ရုံး ၃ရက်ပိတ်တုန်း ဈေးတကာလှည့်သွားပီး ချက်ပြုတ်ကြော် စားတယ်
ကြာဇံဟင်းခါးက နယ်နယ် ရရ မဟုတ်ဘူး ဈေး ၃ မျိုးကနေ ၀ယ်ပီး ချက်ထားတာ :P
ဟင်းပေါင်းလုပ်ဖို့  ဖက်က တနေရာ အသားနဲ့  ကြက်သွန်မြိတ်က တနေရာ
ပူပူလောင်၂ ထဲ ဈေးဝယ်သွားပီး လုပ်ထားတာ
အမြင်မလှပေမယ့် အရသာတော့ရှိပါတယ် (ကိုယ့်ငါးချဉ် ကွကို ချဉ်ပလိုက်တယ်)
ကောင်းကောင်း မကောင်းကောင်း တယောက်သော သူမ လာတာကို အတင်းကျွေးလွှတ်လိုက်တယ်
ကဲ ကျန်သော ဘလော့ကြွလာ ပရိတ်သတ်အများလည်း အ၀သာ ငမ်းသွားကြပါ
ကြာဇံဟင်းခါး မှုန်ဝါးဝါး (စားချင်ဇောနဲ့ ရိုက်တော့ ၀ါးသွားတယ်)
ဝက်သားကြိတ်သားနဲ့ ကြက်သွန်မြိတ်နဲ့  ဖက်နံ့ မွှေး၂လေးဟင်းထုပ်
(ဆီချက် ငရုတ်သီးကြော်လေးနဲ့  တွဲစားရင် ကောင်းမှကောင်း)

ဂျပန်ဆိုင်က တန်ပူရာကြော်နဲ့ တူအောင် အားကြိုးမာန်တက် ကြော်ပါသော်လည်း ဖြစ်မလာတဲ့
ပုစွန် တန်ပူရာကြော် (အရသာကတော့ ကောင်းပါတယ် :P)
နောက်ဆို ဆိုင်ကနဲ့ တူအောင် ဖြောင့်၂စင်း၂ကလေးဖြစ်အောင် သွားကြားထိုးတံထည့်ကြော်မယ် ဟိဟိ
အောက်က ဒူးရင်းသီးကလည်း ရာဇ၀င်နဲ့ 
အဲ့နေ့ က တယောက်သောသူမက ဒူးရင်းသီး ၂ ဗူးဝယ်လာတာကို ရေခဲမုန့် နဲ့  အချိုတည်းတာကနေ ဇာတ်လမ်းစတယ် စားရင်းပြောရင်းနဲ့  ဒူးရင်းသီးကြိုက်တတ်တဲ့ အလတ်မလေးကို သတိယသွားတယ်
အဲ့အချိန် ဗူးထဲမှာ ဒူးရင်းသီးက တမွှာပဲရှိတော့တယ် ဒီတော့ ချန်ထား ရန်များတယ်ဆိုပီး စားပလိုက်ကြတယ်
ပီး သူလာရင် မပြောဖို့  ကွကိုပိတ်ပီး လာတော့ ကွကို ပြန်အကြွားကောင်းလိုက်တာ
သူမစားရလို့  ပြဿနာရှာတာနဲ့  ဒီင်္လောက်ဖြစ်တာ ဒူးရင်းသီးဆို တကြောပြတ်အောင်ဆိုပီး
ညီအမ ၃ ယောက် ဒူးရင်းသီးပေါရာ (ဈေးတော့မပေါ) ဂေလန်းကို ချီတက်ပီး သွားစားတယ်
တခါမှမရောက်ဖူးတော့ ရောက်ဖူးသွားအောင် သွားရင်း စားကြတယ်
တကီလိုကို ၁၂ ကျပ်တန် ဂေလန်းက ၃၄ ဒေါ်လာတန် ဒူးရင်းသီး
၁ ကီလို ၁၈ကျပ်နဲ့  ၃၂ ဒေါ်လာတန် စပါယ်ရှယ်ဒူးရင်းသီး
စုစုပေါင်း ၆၆ ဒေါ်လာ နဲ့  အရသာကလည်း စပါယ်ရှယ် အနံ့ ကလည်း စပါယ်ရှယ် ဈေးကလည်း စပါယ်ရှယ်
စားရင်းနဲ့  လည်ပင်းတွေပူ ခေါင်းတွေတောင်ကိုက်လာလို့  အပြေးအလွှား
မင်းဂွတ်သီးတွေဝယ်ပီး မြန်၂စားလိုက်ရတယ်
ဒူးရင်းသီးကတော့ ၂လုံးတည်း ဒါပေမယ့် တခါတည်း အနံ့ ရော အရသာကပါ ဘာနဲ့ မှမတူအောင် ကောင်းလွန်းလို့  တခါတည်း ဒူးရင်းသီးဆို အသံမကြားချင်ဘူးဖြစ်သွားတယ်
သူစား ငါစားနဲ့  စားရင်း ခေါင်းတွေကိုက်လာရော ဒါနဲ့  အပြန်မှာ မဟန်လို့ 
တက်ကစီငှားစီးပြန် အိမ်ရောက်တော့ လှုပ်တောင် မလှုပ်ရဲဘူး ခေါင်းတွေထိုးကိုက်ပီး ဦးနှောက်သွေးကြော ပြတ်သွားမစိုးလို့  တညလုံးလည်း အိပ်တောင်မရဘူး လည်ပင်းထဲက ချိုသလိုလို ပူလာသလို၂နဲ့ 
စားရတာ သွားရတာနဲ့  မကာမိအောင် ခံစားရတာနဲ့ 
ညီအမ ၃ယောက်လုံး ဒူးရင်းသီးဆို လော၂ဆယ် တကြောပြတ်သွားပေါ့
စားပီးမှာ နှမြောလိုက်တဲ့ ပိုက်ဆံ ဒီတော့
ဒီဇာတ်လမ်းရဲ့  တရားခံ တယောက်သောသူမဆီက ဒူးရင်းသီးဖိုး တ၀က်နဲ့  တက်ကစီဖိုး တ၀က်ပြန်တောင်းရမယ်

ကဲ တယောက်သော သူမတော့ မျက်ခုံးလှုပ်နေလောက်ပီ hh
ချက်ပေါင်းကြော် ဆိုတာ ဆီပေါင်းကြော်နဲ့တူလား..
ReplyDeleteဒူးရင်းသီးကိုအဲ့လောက်ကြီးမကြိုက်ဘူး စားရင်လည်းတမွှာလောက်ပဲ.. နံလာလို့..
ကြာဆန်ချက်
ReplyDeleteဟင်းပေါင်း
ပုစွန်တန်ပူရာကျော် အဲ့သုံးမျိုးကို အတိုကောက်ရေးထားတာ hh
ငါလည်း အဲ့လောက်မကြိုက်ဘူး ကလေးတွေပဲ စားတာများတယ်
ဟင်းထုတ်စားချင်တယ် မမပိုးးး shout3
ReplyDeleteစားချင်ရင် လုပ်ကျွေးမယ် လာခဲ့
ReplyDeleteဖုန်းကြိုဆက် မှိုပါပေါင်းကျွေးမယ် hh
နောက်လ သေချာပေါက် လာမှာ ဖုန်းဆက်လိုက်မယ် ok??
ReplyDeleteမှိုပေါင်းလည်း စားမှာနော် hh