ကောင်းသော သောကြာနေ့ ကစလို့  ရုံး ၃ ရက်ပိတ်တယ်
ပိတ်တော့မှ ကိုယ့်ဝါသနာကို သေချာပြန်ဆန်းစစ်မိတယ် ကိုယ်ပါတဲ့ ၀ါသနာကလည်း ငွေစက္ကူလေးတွေကို ကိုယ့်ဝါသနာနဲ့  လဲလှယ်တဲ့ဝါသနာ (ရှာစမ်းဟဲ့)
အရင်က စိတ်ထဲထင်တာ ငါကတော့ အင်ဂျင်နီယာဖြစ်လို့ သာဖြစ်တာ ကွန်ပျူတာ ၀ါသနာပါတာပဲပေါ့
နောက် လေတိုက်တိုင်း ပြောင်းနေသလားမသိပါဘူး စလုံးရောက်တော့ ငါ မြန်မာပြန်ပီး ဈေးရောင်းချင်လိုက်တာ (တကယ်က ဒီမှာ အလုပ်ရှင်ဖိအားပေးလို့  မွန်းကျပ်တိုင်း စိတ်ထွက်ပေါက် ကိုယ့်ဖာသာရှာပီး ဈေးရောင်းချင်တာ)
တကယ်တမ်းကျ သေသေချာချာပြန်တွေးတော့ ဈေးဝယ်ရတာ ၀ါသနာပါတာကိုး
ဒါကြောင့်လည်း ရှာသလောက်က ဘယ်ရောက်ကုန်မှန်းမသိတာ
ဒီဝါသနာရဲ့  အခြေခံကို ပြန်ဆန်းစစ်တော့မှ ငယ်ကတည်းက အမ်းမ (အဘွား) နဲ့  ဈေးလိုက်ဝယ်တာက အမြစ်တွယ်တာနေမယ် မွေးသမိခင်ကြီးကလည်း ဈေးဝယ်တာ ၀ါသနာပါတယ်
ဘယ်လောက်ဝါသနာကြီးလည်းဆို ဈေးတခါသွားရင် ပြန်ကို ပေါ်မလာတော့ဘူး ဈေးထဲ လျှောက်လှည့်ပတ်ပီး ၀ယ်နေတာ
ရန်ကုန်အိမ်က ဈေးနဲ့ နည်း၂လှမ်းတယ် ပီး ဈေးက ကုန်းအတက်မှာ ဒါကို မွေးသမိခင်ကြီးက ဒူးနာနေတဲ့ကြားထဲက အနည်းဆုံး တနေ့  ၂ခေါက်ပဲ တခါတလေဆို ၃ ခေါက်
နေပူကြီးထဲလည်း ကသာဖက်ကလာတဲ့ ၀ါးခမောက်ကလေးဆောင်ပီး တောက်၂ တောက်၂နဲ့  ဈေးတက်သွားရော (မနက်က ၀ယ်တာမေ့လာလို့ တဲ့လေ) တခါတလေ တမင်မေ့ချင်ယောင်ဆောင်လားတောင်မသိဘူး (ဈေးသွားချင်လို့ လေ)
ဒီမိခင်က မွေးတော့ ဒီသွေးကတော့ ပါလာတာပေါ့ နည်းနည်းတောင် မဟုတ်ဘူး သူ့ ထက်ကဲ ရွှေပြည်စိုးပဲ
ရန်ကုန်မှာအလုပ် လုပ်တုန်းကဆို ညီအမ၃ယောက် ရုံးဆင်းချိန်ဆို ဖုန်းဆက်ပီး ချိန်းကြတာ ရှော့ပင်ပတ်ဖို့ 
တခါတလေ ညီအမတတွေ ကတောက်ကဆဖြစ်ရင် ကိုယ်က စကားမပြောဘူး ၀စီပိတ်ကျင့်တယ်
အဲ့အခါများဆို ညီမတွေက အပြင်မှာ စကားမပြောရဲတော့ ဖုန်းဆက်ပီး မမရေ
ညနေ လှည်းတန်းဈေးဝင်ရအောင်လေဆို ကိုယ်က အေးအေး ဘယ်နားတွေ့ မလဲဆို ပြန်ပြောရော
ပီး ၃ ယောက်သား ဈေးကို ရှေ့ ပြန်နောက်ပြန် ပတ် ဟိုဟာ ဒီဟာဝယ် မိုးချုပ်လို့ ချုပ်မှန်းလည်းမသိဘူး
ဟော အိမ်ပြန်မယ်ဆို ၃ယောက်သား မျက်နှာငယ်လေးတွေဖြစ်လို့ 
အိမ်က အမြဲတမ်း ကားဂိတ်လာလာကြိုတာကိုး မိခင်ကြီးနဲ့  ဖခင်ကြီးက
အဲ့ဒါမေ့ပီး ဖုန်းမဆက်ဘာမဆက် ဈေးအပတ်ကောင်းကြတာလေ
အိမ်က တမျှော်၂နဲ့  ကားပဲတိုက်လို့ လား ဘာများဖြစ်လို့ လဲပေါ့
(ယောကျာ်းနောက်လိုက်သွားသလားလို့ များ တခါမှ ယောင်လို့ တောင်မထင်ကြဘူး)
၃ယောက်ပူးကြီးနောက်ကျတာကိုး ပီး သူတို့ သမီးတွေက မျက်နှာကြောတင်းတွေ ဒီတော့ အဲ့ဒါတော့စိတ်ချတယ်
အိမ်ပြန်ရောက်ရင် မုန့် ဟင်းခါးကို ဘူးသီးကြော် အိုးဘဲဥနဲ့  အစုံကိုစားရတာ အဲ့အခါများဆို မိဘတွေရှေ့  မျက်နှာငယ်လေးတွေနဲ့ ထိုင်ပီး ဟုတ်ကဲ့ နောက် မသွားတော့ပါဘူးပေါ့
(ရှေ့  မသွားဘူးလို့  ဘယ်တော့မှ မပြောဘူး ဟိဟိ)
ပီး သွားတာပဲ ကတိပေးကတည်းက နောက်ပဲ မသွားတော့ဘူးကတိပေးတာ
မြေနီကုန်းက ဂမုန်းပွင့် နဲ့  ဟိုတခါဗုံးပေါက်သွားတဲ့ကုန်တိုက်ဆို တပတ် ၄ ရက်လောက်ရောက်တယ်
ဗုံးပေါက်တဲ့နေ့ ကတောင် ကံကောင်းလို့ မပါတယ် မပေါက်ခင်နေ့ က သွားပီး
နောက်နေ့ ထပ်သွားမယ်ဆိုပီး မြေနီကုန်းမှာဆင်းတော့ လူတွေတရုန်း၂နဲ့  ဘာလဲလို့ မေးကြည့်တော့
ဗုံးပေါက်လို့ ဆိုမှာ တခါတည်း မရှိတဲ့ အမြီးတန်းနေတာပဲ ကားပေါ်တက်ပီး အိမ်ပြန်ပြေးတာ
ပုစွန်တောင် ကုန်စည်ပြပွဲတုန်းကလည်း ရုံးကနေလစ်ပီး သွားမယ်ပေါ့ လုပ်နေတုန်း မိုးကဖွဲ၂ရွာတော့ ခဏဆို စောင့်နေတုန်း ရုံးချုပ်က ဖုန်းဝင်လာတယ် ဗုံးပေါက်တယ်ဆိုပီး
တော်သေး မသွားဖြစ်တာ မဟုတ် သနားမှာတောင်မဟုတ်ဘူး ရုံးချိန်ကြီးလစ်သွားလို့  သေသွားတောင် နည်းသေးပြောမှာ :P
အဲ့ဒါတွေဖြစ်ကတည်းက မြန်မာမှာ ခြေငြိမ်သွားတာ စင်ကာပူရောက်တော့ မသွားချင်မှအဆုံး ရှော့ပင်မောတွေကြီးပဲ ဒီတော့ သာမီးတို့ အကြိုက် မွန်းလိုက်ပေါ့ သွားတယ် ၀ယ်တယ်
ကိုယ့်အတွက် မိခင်ဖခင်အတွက် မောင်လေးအတွက် အဒေါ် ဦးလေးအတွက် ၀မ်းကွဲတွေအတွက်နဲ့ 
အကြောင်းပြချက်မျိုးစုံနဲ့ ဝယ်တာများ ရှာရတဲ့ပိုက်ဆံ စုမိတယ်လို့ ကိုမရှိဘူး
ဘယ်လောက်တောင်ဝယ်သလဲဆို ၃ယောက် တယောက်တမျိုးဝါသနာဆိုတော့
ခုနေတဲ့အခန်းထဲဆို ကုတင်အောက် ဘေး ဗီရိုပေါ်ဆိုတာပုံနေတာပဲ
တခါတလေ ညအိပ်ရင်း စဉ်းစားမိတယ် ငတို့ နေတဲ့အခန်းတနေရာတည်း အောက်ကိုကျွံကျသွား မလားဆိုပီး လန့် တောင်လန့် တယ် အဲ့လို တယောက်တမျိုးဝယ်တာ
ကိုယ်က လျှပ်စစ်ပစ္စည်းနဲ့  ယောကျာ်းလေးရှပ်အကျီ အိပ်ယာခင်းလျှော့ပီဟေ့ဆို ၀ယ်ပီးသားပဲ
အလတ်မလေးက အ၀တ်အစား ဆန်းပီဟေ့ဆို ၀ယ်ပီးသား
ပေါက်စနလေးက မီးဖိုချောင်သုံး အိုးခွက်ပန်းကန်ဆို ၀ယ်ပီးသား
မွေးသမိခင် ဖခင်တို့ ဆို စလုံးကို ၃ခေါက်ရှိပီလာတာ ခုထိ ကိုယ်တွေဝယ်ထားတာတွေ
မြန်မာ ပြန်သယ်လို့ ကို မနိုင်ဘူး ဒီကြားထဲ လူကြုံက ရှိသေးတယ် ဒီတော့ နောက်ဆို အိမ်နဲ့ ဖုန်းဆက်ရင် ပါးပါးက စစချင်း သမီးတို့  ဘာဈေးချချ မ၀ယ်နဲ့ နော်က စပြောတယ် ဟိဟိ
ဒီတော့ ဈေးဝယ်တာရပ်သလားဆို မရပ်ပါဘူး ဒီတမျိုးမ၀ယ်ရတော့ နောက်တမျိုးပေါ့
လော၂လတ်၂စားတဲ့ အစားအသောက် အသီးအနှံကို ပိုဝယ်ပလိုက်တယ်
သောကြာညနေဆို မာဆလင်းက ရှမ်းဆောင်ကိုဝင်တယ် အခြောက်အခြမ်း ဘာ၂ညာ၂၀ယ်တယ်
စနေ မနက်ကို အိမ်နားက ဖဲပရိုက်သွားတယ် အသားငါးဝယ်တယ်
နေ့ လည် ၁ နာရီ နေပူပူလောင်၂ကြီးကို ညီအမ ၂ယောက် ထီးလေးဆောင်းပီး ကားဂိတ်သွား ကားနဲ့ 
အက်မလတီက ၀ပ်မားကပ်သွားတယ် အသီးအနှံတွေကို ဈေးချတာ အကုန်ဝယ်တယ်
ဒီလောက်သွားတာတောင် ကျန်နေရင် နောက်နေ့  ဖဲပရိုက်ထပ်သွားဝယ်တယ်
ဒီထက် ထပ်ပျင်းရင် ဆမ်ဘာဝမ်းထိသွား SSC က Giant သွားတယ် ၀ယ်တယ်
အိမ်ရှင်က ၃ယောက်အတွက် ရေခဲသေတ္တာ ၁လုံး သပ်၂ပေးထားတာလည်း
၁၂လမှာ ၂၄ နာရီလုံးပြည့်နေတာပဲ ချက်ပီးသား ကျန်လို့  ထည့်ကာနီးရင် နေရာလွတ်ရှာရတာများ
ကျားမြီးဆွဲတာထက်တောင် ခက်သေးတယ် ဒါလည်း ၀ယ်တာပဲ
ပီး မကုန် လွှင့်ပစ်ရတာက ၃ပုံ ၁ပုံ အမြဲပဲ ဒါလည်း မရှော့ဘူး
တခါတလေ ကိုယ့်ဝါသနာက ကိုယ့်ကို ဒုက္ခအတော်ပေးတာပဲ
ဒါပေမယ့်လည်း ပျော်နေတာပါပဲ
ကဲ နောက်မှပဲ ၀ပ်မားကပ်မှာ ဈေးဝယ်နည်း အသေးစိတ်ကို ရေးတော့မယ်
ခုတော့ ရေးတာ အတော်ရှည်နေပီ ပျင်းလောက်ရောပေါ့
အားလုံးပဲ ကိုယ်ဝါသနာပါရာလေးတွေနဲ့  စိတ်ပျော်ရွှင်နိုင်ပါစေ
ဝယ်နိုင်လိုက်တာမပိုးရယ်း)))
ReplyDeleteကိုယ့်ဘလော့ကိုမရောက်တော့ ခုမှမြင်တယ် ဟုတ်တယ်ညီမလေးဆု အခု ဒီရောက်သည်ထိဝယ်လို့ မဆုံးတပြုံး၂ဖြစ်ပီး အိမ်ပြောင်းတိုင်း အထုတ်ကြီးငယ်များလွန်းလို့ အခုလျှော့နေပါပီ :)
ReplyDelete