ဟေးးးးးးးး ဆိုပီး ဆုတွေတောင်း ပါးစပ်ကဆိုပီး မြင့်သထက်မြင့်အောင် မြှောက်ရင်းမွှေကြတာများ မိန်းကလေးဝိုင်းမလို့ ရယ် ဒီလိုပလားကုန်တာသာကြည့်တော့
ငါးမန်းတွေကို ကာကွယ်သောအားဖြင့် ငါးမန်းတောင်ဟင်းချိုကို စတင်ပီးရပ်ဆိုင်းပါပီတဲ့ ဒီတော့ ငါးမန်းတောင်အစား ပင်လယ်ထဲကအစာတမျိုးနဲ့  ဟင်းချိုပေါ့ကွယ်
Sea Bass ငါးချိုချဉ်ပေါင်းကလေးကလည်း လက်ကိုမလည်ဘူး နောက်ဆုံး ခေါင်းပါပြုတ်ထွက်သည်ထိအားပေးကြတာ :P
ဒီတခေါက် ဘဲကင်မဟုတ်ဘူး ဘဲပေါင်းနဲ့  ပင်လယ်သခွား အစိမ်းရွက်ပေါင်းကလည်း နူးအိပီး စားလို့ သိပ်ကောင်း
ပင်လယ်စာနဲ့  ကြက်ကြော်စပ်စပ်လေးကို ပန်းပွင့်စိမ်းကလေးနဲ့ ကလည်း ပြောင်ရှင်းဖြစ်သွားတာပဲ
ဒီပင်လယ်စာ အခြောက်ချက်နဲ့ မှိုပေါင်းကျတော့ ဘူသူမှ မစားနိုင်တော့ဘူး ရှေ့ ကစားတာများသွားတာကိုး
ပုစွန်ကို တရုတ်ဆေးရည်နဲ့ ပေါင်းထားတာလည်း သောက်လို့ ကောင်း စားလို့ ကောင်း သူစား ငါစားနဲ့  နောက်ဆုံးတော့ ပုစွန်ခွံသာကျန်ခဲ့လေသတည်းပေါ့ကွယ်
ဒီနှစ်က ခေါက်ဆွဲကြော် ထမင်းကြော်မဟုတ်ဘူး တရုတ်ဝက်သားကောက်ညှင်းပေါင်း ဒါလည်း မဆိုးရှာပါဘူး ဒါမယ့် ဗိုက်တင်းတော့ မစားနိုင်
နောက်ဆုံးပိတ် အချိုပွဲကတော့ ပဲနီလေးဆွပ်စ်နဲ့  ကြာစေ့ပြုတ် အားလုံးလည်းစားပီးရော အိမ်ပြန်လို့ တရေးတမောအိပ် နောက်နေ့ ရုံးစတက်ဖို့  အားမွေးရပီလေ အော် နှစ်ကူးရောက်ဖို့ စောင့်ရတာလည်း လည်ပင်းတမျှော်၂ ရောက်ပီး ပီးပြန်တော့လည်း ပိတ်ရက်ကမရှိတော့ ဒီလိုနဲ့  ထပ်မျှော် သံသရာထဲ အသက်တွေသာကြီးသွားပါပေါ့ မိတ်ဆွေတို့ ရယ်

ဒီနှစ် နဂါးနှစ်ကို အနှစ်ချုပ်လိုက်တော့ အောက်ပါအတိုင်း ဟုန်ပေါင်း ခေါ် အမ်ပေါင်း ၁၀ ထုပ်တိတိရလေသည် ထို့ ကြောင့် အလွန်ပျော်သည် အလွန် Lucky ကောင်းသော နဂါးနှစ်ဖြစ်ပေသည်
ရုံးမှ မောင်သထေးများပေးသော ၅ ထုပ် မန်နေဂျာများပေးသော ၂ ထုပ် လူကြီးသူမ မိဘများပေးသော ၂ထုပ် အိမ်ရှင်မှပေးသော ၁ ထုပ်
စင်ကာပူဒေါ်လာများ ယူအက်ဒေါ်လာများဖြင့် အလွန်ဝင်ငွေစည်သော နဂါးနှစ်မှာ တနှစ်လုံး လာဘ်လာဘများဆက်ရွှေ့ ကောင်းမွန်ပါစေကြောင်း ဆုတောင်းရင်း တရုတ်နှစ်ကူးပိုစ့်အား အီတွင်ရပ်နားပါပီ
မိတ်ဆွေအပေါင်းအတွက်လည်း ကျန်းမာ ချမ်းသာ ပျော်ရွှင်သော နဂါးနှစ်ဖြစ်ပါစေ

2 comments:

  1. ;(
    မနာလိုလိုက်တာ
    တထုပ်မှ မရဘူး.. နည်းနည်းလောက် မျှပါလား

    ReplyDelete
  2. စားစရာတွေ အများကြီးဘဲ... ပျော်စရာကြီး... အထုပ်တွေလဲအများကြီးး))

    ReplyDelete