Friday, December 31, 2010

အမုန်းဆွဲခဲ့တဲ့ ပြေ့ ရဲ့  အကြို မွေးနေ့  စတင်းဘုတ်စားပွဲ

၃၀ရက်နေ့ ညနေကပေါ့
ဖုန်းတွေဆက်တယ် မတ်ဆေ့ပို့ တယ်
(အိုင်းဖုန်းဖိုးနဲ့  ဆက်တယ် ပို့ တယ်လို့  ပြောဘူးနော်)
ဘူးဂစ်ကိုသွားတယ်
ပီးတော့ ရွှေကတုံးဆိုင်ကို ချီတက်တယ် တန်းစီတယ်
(စစ်ရေးပြအခမ်းအနားမဟုတ်)
ကံကောင်းခြင်းတွေယူလာမယ့် မွေးနေ့ အတွက် လူက လပ်ကီး 7
ပေးတဲ့မွေးနေ့ လက်ဆောင်က
လပ်ကီးသစ်ရွက်လို့ ခေါ်တဲ့ 4 leave clover ဆွဲကြိုးလေးနဲ့  ဟန်းချိန်းလေး
ဒီလက်ဆောင်ပေးရတာလဲ ရာဇ၀င်နဲ့ 
မွေးနေ့ ရှင်က ရုံးသွားရင် ရိုး၂မသွားဘူး လမ်းဘေးက အဲ့လိုအပင်လေးတွေဆီကနေ သူများကံကောင်းမလားဆိုပီး 4 leave လေးတွေ ရှာရတာအမော
ဒီကြားထဲ ဘင်္ဂလားမြက်ရိတ်သမားက မြက်ရိတ်ရင်း အဲ့အပင်တွေလည်းပါသွားရော
သူလည်းဆွေးပီး ဖဘမှာတောင် note ရေးပီး ခံစားသွားတာ
(ပြေ့ ကံကောင်းခြင်းတွေ ဘင်္ဂလားကုလားနောက်ပါသွားခြင်းဆိုပီး)
ဒါနဲ့  ဒီလက်ဆောင်ပေးဖို့ စိတ်ကူးရလိုက်တာ
ခုတော့ သူ ဘင်္ဂလားဆီကနေလည်း ပြန်လုဖို့ မလိုတော့ဘူး

ကဲ စတင်းဘုတ်ဆိုင်အကြောင်း စားတဲ့အကြောင်း ပြန်ဆက်မယ်
တုန်ယမ်တခြမ်း ရိုးရိုးကြက်ပြုတ်ရည်တခြမ်းနဲ့ မှာတယ်
အအေးမျိုးစုံယူတယ်
ဂဏန်း ပုစွန် ငါး ငါးခေါင်း ခရု ၀က် ဘဲ  မှို ကန်စွန်း ပြောင်းဖူး မျှစ် ကြာဥ ကြက်ဥ
စားရသမျှ အမဲကလွဲလို့  အစုံယူတယ်
ထည့်တယ် ပြုတ်တယ် ပွက်မလို့ စတင်းဘုတ်အိုးလေးဆူမယ်ကြံရင် ပုစွန်အကွေး ငါးအနွေးဆိုပီး
ဝိုင်းနှိုက်စားတယ်
ထပ်ထည့်တယ် ပွက်မယ်ကြံရင် ပုစွန်အကွေး ငါးအနွေးဆိုပီး ၀ိုင်းနှိုက်တယ်
ဂလိုနဲ့  စတင်းဘုတ်အိုးများ ပွက်ပွက် မည်သံတောင် ကောင်းကောင်းမကြားလိုက်ရဘူး
ဝိုင်းနှိုက်တာခံရတာပဲ
ဒါတောင် ထည့်ပီး ချက်ချင်းမပွက်လို့  မီးရောရှိလား ဂက်စ်ကျန်သေးလားကြည့်ရတာအမော
ကဲကြာတယ်
ပုံနဲ့ တကွ သက်သေပြမယ် လာလေရော့


ပွက်မလာနိုင်တဲ့ စတင်းဘုတ်အိုးနဲ့  အသားငါး အသီးအနှံတွေ

ပုံတွေများကြီးတင်ခြင်ပေးမယ့် ဘာဖစ်မှန်းမသိဘူး တင်မရ
ဒီပုံတွေက အိုင်ဖုန်းဖိုးနဲ့ ရိုက်တာမဟုတ်ဘူး
သူတို့ ရှေ့  ထုတ်ကိုမထုတ်ရဲဘူး မတ်စိပို့  အမ်အမ်အက်တွေပို့ လွန်းလို့ 
တောက်ညင်ကတ်ပီး စတင်းဘုတ်အိုးထဲ ပစ်ထည့်ပီး အိုင်ဖုန်းဖိုးပြုတ်ဆိုပီး စားမစိုးလို့ 
ခုပုံတွေက တယောက်သောသူမ အသစ်စက်စက်ဝယ်ထားတဲ့
နီကွန်ကင်မလာအကောင်းစားနဲ့ ရိုက်ထားတာ
ကဲ စားပီးသောက်ပီး နောက်ဆုံးပိတ် ဖရဲသီးစိတ်နီနီရဲရဲကို ၃ ခါလားယူပီးစားကြတယ်

ဆုတောင်းကြမယ် မွေးနေ့ ရှင်အတွက်
တကယ်က မွေးနေ့ က ၂၀၁၁ ဇန်န၀ါရီမှ ခုက လူစုံတုန်း ကြိုကျွေးထားတာ
အားလုံးကိုယ်စားဆုတောင်းပေးမယ်
၂၀၁၁ မှာ တစ်မနေပဲ အရာအားလုံးပွင့်လန်းလို့  မင်္ဂလာ့ မင်္ဂလာတွေထပ်ပါစေ
ဒီထက်လည်း အလှတွေတိုးလို့  စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်စုံပါစေ
ဒိထက်မက လှူနိုင်တန်းနိုင် ကုသိုလ်ယူနိုင်ပါစေ
အလုပ်မှာလည်း လခတွေတိုးလို့  ဘောနပ်များများရပါစေ
(ဒါမှ ထပ်စားရမှာ)
မိဘဆွေမျိုးများပေါ်မှာ သိတတ်လိမ်မာသော အမျိုးကောင်းသမီးဖြစ်ပါစေ
ရှေ့ ဆက်လျှောက်မယ့် ဘ၀လမ်းမှာ ချစ်သောသူ မြတ်နိုးသောသူနဲ့ တွေ့ ဆုံလက်တွဲနိုင်ပါစေ
(ဒီဆုတောင်းတော့ အတော်သဘောကျမယ်)

ကဲ ဘိုလိုပါ ထပ်ဆုတောင်းပေးမယ်

HAPPY BIRTHDAY & HAPPY NEW YEAR TO PYAY
WISHING YOU ALL THE BEST
ALWAYS PRETTY AND HAPPY
WE LOVE YOU SO MUCH PYAY


3 comments:

  1. ပုံတွေများကြီးပို့ ပေးထားတာတောင် ဆိုဒ်လည်းသေးပေးထားသေးတာတောင် တင်မရအုံးဟယ် hit5

    ReplyDelete
  2. ကျေးဂျူးကမ္ဘာဆိုင်ယော

    (ဘယ်ဘာသာနဲ့ပြောတာလဲတော့ မသိ ကြားဖူးနေလို့ ဟိဟိ hh)

    ပြေ

    ReplyDelete
  3. ပြေ... မမပိုးး ပိုးမမ ဆုတောင်းပေးတဲ့ အတိုင်းးပဲ ထပ်ဆင့် ဆုတောင်းပေးလိုက်တယ် [4 coming bd] :)

    ReplyDelete