Wednesday, March 23, 2011

စွဲလမ်းခြင်း ပြဿနာ

တရုတ်နှစ်ကူးပီး မွေးသမိခင်ကျေးဇူးရှင်ကြီး မတ်လ ၁ ရက်နေ့ မှာ ပြန်သွားတယ်
ရှိတုန်းက တနှစ်တခါလာတဲ့ မိခင်ကြီးကို ခြေဆုတ်လက်နယ် ပြုစု ချက်ပြုတ်ကျွေးမွေးနေတာရယ်
အပြင်ကို နေ့ တိုင်းဈေးဝယ်ထွက် လျောက်သွားနေတာရယ်နဲ့  ဘလော့ကို မရောက်ဖြစ်ဘူး
ပီးတော့ မိခင်ကြီးက ကွန်ပျူတာဖွင့်ရင် ယူလာတဲ့ တရားခွေဖွင့်ခိုင်းပီး နာခိုင်း
ပီး တရားစာအုပ် ဖတ်ပြ ပြန်မေးဖြေလုပ်နေတာနဲ့  ဘလော့ကို အလိုလိုကျောခိုင်းမိသားဖြစ်သွားရော

မိခင်ကြီး ပြန်သွားတာနဲ့  နှစ်ကူးတုန်းက စားခဲ့ ၀ယ်ခဲ့ သွားခဲ့တာတွေကို
ဖေဖော်ဝါရီဒိုင်ယာရီ ဆိုပီး အခန်းဆက် ရေးမယ့်ဆိုတဲ့ အစီအစဉ်လည်း
ဘလော့မဖွင့်တာကြာတော့ အီးမေးလိပ်စာကော ပတ်စ်ဝပ်ပါ မေ့သွားရော ဟိဟိ
ဒါနဲ့  အခု ဖုန်းထဲကနေရော တခြားမေးလ်အကောင့်ထဲမှာ အပေါင်းအသင်းများ
လုပ်ပေးထားတဲ့ ဘလော့ရဲ့ အီးမေးလ်နဲ့  ပတ်စ်ဝပ်ကို မနည်းပြန်ရှာရတယ်

ခု တလော အိုင်ဖုန်းဖိုးနဲ့  စားသမျှ ဒါ့ပုံရိုက်ပီး ကြွားတဲ့ဖက်လျော့ပီး
ဂိန်းတွေကို အိုင်ကျွန်းကနေ ဒေါင်းပီး မအိပ်မနေ ဘယ်သွားသွား လက်ကမချ ကစားတဲ့ဖက် စိတ်ကရောက်နေပြန်ရော
တခုခုဆို စွဲစွဲလန်းလန်း ဖြစ်တတ်တဲ့ အစွန်းရောက်တဲ့ စိတ်ကြီးကိုလည်း မုန်းမိပါရဲ့ 
တခြားသူများတော့မသိဘူး ကိုယ်တိုင်ကမကောင်းတဲ့ဖက်ဆို စွဲလန်းတာအားကြီးတာပဲ

ဒါတောင် နှစ်ကူး မိခင်ကြီးကို ကာစီနိုလိုက်ပို့ ပီး ကစားမလား မိခင်ကြီးမေးပီး ကိုယ်တိုင်က လက်တယားယားနဲ့  ကစားချင်နေတာ မိခင်ကြီး အတင်းဆွဲခေါ်ထုတ်လို့ 
ဘဏ်ကဒ်လေး အလေးချိန်မလျှော့တာ

ကဲ အခုတော့ ဘလော့ဖက် ခြေဦးပြန်လှည့်လို့  ဂိန်းကစားခြင်းဆိုတဲ့ စွဲလန်းမှုကို
ဘလော့ရေးခြင်းဆိုတဲ့ စွဲလန်းမှုနဲ့  ပြန်ဖျောက်ရမယ်
ကဲ သယ်ရင်းတို့  ညက်စိနောက်ဖို့ ပြင်ထားပေတော့
ငါ စကြွားတော့မယ် အဲ ငါစပီး စားစရာတွေအကြောင်း ရေးတော့မယ်

ပုံ

တချိန်တခါက သင်တို့ ရဲ့ 
တောက်ညင်ကတ်လှစွာသော
အိုင်းဖုန်းဖိုးတလုံးတိတိနှင့် ဆိုနီအီရစ်ဆင်တလုံးတိတိပိုင်ရှင်
အကြွားတကာ့ထိပ်ခေါင်
ဆြာငတ်ဘွဲ့ ရ
မယ်မယ်ချ
ဘူသူရိုက်ထားတဲ့ပုံမှန်းမသိဘူး လှလို့  ခိုးထားတာ အဲလေ ကူးထားတာလေးကို သင်္ကြန်ရောက်တော့မယ့် အမှတ်တယအနေနဲ့  တင်ပေးလိုက်တယ်
ပုံပိုင်ရှင်ရေ အပြစ်တော်မယူပါနဲ့ 
ပိတောက်ပန်း ပန်ပါတယ်ဖျာ့ ( တောင်းက ပန်လို့ မှ မရတာနော့)

1 comment:

  1. စီကျမလာဘူး သများတို့ လွမ်းနေတာကို မယ်မယ်ငတ် ( အဲဒါ စတိခေါ်တာ သများခေါ်တာဟုတ်ဘူး )

    ReplyDelete